ရွှေဘိုတွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်သား ၃၀ ဦးခန့်thayဆုံး၊ မုံရွာတောပုရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို lat nat ကြီးများဖြင့် တိုက်ခိုက်

Local News

ရွှေဘိုတွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်သား ၃၀ ဦးခန့်thayဆုံး၊ မုံရွာတောပုရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို lat nat ကြီးများဖြင့် တိုက်ခိုက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ရွှေဘိုတွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်သား ၃၀ ဦးခန့်thayဆုံး၊ မုံရွာတောပုရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို lat nat ကြီးများဖြင့် တိုက်ခိုက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၃၀ ဦးခန့် thayဆုံးခဲ့ ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့

ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေး သိပ္ပံ ကျောင်းတွင် တပ် စွဲ ထားသော စစ်သားနှင့် ပျူစောထီး အင်အား ၁၃၀ ခန့်က ညောင်ပင်သာ ကျေး ရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ရာမှ တိုက်ပွဲ စတင်ဖြစ်ပွားခြင်း ဖြစ် ကြောင်း သိရသည်။

ညောင်ပင်သာကျေးရွာအတွင်းသို့ နိုဝင်ဘာလ ၂၉ ရက်နေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် လာစဉ် ဒေသ ကာကွယ် ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးခန့် thayဆုံး ခဲ့ကြောင်း သိရသည်။

 နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်

ဘိုတဲကုန်း ထိပ်နှင့် ကျီးကန်ရွာ အကြား ထပ်မံ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးခန့် ထပ်မံthayဆုံးခဲ့ကြောင်း သိရသည်။
ယင်းအပြင် ယင်းနေ့ နံနက် ၉ နာရီ ၃၆ မိနစ်ခန့်တွင် ဘိုတဲကုန်း ရပ်ကွက် အနောက်ဘက် ရဲစခန်းထိပ်တွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးခန့် ထပ်မံthayဆုံးခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ညောင်ပင်သာ အ.ထ.က စာသင် ကျောင်းရှေ့၌ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦးခန့် ထပ်မံ thayဆုံးခဲ့ကာ ဘိုတဲကုန်း ရပ်ကွက် အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက် ဆီးသွားကြောင်းသိရသည်။

စစ်တပ်ကို တိုက်ခိုက်ခဲ့ကြသည့် PDF တပ်ပေါင်းစုမှာ ရွှေဘိုခရိုင်ကွပ်ကဲရေး ၂ တပ်ရင်း ၄ ၊ FIRE Dragon (Khin U)၊ တိုက်နယ် ၁ ပ.က.ဖ၊ One Day Revolution Force (အရံတပ်ခွဲ ၂)၊ D.U.G.F (Khin U)၊ Night Hunter (Lpdf)၊ Dog Hunter (လက်နက်ကြီးအဖွဲ့)တို့နှင့် မဟာမိတ်များမှပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောပုကျေးရွာအတွင်း တပ်စခန်းချ ထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများ၏ ကင်းပုန်းရှိရာ နေရာများကို နိုဝင်ဘာ ၃၀ ရက်နေ့ ည ၉ နာရီအချိန်တွင် တာဝေးပစ် ၉၀ မမ၊ ၆၀ မမ၊ ၄၀ မမ lat natကြီး အလုံး ၅၀ ဖြင့် နေရာစုံမှ ပစ်ခတ်ခဲ့ကြောင်း၊ Area 71 Defense Force Monywa က သတင်းထုတ်ပြန်သည်။
“အဲဒီရွာကို‌ လေးဖက်လေးတန်က ဝိုင်းထုကြတာ အthayအပျောက်ရှိတယ်ဗျ။ စုံစမ်းနေတုန်းပါ” ဟု Area 71 အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သို့ ပြောကြားသည်။

တောပုရွာအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများ၏ ကင်းပုန်း တည်ရှိရာနေရာများသို့ PDF တပ်ဖွဲ့က ပစ်ခတ်သော lat nat ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီနှင့်အပေါင်းပါများက ကြောက်လန့်တကြားပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြကြောင်း၊ တော်လှန်ရေးရဲဘော်များက lat natကြီးနှင့် ကျည်ဆန်များ ကုန်သည်အထိ ပစ်ခတ်ခဲ့ပြီး အထိအခိုက် အကျအဆုံးမရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုကို Area 71 PDF Monywa ၊ Monywa Special ဒိတ်ဒိတ်ကြဲ ၊ Monywa Fighter group ၊ ဗန္ဓုလနှင့် အဖွဲ့သားများ၊ Urban Hunter Force (UHF) အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင် စီတပ်နှင့် ပျူစောထီးအthayအပျောက်စာရင်းကို စုံစမ်းဆဲ ဖြစ်ကြောင်း သိရှိရ သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။