2023 အတွက်ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ

Astrology

2023 အတွက်ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ 2023 အတွက်ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

2023 ထဲမှာ ကိုယ့်ဆီကို ဘယ်လိုမျိုး ကောင်းချီပေးခြင်းခံရမယ့် အရာတွေ ရောက်လာမလဲ?

2023 အတွက်ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ( Purple Sense Tarot )

Pile 1

Pile 2

Pile 3

 

 

 

 

 

 

 

 

 

Pile 1
ရုပ်ရည်သွင်ပြင်မှာဆိုရင်

အဓိက ကတော့ အသားအရည်ကောင်းမွန်လာတာတွေ့ရတယ်။အသားအရည်ကြည်လင်လာတာမျိုးပါ။ နောက်တစ်ခုကတော့ မျက်နှာသွင်ပြင် မျက်နှာထားက တစ်ဖက်လူကိူ ဆွဲဆောင်စေတဲ့ ပုံစံဖြစ်လာတတ်ပါတယ်။ အဝတ်အစား ဝတ်တဲ့ပုံစံ ဖက်ရှင်ပိုင်းဆိုင်ရာတွေပြောင်းလဲလာတာတွေ 2022 မှာကြိုက်တာတွေနဲ့ ကွဲပြားလာတာတွေကိုသိသိသာသာတွေ့ရပါတယ်။ မြန်မြန်ဆန်ဆန်ပြောင်းလဲတာမျိုး မဟုတ်ပေမယ့် တဖြည်းဖြည်းချင်း ပြောင်းလာတဲ့ပုံစံမျိုးပါ။အစားအသောက်စားတဲ့ စနစ်ပါပြောင်းလဲလာတာတွေ့ရပါတယ်။

စိတ်ပိုင်းဆိုင်ရာ အနေနဲ့ဆိုရင်

အတွေးတွေများလာတာတွေ့ရတယ်။ အထူးသဖြင့် အမြင်ကျယ်လာပြီး ကိုယ့်ဘဝမှာ ဘာတွေလုပ်ရမလဲ ဘယ်လိုရှေ့ဆက်ရမလဲဆိုတဲ့ခံစားချက်ပြင်းပြနေတတ်ကြပါတယ်။နောက်တစ်ခုကတော့ ကိုယ့်စိတ်က တိုးတက်လိုစိတ်တွေများပြီး အရမ်းရှေ့ရောက်ချင်တာမျိုးကြုံရတတ်ပါတယ်။တစ်ချို့ကတော့ နိုင်ငံရပ်ခြား ခရီးစဉ် /ပညာရေး ခရီးစဉ်အတွက် Plan ချနေကြတာတွေကိုတွေ့ရပါတယ်။ အပြောင်းအလဲတွေကိုမျှော်လင့်နေတတ်ကြပြီး ကိုယ်တိုင်ကလဲ စိတ်အပြောင်းအလဲ အရမ်းများနေတတ်ပါတယ်။မကောင်းတာကတော့ လုပ်ချင်တဲ့အရာ ဖြစ်ချင်တဲ့အရာတွေကိုစိတ်ကူးယဉ်ပြီး အရမ်းဖြစ်ချင်တယ် အောင်မြင်ချင်တယ် လူကတော့ထိုင်နေပြီ ပျင်းနေတာမျိုးဖြစ်တတ်ပါတယ်။ ထိုင်နေရုံနဲ့ ဘာမှဖြစ်မလာပါဘူး။လက်တွေ့လုပ်ပြီးအကောင်အထည်ဖော်ပါ။

Pile 2
ရုပ်ရည်သွင်ပြင်အနေနဲ့ မျက်နှာမှာတော့

ထူးထူးခြားခြား စန်းပွင့်စေတဲ့ပုံစံမျိုးတွေကြုံရတတ်တယ်။ ကိုယ့်အနားရောက်တဲ့အခါ ကိုယ့်ကိုတွေ့တဲ့အခါ ကိုယ့်ရဲ့လုပ်ပုံကိုင်ပုံတွေက ထူးခြားပြီး ဆွဲဆောင်နေတယ်လို့ တစ်ဖက်လူက ခံစားရစေရမှာပါ။နောက်တစ်ခုကတော့ အသားအရေမှာသတိထားစရာတွေတွေ့တယ် ဝက်ခြံပေါက်တာ အပူဖုပေါက်တာ Allergic ဖြစ်တာတွေကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိစေမယ်​့ 2023 ပါပဲ။ ကိုယ့်ရဲ့ စကားပြောပုံကလဲ အရင်နဲ့ မတူဘဲ ပြောင်းလဲလာတာ သတိထားမိပါလိမ့်မယ်။နောက်တစ်ခုကတော့ အရင်က အလုပ်ကိစ္စတွေ တစ်ခြားအရာတွေမှာ အလွဲလေးတွေဖြစ်နေတယ်ဆိုရင် 2023 မလွဲတော့ဘဲ အစစအရာရာအဆင်ပြေလာပါလိမ့်မယ်။

စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာတော့

လျှို့ဝှက်တဲ့စရိုက်တွေဖြစ်ပေါ်လာတတ်တယ်။ အရင်က ဆို ပွင့်ပွင့်လင်းလင်းနဲ့ကိုယ့်အမြင် သဘောထားကိုပြောပြတတ်တဲ့သူတစ်ယောက်က 2023 မှာကိုယ်ဖြစ်နေတာ ခံစားနေရတာကို သူများမသိအောင် ထိန်းသိမ်းလာတာတွေ့ရပါတယ်။နောက်တစ်ခုက တစ်ယောက်ထဲနေလိုစိတ်များလာတာလဲတွေ့ရတယ်။ ကိုယ့်ကို ဘယ်သူမှ လွှမ်းမိုးတာမခံဘဲ ကိုယ့်စိတ်တိုင်းကျနေတတ်တာမျိုးတွေးခေါ်လာတာမျိုးလဲတွေ့ရတယ်။ တစ်ခါတစ်ရံတော့ စိတ်မလွတ်မလပ်ဖြစ်တတ်ပါတယ်။ မိခင်/အဘွား/အစ်မ တစ်ဦးဦးက ကိုယ့်ကို လိုက်ကန့်သတ်တာမျိုးခံရတတ်ပါတယ်။

Pile 3
ရုပ်ရည်သွင်ပြင် အမျိုးသားတွေဆိုရင်

ခန့်ညားတဲ့မျက်သွင်ပြင်တစ်ခုကို သေချာပေါက် ပိုင်ဆိုင်လာရမယ့် 2023 ပါပဲ။ တည်ငြိမ်ပြီး အတော်ကိုကြည့်ကောင်းမှုတွေရှိနေမှာကိုတွေ့ရပါတယ်။ အမျိုးသမီးတွေကတော့ Body ပိုင်းထူးခြားတာတွေ့ရပါတယ်။ အထူးသဖြင့်ကိုယ်ခန္ဓာရဲ့ ရှိသင့်တဲ့အစိတ်အပိုင်းတွေ ဖွံဖြိုးလာပြီး အတော်ကို ဆွဲဆောင်မှုရှိစေမယ့် Body ဖြစ်စေမှာပါ။ နောက်တစ်ခုကတော့ ဆံပင်ပါ။ ဆံပင်အုံထူလာတာလဲတွေ့ရတယ်။ဆံပင်ကျွတ်တာနည်းသွားတာမျိုးပါ။ ကိုယ့်မျက်နှာကို တစ်ခြားသူက ကြည့်တဲ့အခါ အေးချမ်းတဲ့ ခံစားမှုကိုရရှိစေမှာပါ။ တစ်ချို့ကတော့ တွေးမိကြလိမ့်မယ်က မင်းက သူတို့နဲ့ မတူဘဲ နိုင်ငံခြားသူရုပ် လူမျိုးကွဲရုပ်လေးလို့ တစ်ချို့က ထင်မြင်ကြပါလိမ့်မယ်။

စိတ်ပိုင်းဆိုင်ရာမှာတော့

အရာရာကို စိတ်ထဲမှာ Plan ချပြီးသားပုံစံနဲ့ 2023 ကို ဆက်သွားမှာတွေ့ရတယ်။ ဘာအလုပ်ပဲလုပ်လုပ် သေချာလေးတွေးပြီး လုပ်တာတွေ့တွေ့ရတယ်။ မကောင်းတာကတော့ ကိုယ့် planတွေက လုပ်နေကြအရာတွေ ထပ်တလဲလဲဖြစ်နေတဲ့စာအုပ်ပုံသေနည်းအတိုင်းဖြစ်နေတတ်ပါတယ်။ နောက်တစ်ခုက လက်ရှိနေရာကနေ အတင်းကို ရှေ့ရောက်ချင်ပြီး ရုန်းထွက်ချင်တာတွေ့ရတယ်။ နောက်တစ်ခုကတော့ စိတ်နဲ့ပတ်သတ်လို့ သတိထားရမှာက ကိစ္စရပ်တစ်ခုမှာ ရွေးချယ်စရာကြုံတဲ့အခါမှာ ဘာကိူရွေးရမှန်းမသိတာတွေဝေတာတွေဖြစ်နေတတ်ပါတယ်။ကိုယ့်ကိုယ်ကိုယ်လဲ တစ်ခါတစ်ရံမှာ စည်းတွေဘောင်တွေကြားထဲပိတ်ထားသလိုဖြစ်နေတတ်ပါတယ်။ နောက်ပြီး ယုံကြည်မှုအားနည်းတာတွေဖြစ်နေတတ်ပါတယ်။

ရေးသားသူ – 𝗣𝘂𝗿𝗽𝗹𝗲 𝗦𝗲𝗻𝘀𝗲 𝗧𝗮𝗿𝗼𝘁

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။