ဒီဇင်ဘာလ ၂၆ ရက်နေ့ မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက်ဟောစာတမ်းများ

Astrology

ဒီဇင်ဘာလ ၂၆ ရက်နေ့ မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက်ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက်ဟောစာတမ်းများ

မိဿရာသီခွင် – Aries

ယခုအပတ်တွင် Aries ရာသီခွင်များ အနေနဲ့ ကျန်းမာရေး ပြဿနာများ သက်သာ ပျောက်ကင်း သွားပါလိမ့်မယ်။ ကျန်းမာရေးနှင့် ပက်သက်ပြီး မိမိကိုယ်ကို ဆင်ခြင် သုံးသပ်ပေးပါ။ သင့်ငွေကြေးကို ကော်မတီ သို့မဟုတ် တရားမ၀င်သော ရင်းနှီးမြုပ်နှံမှုတွင် ထည့်ထားခြင်းများကို ရှောင်ကြဉ်ပါ။

ရက်သတ္တပတ် အစပိုင်းတွင် သင့်ငွေနှင့် ပတ်သက်၍ သေချာပေါက် အာမခံနိုင်သော်လည်း အဆုံးတွင် သင့်ရွေးချယ်မှုများကို ချိန်ဆရပါမယ်။ ယခုအပတ်တွင် တစ်စုံတစ်ယောက်သည် သင့်မိသားစုဆီသို့ နေရာပြောင်းရွှေ့ ရဖွယ်ရှိပါတယ်။ သို့မဟုတ် သင့်နေထိုင်ရာ အရပ်ဒေသဆီသို့ ပြောင်းရန် စီစဉ်နိုင်ဖွယ်ရှိပါတယ်။ ဒါ့အပြင် သင့်မိသားစုဝင်များနှင့် အရေးကြီး‌သော အကြောင်းအရာများကိုပါ တိုင်ပင် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ယခုအပတ်တွင် Aries ရာသီခွင်များ အနေနဲ့ လုပ်ငန်းတာဝန် တစ်ခုထက် ပို၍ လုပ်‌ဆောင်နိုင်ဖွယ် ရှိပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများ တိုးလာနိုင်ပါမယ်။

ပြိဿရာသီခွင် – Taurus

Taurus ရာသီခွင်များ အနေနဲ့ ကျန်းမာရေး အနည်းငယ်ဆိုးဝါးမှုမှလွဲ၍ ယခုအပတ်တွင် ရောဂါကြီးကြီးမားမား ဖြစ်နိုင်ရန် အခွင့်အလမ်း နည်းပါးပါတယ်။ အိမ်တွင်း ကုသမှုကို အားမကိုးပါနှင့်။ ရာသီပေါ် ရောဂါတစ်ခုခု ဖြစ်လာပါက ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဆေးဝါးကို သုံးစွဲပေးပါ။ ယခုအပတ်တွင် ငွေကြေး ရင်းနှီးမြုပ်နှံမှုများကို မပြုလုပ်ခင် အသေအချာ စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ သင့်အား ‌ဒုက္ခရောက်စေရန် အကောက်ကြံစည်မှုများ ရှိနေနိုင်ပါတယ်။

Taurus ရာသီခွင်များသည် ယခုအပတ်တွင် အတိတ်က လျှို့ဝှက်ထားသော ကိစ္စရပ်နှင့် ပက်သက်၍ ပြဿနာအချို့နှင် ရင်ဆိုင်ရနိုင်ပါမယ်။ ဒါကြောင့် လျှို့ဝှက်ချက်များ မပေါ်ပေါက်လာခင် မိမိအမှားကို မိမိကိုယ်တိုင် ပြုပြင်ပေးဖို့ လိုအပ်ပါတယ်။ ယခုအပတ်တွင် အစုစပ်လုပ်ငန်း လုပ်ကိုင်နေသူများသည် လုပ်ဖော်ကိုင်ဖက်များနှင့် အလုပ်လုပ်နေစဉ်အတွင်း လိမ္မာပါးနပ်မှုနှင့် သိမ်မွေ့မှုကို ပြသရန် လိုအပ်ပါမယ်။ မဟုတ်ပါက သူတို့သည် သင့်အား တစ်နည်းနည်းနှင့် လှည့်စားနိုင်ပါတယ်။

