“Today’s Affirmation – 9 of Wands (Upright)”

Astrology

“Today’s Affirmation – 9 of Wands (Upright)”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့”Today’s Affirmation – 9 of Wands (Upright)”ဆိုတဲ့နေ့စဉ်တားရော့ကတ်အကြောင်းလေးပဲ ဖြစ်ပါတယ်။

Tarot Card Mockup

ဒီနေ့ကတ်လေးကိုမြင်တဲ့အခါမှာ အရှေ့တောင်ဖက်အရပ်ကိုလှည့်ပြီး “မကြာခင် အရာရာအဆင်ပြေတော့မယ်”ဆိုတာလေး Affirm လုပ်လိုက်စေချင်ပါတယ် ။
ဘဝတိုက်ပွဲတွေ ၊ လောကဓံတွေကို တစ်ယောက်ထဲရင်ဆိုင်ရင်း ပင်ပန်းစပြုပြီလား? စိတ်ပူမှာစိုးလို့အိမ်လည်းမပြောပြချင် ၊ ပျော့ညံ့တယ်အထင်မခံချင်လို့ ဘယ်သူမှရင်ဖွင့်ဖို့မတွေးပဲ တိတ်တိတ်လေးအဆင်ပြေအောင် လုပ်ယူနေတာလား?

ပထမဆုံးဒီကတ်လေးက ကိုယ့်မှာ Trust Issue တွေရှိနေကြောင်း ပြောပေးနေပါတယ် ။ ဟုတ်ရဲ့လား..? ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်လိုက်ပါ ။ ကိုယ်ပုံအပ်ယုံကြည်ခဲ့တဲ့ မိဘတွေကဖြစ်စေ ၊ ချစ်သူ ၊ မိတ်ဆွေအရင်းအခြာတချို့ကဖြစ်စေ ကိုယ့်ကိုစိတ်ပျက်စေခဲ့ပြီးနောက်ပိုင်းထဲက ကိုယ့်စိတ်ထဲဘယ်သူမှ မယုံကြည်ဖို့ရွေးချယ်ခဲ့တာကြာပြီ.. ။

တခါတခါတော့ ကိုယ့်ခြေကိုယ့်လက်ရပ်တည်ရင်းနဲ့ ဘယ်သူ့အပေါ်မှပုံအပ်မထားတာ အကောင်းဆုံးလို့ ကိုယ့်ဆုံးဖြတ်ချက်ကိုယ် ဂုဏ်ယူလေ့ရှိမယ် ။ ကိုယ်လုပ်နိုင်တာသေချာပါတယ် ၊ ဒီလိုပဲ တခါတရံစိတ်အားငယ်တာမျိုးလေးမှာလည်း ကိုယ့်စေတနာကိုမစော်ကားမယ့်သူ ၊ ကိုယ့် Dark Side နဲ့ အားနည်းချက်တွေကို မေးခွန်းမထုတ်ပဲ နားထောင်ပေးမယ့်သူ ၊ ဖက်ထားပေးမယ့်သူ ၊ အားပေးနှစ်သိမ့်ပေးမယ့်သူတော့ လိုချင်မိပြန်တယ် ။ ဒါပေမယ့် Trust Issue ကခံနေပြန်တော့ မဖြစ်သေးပါဘူးလေဆိုပြီး ပြန်ရုန်းထ ခရီးဆက်.. အောင်မြင်ဖို့လမ်းကြောင်းနဲ့ နီးလာပြီဆိုပေမယ့် မြိုသိပ်ထားတဲ့စိတ်ပင်ပန်းမှုကလည်း အနာရင်းစပြုပြီလေ ။

ဒီနေ့ကတ်လေးကတော့ ဒီလိုလူတွေအတွက် အဓိကရည်ရွယ်ပါလိမ့်မယ် ။ အဓိပ္ပါယ်က ကြံ့ကြံ့ခံခြင်း ၊ စိတ်ဓာတ်ခိုင်မာခြင်းကတစ်ဆင့် အောင်မြင်မယ် ။ ဆက်အားတင်းထားပါ ။ ကိုယ့်စိတ်ကခွင့်မပြုလို့ ကိုယ် Push လုပ်ခဲ့သူ ၊ မယုံကြည်ဖို့ရွေးချယ်ခဲ့သူတွေက (အများစု)ကိုယ့်အထင်အမှန်ပါပဲ ။ ကိုယ့်ကိုစိတ်ပျက်စေမယ့်အရေးက ကိုယ်ရှောင်လွဲနိုင်ခဲ့တယ် ။

ဒီနေ့ကတ်ကလေးက ပန်းတိုင်ဆိုတာထက် မှတ်ကျောက်လေးတစ်ခုနဲ့ပိုတူမယ် ။ ဘာဖြစ်လို့ဆို ဒီကတ်လေးကိုမြင်တဲ့သူတွေက ဒီတစ်တောင်ကျော်ပြီးလည်း နောက်ထက် Adventure တွေ ၊ အောင်မြင်မှုတွေ ဆာလောင်ဦးမယ့်သူတွေ ။ ဆက်သွားပါ.. ခရီးတစ်ထောက်လည်းနားပါ ။ ကိုယ်ကာကွယ်ချင်တဲ့သူတွေအတွက် တံတိုင်းကြီးတစ်ခုဖြစ်လာတော့မယ် ။

ကိုယ်ကျရှုံးဖူးတယ်လို့ ကတ်လေးကပြောပြသလို ဒီကျရှုံးမှုကတဆင့် ကိုယ်ရင့်ကျက်လာတာ ၊ အောင်မြင်ဖို့လမ်းစတွေပေါ်လာတယ်လို့လည်း ပြောပေးနေတယ် ။ 9 of Wands လေးကိုမြင်တဲ့အခါမှာ ကိုယ်လိုချင်တဲ့ပန်းတိုင်အတွက် အနိုင်ယူနိုင်တဲ့အားအင်တွေ ၊ အရည်အချင်းတွေ ကိုယ့်မှာရှိနေပါပြီ ။
လွယ်လွယ်လေးမဟုတ်ပေမယ့် ဘယ်တောင်ကိုမဆိုကျော်လွန်ဖို့ ကိုယ်အသင့်ဖြစ်နေပြီ ။ တစ်ချက်လေးမာန်တင်းပြီး ဖြတ်ကျော်ရုံပါပဲ ။ ကိုယ်နဲ့ထိုက်တန်တဲ့အနာဂတ်တွေ သက်တံ့တွေ မီးရှူးမီးပန်းတွေနဲ့ ကိုယ့်ကိုစောင့်ကြိုနေပါတယ် ။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။