သူငယ်ချင်းသုံးယောက် အတူပျော်ခဲ့ဖူးတဲ့ အမှတ်တရတွေကို လွမ်းနေမိတဲ့ အဆိုတော် R ဇာနည်

Celebrity
သူငယ်ချင်းသုံးယောက် အတူပျော်ခဲ့ဖူးတဲ့ အမှတ်တရတွေကို လွမ်းနေမိတဲ့ အဆိုတော် R ဇာနည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူငယ်ချင်းသုံးယောက် အတူပျော်ခဲ့ဖူးတဲ့ အမှတ်တရတွေကို လွမ်းနေမိတဲ့ အဆိုတော် R ဇာနည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းများစွာကို သီဆိုထားပြီး ပရိသတ်ပေါင်းများစွာကို ပိုင်ဆိုင်ထားသူကတော့ ဝါရင့်အဆိုတော်ကြီး Rဇာနည် ပဲဖြစ်ပါတယ်။ သူကတော့ MRTV-4 ကထုတ်လွှင့်ပြသတဲ့The Voice Myanmar မှာ သီချင်းဆိုပြိုင်ပွဲမှာ နီနီခင်ဇော်၊ကျားပေါက်၊ရန်ရန်ချမ်းတို့နဲ့အတူဒိုင်အဖြစ်ပါဝင်ခဲ့ပါသေးတယ်။

သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီးတော့ ချစ်စရာကောင်းတဲ့ ကလေး၃ယောက်ရဲ့ဖခင်တစ်ဦးလဲဖြစ်ပါတယ်။ Rဇာနည် ဟာ ဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူတွေနဲ့ တတ်တတ်ကြွကြွပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ ကနဲ့တရားစွဲဆိုခံထားရပြီး လက်ရှိမှာတော့ ဘေးကင်းရာကို မိသားစုနဲ့အတူတိမ်းရှောင်နေရပါတယ်။

R ဇာနည် ကတော့ မြန်မာပြည်မှာစစ်အာဏာသိမ်းတဲ့နေ့မှစပြီး ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးထဲတွင် အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့်လဲပြည်သူတွေက ပိုမိုချစ်ခင်အားပေးကြတာလဲဖြစ်ပါတယ်။

အဆိုတော် R ဇာနည် ဟာအာဏာစတင်သိမ်းချိန်မှစပြီးတော့ အခက်အခဲများကိုရင်ဆိုင်ပြီးတော့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးစားအားထုတ်နေတာပဲဖြစ်ပါတယ်။

အဆိုတော် R ဇာနည် ဟာသူငယ်ချင်းသုံးယောက် အတူပျော်ခဲ့ဖူးတဲ့ အမှတ်တရတွေကို လွမ်းနေမိကြောင်းကို လွန်ခဲ့တဲ့ ၃ နှစ်က ဇေယျာသော် ၊ရန်ရန်ချမ်း တို့ပါဝင်တဲ့ Live လေးကို ပြန်လည်မျှဝေရင်း

“လွန်ခဲ့တဲ့ ၃ နှစ်က ၃ ကောင် လွမ်းတာကွာ ” လို့ R ဇာနည် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကြောင့် ပရိသတ်အားလုံးက စိတ်မကောင်းဖြစ်နေကြပါတယ်။ R ဇာနည် ရဲ့ ပိုစ်အောက်မှာတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဇေယျာသော်အတွက် ဝမ်းနည်းကြေကွဲနေကြတဲ့ ကောမန့်များစွာကို တွေ့ရပါတယ်။

ရေးသားသူ – Pya Zet News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။