မေထုန်ရာသီခွင် – Gemini

ဒီတစ်ပတ်မှာတော့ Gemini ရာသီခွင်များ အနေနဲ့ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေမယ့် အပြုအမှု၊ လှုပ်ရှားမှုများကို လုပ်ဆောင်ပေးရန် လိုအပ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေး ကောင်းမွန်‌စေရန် အတွက် အာဟာရရှိသော အစားအစာများနှင့် အစိမ်းရောင် အသီးအနှံများကိုလည်း စားသုံးပေး သင့်ပါတယ်။ ကုန်ကျစရိတ်များ တိုးလာနိုင်မည် ဖြစ်သော်လည်း သင့်မိသားစု သို့မဟုတ် အသိမိတ်ဆွေများ၏ အကူအညီများကြောင့် သက်သာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေးများကို ကောင်းမွန်သော စာရင်း၊ ဇယားများ ပြုလုပ်ကာ စနစ်တကျ သုံးစွဲပေးပါ။ သင်သုံးစွဲသည့် ငွေကြေးသည် အရေးကြီးသော အရာများ အတွက်သာ ဖြစ်သင့်သည်ကို သတိရပါ။

ယခု ရက်သတ္တပတ်အတွင်း သင့်ဖခင်၏ ကျန်းမာရေးတွင် ကောင်းမွန်သော အပြောင်းအလဲများ ရှိလာနိုင်ပါမယ်။ အိမ်တွင်း ကိစ္စများနှင့် အချိန်ကုန်ဆုံး‌နေရမယ့် အချိန်ကာလ ဖြစ်ပါတယ်။ ဒါကြောင့် သင်တို့ကြားတွင် နားလည်မှုများ တိုးတက်စေနိုင်ပြီး ကြီးမားသော ပံ့ပိုးကူညီမှုများကို ရရှိ‌စေမှာ ဖြစ်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer

စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ယခုအပတ်တွင် Cancer ရာသီခွင်များ အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုပါ ခံစားရနေ နိုင်ပါမယ်။ ပျော်ရွင်မှုများ ပျောက်ဆုံးနေ နိုင်ပါမယ်။ လုပ်ငန်းခွင်အတွင်း မကြာခဏ ဆိုသလို အဆင်မပြေမှုများကိုပါ ကြုံတွေ့ ရနိုင်ပါတယ်။ ယခုအပတ်တွင် စက်ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ ချို့ယွင်းမှုများကြောင့် ငွေကြေး ကုန်ကျမှုများ ရှိလာနိုင်ပါမယ်။ ဒါကြောင့် အစကတည်းက ဂရုစိုက်ပေးခြင်း‌က ပိုကောင်းပါလိမ့်မယ်။

ဒီတစ်ပါတ်မှာတော့ Cancer ရာသီခွင်များသည် စိတ်အလိုမကျမှုများ ရှိနေနိုင်ပါမယ်။ အလိုအလျှောက် ဒေါသကြီးနေ နိုင်ပါမယ်။အထူးသဖြင့် သင့်အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူရှေ့တွင် ဘာစကားမှ မပြောခင် သင့်စကားလုံးတွေကို သေချာရွေးချယ် ပေးရပါမယ်။ စိတ်လိုက်မာန်ပါ ပြောဆိုမှုများကြောင့် သင်တို့၏ ဆက်ဆံရေးကို မထိခိုက်စေပါနှင့်။ ဤကာလအတွင်း အလုပ်တွင် အပြောင်းအရွေ့များ သို့မဟုတ် ကောင်းမွန်သော အပြောင်းအလဲများ ရှိနေနိုင်ပါမယ်။ ဒါပေမယ့် အစကတည်းက သင့်ရဲ့ အထက်လူကြီးများနှင့် ဆက်ဆံရေးကို တိုးတက် ကောင်းမွန်အောင် ပြုလုပ်ပေးရန် လိုအပ်ပါတယ်။

