ဦးကျော်မိုးထွန်းကို ကုလမှာ မြန်မာကိုယ်စားလှယ်အနေနဲ့ တစ်နှစ် ဆက်ထားမယ်

Local News

ဦးကျော်မိုးထွန်းကို ကုလမှာ မြန်မာကိုယ်စားလှယ်အနေနဲ့ တစ်နှစ် ဆက်ထားမယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဦးကျော်မိုးထွန်းကို ကုလမှာ မြန်မာကိုယ်စားလှယ်အနေနဲ့ တစ်နှစ် ဆက်ထားမယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ ဆက်ထားဖို့ ကုလကိုယ်စားလှယ်အရည်အချင်းစစ်ကော်မတီက ဆုံးဖြတ်လိုက်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားပြုခွင့်ကိုတော့ ကော်မတီဘက်က ဆိုင်းငံ့ထားဦးမှာဖြစ်တယ်လို့ ဗီအိုအေ သတင်းဌာနက သတင်းဖော်ပြပါတယ်။

ကုလသမဂ္ဂမှာ မြန်မာကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်လောင်းကို စစ်ကောင်စီဘက်ကလည်း အဆိုပြု ထားတာဖြစ်ပေမဲ့ ဘယ်သူ့ကိုရွေးချယ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို တစ်နှစ်ကြာ ဆိုင်းငံ့ခဲ့အပြီးမှာ အရည်အချင်းစစ်ကော်မတီက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းဟာ အာဏာသိမ်းမှုမဖြစ်ခင် သမ္မတ ဦးဝင်းမြင့်လက်ထက် ၂၀၂၀ ပြည့်နှစ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က သူ့ကို ဆက်ပြီးခန့်အပ်ခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ ဦးကျော်မိုးထွန်းဟာ မြန်မာကို ကိုယ်စားမပြုတော့ ဘူးလို့ ပြောသလို ကိုယ်စားလှယ် အသစ်ကို အရည်အချင်းစစ်ကော်မတီဆီ အဆိုပြုခဲ့တာပါ။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။