သိဟ်ရာသီခွင် – Leo

Leo ရာသီခွင်များ အနေနဲ့ ယခုအပတ်တွင် ကျန်မားရေး လှုပ်ရှားမှုများ ပြုလုပ်ပေးပါက ရောဂါ၊ ဝေဒနာ တော်တော်များများ သက်သာ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် ပက်သက်ပြီး မိမိကိုယ်ကို ဆင်ခြင် သုံးသပ်ပေးပါ။ ယခု သီတင်းပတ်၏ အစတွင် သင့်အတွက် ငွေကြေးကိစ္စများ ကောင်းမွန်နိုင် နေသော်လည်း သီတင်းပတ်ကုန်တွင် အကြောင်းတစ်ခုခုကြောင့် ငွေကြေး သုံးစွဲမှုများ ရှိလာနိုင်ပါမယ်။ ငွေကြေး ပြဿနာများကြောင့် စိတ်အနှောက်အယှက် ဖြစ်‌ပေါ် ခံစား ရနိုင်ပါတယ်။ ဒါကြောင့် အစောပိုင်းကတည်းက ငွေကြေးကို မှန်မှန်ကန်ကန် စနစ်တကျ သုံးစွဲပေးပါ။

ယခုအချိန်သည် သင့်မိခင်၏ ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှားမှုများ၊ ယောဂ လေ့ကျင့်ခန်းများကို ပြုလုပ်ရန် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ ဒါ့အပြင် ညီအစ်ကို၊ မောင်နှမများ၏ အကူအညီကိုလည်း မကြာခဏ ရရှိပါလိမ့်မယ်။ ယခုအပတ်သည် Leo ရာသီခွင်များအတွက် ကံတရား အလွန် အားကောင်းနေပါမယ်။ သင့်ရဲ့ အသက်မွေးဝမ်းကြောင်းတွင် ကံကောင်းခြင်းများစွာ ကြုံတွေ့ရပါလိမ့်မယ်။

ကန်ရာသီခွင် – Virgo

Virgo ရာသိခွင်များ အနေနဲ့ ယခုတစ်ပတ် အတောအတွင်း ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။ ကျန်မာရေး လှုပ်ရှားမှုများ သို့မဟုတ် ယောဂ လေ့ကျင့်ခန်းများကို ပြုလုပ်ပေးပါ။ ရင်းနှီးမြုပ်နှံမှုဟောင်းမှ ငွေ‌ကြေးများ ရရှိနိုင်သော်လည်း အခြားသူများ၏ မလိုအပ်သော တောင်းဆိုချက်များကို ဖြည့်ဆည်းပေးခြင်းကြောင့် ဆုံးရှုံးမှုများစွာ ရှိနေနိုင်ပါမယ်။ ငွေကြေး ပြဿနာများနှင့်လည်း ရင်ဆိုင် ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ယခုအပတ်တွင် ငွေကြေးနှင့် ပက်သက်သော ကိစ္စရပ်တိုင်းကို စေ့စေ့စပ်စပ် တွေးတော ပေးရပါမယ်။ တခြားသူများကို အလွယ်တကူ မယုံကြည်ပါနှင့်။

ဒီတစ်ပတ်မှာတော့ Virgo ရာသိခွင်များသည် မိသားစုဝင်များရဲ့ အရေးကြီးသော ကိစ္စရပ်များအတွက် ပါဝင်ကူညီ ပေးရပါလိမ့်မယ်။ လက်ဝတ်ရတနာ သို့မဟုတ် အိမ်သုံးပစ္စည်းများ ဝယ်ယူရန် ငွေကြေး သုံးစွဲမှုများလည်း ရှိနေနိုင်ပါမယ်။

တူရာသီခွင် – Libra

Libra ရာသီခွင်များ အနေနဲ့ ယခုအချိန်ကာလတွင် အဆီများသော အစားအစာများကို ရှောင်ကြဉ်ပေးပါ။ သင့်တင့် မျှတသော ကျန်းမာရေး လုပ်ရိုးလုပ်စဉ်များကို ပြုလုပ်ပေးပါက အဝလွန်ခြင်းကို လျှော့ချရာတွင်လည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ယခုသီတင်းပတ်အတွင်း တစ်စုံတစ်ဦးသည် အစီအစဉ်သစ် တစ်ခုဖြင့် ရောက်ရှိလာနိုင်ပြီး သဘောတူညီချက် အသစ်များ၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အကြံဉာဏ် ပေးနိုင်ပါတယ်။ ထိုသို့ အခြေအနေမျိုးတွင် မလိုအပ်ဘဲ မိုက်မဲ‌သော အလုပ်ကို မလုပ်ပါနှင့်။ အလျင်စလို ဆုံးဖြတ်ချက်များ ချမှတ်တတ်ခြင်းကို ရှောင်ကြဥ်ပါ။ အလောကြီးစွာ လုပ်ဆောင်ခြင်းက မျှော်လင့်ထားသော အကျိုးကျေးဇူးများကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

ယခုအပတ်မှာတော့ သင့်ကလေးများ၏ အောင်မြင်မှုများအတွက် ဂုဏ်ယူနေမှာ ဖြစ်ပါတယ်။ ပျော်ရွင်နေရမှာ ဖြစ်ပါတယ်။ သင့်ခံစားချက်များကို ဖုံးကွယ်ထားမယ့်အစား သင့်ကလေးများအား ဖော်ပြနိုင်ရန် ကြိုးစားပေးပါ။ ယခုအပတ်တွင် ကုန်သည်များအ‌နေနဲ့ လုပ်ငန်းနှင့် ပတ်သက်သည့် မည်သည့် အကြောင်းအရာကိုမျှ မျှဝေခြင်းများ မပြုလုပ်ပါနှင့်။

ဗြိစ္ဆာရာသီခွင် – Scorpio

Scorpio ရာသီခွင်များ အနေနဲ့ ယခုအပတ်တွင် မကြာခဏ ဆိုသလို ခေါင်းကိုက်ခြင်း ဝေဒနာကို ခံစားရ နေနိုင်ပါမယ်။ သင့်မိသားစုဝင် ကလေးများ အပေါ် လည်း မလိုအပ်ဘဲ အလိုအလျှောက် ဒေါသကြီးနေ နိုင်ပါတယ်။ မိသားစုဝင်များနှင့် ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်စိတ်ကို တည်ငြိမ်အောင် တရားထိုင်ပေးပါ။ ယခု ရက်သတ္တပတ် အစောပိုင်းကတည်းက ငွေကြေး စုဆောင်းရန် စဉ်းစားပါ။အိမ်ထောင်စုဝင်များနှင့် တိုင်ပင် ဆွေးနွေးပေးရပါမယ်။ မဟုတ်ပါက သီတင်းပတ်အကုန်တွင် ငွေကြေးအခက်အခဲကြောင့် ပြဿနာများစွာ ဖြစ်ပေါ်လာ နိုင်ပါတယ်။

ယခုအပတ်တွင် Scorpio ရာသီခွင်ထဲမှ အိမ်နှင့် ဝေးကွာနေကြသူများသည် အထီးကျန်နေ နိုင်ပါတယ်။ ယခုအချိန်တွင် မိသားစုနှင့် ဝေးကွာနေ ရသော်လည်း သူတို့၏ ချစ်ခြင်း မေတ္တာများကြောင့် အချိန်တိုင်းတွင် အနားမှာ ရှိနေသလို စိတ်ခံစားမှုများ ရှိနေပါလိမ့်မယ်။ ဒါ့အပြင် မှန်ကန်‌သော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း ကူညီပေးပါလိမ့်မယ်။ ယခုအပတ်မှာတော့ Scorpio ရာသီခွင်များသည် လုပ်ငန်းခွင်အတွင်း အလုပ်ပြီး‌မြောက်အောင် လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိပါတယ်။

ဓနုရာသီခွင် – Sagittarius

ယခုအပတ်တွင် Sagittarius ရာသီခွင်များ အနေနဲ့ ကျန်းမာရေး အားနည်းမှုတို့ကြောင့် မိမိကိုယ် မိမိ ယုံကြည်မှုများ ပျောက်ဆုံးနေ နိုင်ပါတယ်။ ဒါပေမယ့် အခြေအနေကို ထိန်ချုပ်နိုင်ဖို့ ကြိုးစားလိုက်တာနဲ့ အမျှ သင့်ရဲ့ တုန်လှုပ်မှုတွေ ကွယ်ပျောက် သွားပါလိမ့်မယ်။ ပြဿနာများစွာနှင့် ဝန်းရံခံ ထားရတယ်လို့ သင့်စိတ်ရဲ့ လှည့်စားမှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် ယုံကြည်မှုရှိရှိနှင့် သင့်ကျန်းမာရေးကို အမြဲသတိထားပေးပါ။ လုပ်ငန်းရှင်များသည် ယခုအပတ်အတွင်း ယခင်ရက်များက ပေးဆောင်ခဲ့သော စရိတ်စကများကြောင့် ငွေကြေး အဆမတန် လိုအပ်နေနိုင်ပါမယ်။ ကိုယ်ကျိုးစီးပွား လုပ်ငန်းများအတွက် ဆိုးဝါးသော အချိန်ကာလ တစ်ခု ဖြစ်ပါတယ်။

ယခုအပတ်မှာတော့ သင့်ဘဝရဲ့ မတူညီသော နယ်ပယ်များအတွင်း အတက်အကျများကြောင့် စိတ်ဒေါသ ဖြစ်လွယ်နေပါမယ်။ သင့်ရဲ့ တင်းမာသော သဘောထားများကြောင့် မိသားစုဝင်များနှင့်ပါ ငြင်းခုံမှုများကို ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့ အငြင်းပွားမှုများသည် ရင်းနှီးသော သူငယ်ချင်း၊ မိတ်ဆွေအချို့နှင့် ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ ယခုအပတ်တွင် သင့်အပြောအဆို ကြမ်းတမ်းမှုတို့ကြောင့် လုပ်ငန်းခွင်အတွင်း အသုံးမဝင်သော သို့မဟုတ် အသေးအဖွဲ့ ကိစ္စများအတွက် အခြားသူများနှင့် စကား အချေအတင် ပြောဆိုမှုများ ရှိနေနိုင်ပါမယ်။‌

မကာရရာသီခွင် – Capricorn

Capricorn ရာသီခွင်များသည် ယခုအပတ်အတွင်း မိမိကိုယ် မိမိ ကြံ့ခိုင်‌နေ‌စေဖို့ အများကြီး ရုန်းကန်နေစရာ မလိုအပ်ပါဘူး။ ကံကောင်းခြင်းများ ကြုံတွေ့လာပါလိမ့်မယ်။ ဒါကြောင့် သင့်ကျန်းမာရေးကို ထိန်းသိမ်းရန် အနည်းငယ် အားစိုက်‌ပေးပါက သင့်ကိုယ်သင် ကျန်းမာအောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

ယခုသီတင်းပတ်အတွင်း သင့်ပစ္စည်းအချို့ ခိုးယူခံရနိုင်ခြေ ရှိပါတယ်။ သို့မဟုတ် တစ်စုံတစ်ဦးသည် သင့်ရဲ့ ယုံကြည်မှုကို ချိုးဖျက်ပြီး ပိုင်ဆိုင်မှုကို လုယူသွားခြင်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ အစကတည်းက သတိထားပြီး မည်သူ့ကိုမှ မျက်စိမှိတ် မယုံပါနှင့်။ သင့်ရဲ့ နွေးထွေး တက်ကြွသော အပြုအမူများကြောင့် သင့်ပတ်ဝန်းကျင်ရှိ လူများ၏ ချစ်ခင်နှစ်သက်မှုကို ရရှိစေပါမယ်။ အထူးသဖြင့် သင့်မိသားစုဝင်များ အကြား ပျော်ရွင် ချမ်းမြေ့စေမှာ ဖြစ်ပါတယ်။ သင့်မိဘများဆီမှ ချစ်​ခြင်း​ မေတ္တာ​များ ရရှိလာပါမယ်​။ ခေတ္တခဏ ရပ်နားထားသော အလုပ်များကို ပြန်လည် စတင်ရန် စီစဉ်နေပါက ယခုအပတ်တွင် အနည်းငယ် အဆင်မပြေမှုများနှင့် ကြုံတွေ့နိုင်ပါမယ်။

ကုမ်ရာသီခွင် – Aquarius

ယခုအပတ်မှာတော့ Aquarius ရာသီခွင်များသည် ပူဆွေးမှုများကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ကြုံတွေ့နိုင်ပါမယ်။ ဒါကြောင့် မိမိကိုယ်ကို ပျော်ရွင်နိုင်အောင် ကြိုးစားပေးပါ။ သင့်ဆီမှ ငွေကြေး ချေးငှားမှုများ ရှိနေနိုင်ပါမယ်။

ယခုအပတ်မှာတော့ အပိုအသုံးစရိတ်များ မရှိအောင် ဂရုစိုက်ပေးရပါမယ်။ သင် ဘာပဲလုပ်လုပ် သင့်ရဲ့ မိသားစုဝင်ကြားတွင် ပျော်ရွင်မှုများ ပျောက်ဆုံးနေနိုင်ပါမယ်။ ဒါကြောင့် မိမိကိုယ်ကို အပြစ်တင် ကျိန်ဆဲခြင်းထက် မိသားစုဝင်များကို အချိန်အနည်းငယ် ပေးခြင်းက ပိုကောင်းလိမ့်မယ်။ Aquarius ရာသီခွင်များ အနေနဲ့ လုပ်ငန်းခွင်တွင် အောင်မြင်မှုများနှင့် ကြုံတွေ့နိုင်ပါမယ်။ ဒါကြောင့် သင်လုပ်ခဲ့သည့် အလုပ်ကိစ္စများ အတွက် အခြားသူအား အကြွေးမယူ ပါစေနှင့်။ မဟုတ်ပါက သင့်လုပ်ငန်းခွင်တွင် အပျက်သဘော ဆောင်သော ဆုံးရှုံးမှုများ ရှိလာနိုင်ပါတယ်။

မိန်ရာသီခွင် – Pisces

ယခုအပတ်တွင် Pisces ရာသီခွင်များ အနေနဲ့ အိမ်ထောင်ဖက်၏ ကျန်းမာရေးကို အသေအချာ ဂရုစိုက်ပေးပါ။ ရုတ်တရက် ဖျားနာမှုတို့ကြောင့် မိသားစုငြိမ်းချမ်းမှုကို ထိခိုက်စေသည့် အပြင် ငွေကြေး ကုန်ကျမှုများပါ ရှိလာနိုင်ပါတယ်။ တခြားသူများအား ငွေကြေး ချေးငှားမှုများကို မပြုလုပ်ပါနှင့်။ မဟုတ်ပါက နောင်တချိန်တွင် ငွေကြေးကိစ္စနှင့် ပက်သက်ပီး အခက်အခဲများစွာနှင့် ကြုံတွေ့နိုင်ပါမယ်။ ဒါကြောင့် သင့်ငွေကို မှန်မှန်ကန်ကန် သုံးစွဲနိုင်ရန် မိသားစုဝင်များနှင့် တိုင်ပင် ဆွေးနွေးပါ။ တရားရုံးတွင် ရင်ဆိုင်‌နေရ‌သော အမှုဟောင်းတစ်ခုသည် သင့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် အားသာနိုင်ဖွယ် ရှိပါတယ်။ ဒါပေမယ့် အကောင်းဆုံး ကြိုးစားအားထုတ်မှုနှင့် စိတ်ရှည်‌ပေးဖို့တော့ လိုအပ်ပါတယ်။ ယခုအပတ်တွင် သင့်အာရုံကို ဆွဲဆောင်နိုင်မည့် အကြောင်းအရာများစွာ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ သို့ပေမယ့် စိတ်ခံစားမှု နောက်လိုက်ကာ အလျင်စလိုဆုံးဖြတ်ချက် ချလိုက်ခြင်းသည် ဉာဏ်ကောင်းသော လုပ်ရပ် မဟုတ်ပေ။ မိုက်မဲ‌သော လုပ်ရပ်တစ်ခု ဆိုတာလည်း နားလည်ထား‌ပေးဖို့ လိုအပ်ပါလိမ့်မယ်။

ရေးသားသူ – Care Your Future – ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။