ဒီပဲယင်းတွင် နေအိမ် ၃၇၀ လုံးကျော် မီးရှို့ဖျက်ဆီးခံရပြီး အသက် ၈၅ နှစ် အရွယ် အဘိုးအို နှစ်ဦးကို စစ်တပ်က မီးရှို့thetဖြတ်

Local News

ဒီပဲယင်းတွင် နေအိမ် ၃၇၀ လုံးကျော် မီးရှို့ဖျက်ဆီးခံရပြီး အသက် ၈၅ နှစ် အရွယ် အဘိုးအို နှစ်ဦးကို စစ်တပ်က မီးရှို့thetဖြတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒီပဲယင်းတွင် နေအိမ် ၃၇၀ လုံးကျော် မီးရှို့ဖျက်ဆီးခံရပြီး အသက် ၈၅ နှစ် အရွယ် အဘိုးအို နှစ်ဦးကို စစ်တပ်က မီးရှို့thetဖြတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဇန်နဝါရီလ ၁၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ဇန်နဝါရီလ ၃ ရက် နေ့မှ ၉ ရက်နေ့အထိ တစ်ပတ် အတွင်း နေအိမ် ၃၇၀ လုံးကျော်ကို စစ် ကောင် စီ တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၈၅ နှစ်အရွယ်အဘိုးအို ၂ ဦးကိုလည်း စစ်တပ်က မီးရှို့thetဖြတ်ခဲ့ ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ တာဝန်ခံကိုဖြိုးကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် ဒီပဲယင်းမြို့မှ ထွက်ခွာလာသော စစ်ကြောင်းက ဇန်န ဝါရီ လ ၃ ရက်နေ့တွင် ယင်းတွေကျေးရွာမှ နေအိမ် ၂ လုံး၊ ဇန်နဝါရီလ ၅ ရက်နေ့ တွင် စိုင်ပြင်မြို့ရှိ နေအိမ် ၁၀ လုံး၊ ဇန်နဝါရီလ ၆ ရက် နေ့တွင် ကြည် ရွာ မှ ဆန်စက် ၁ လုံး၊ ဘုရားထွက်ရွာမှ နေအိမ် ၁၀ လုံး၊ မကျည်းစောက် ရွာမှ နေအိမ် ၆၉ လုံး၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ဆပ်ပြာကျင်းရွာမှ နေအိမ် ၇၂ လုံး၊ ဘုတ်ရွာမှ နေအိမ် ၁၈၀ လုံး၊ ဇန်နဝါရီလ ၈ ရက် နေ့တွင် ဝန်းရံကျေးရွာမှ နေ အိမ် ၇ လုံး၊ ကုန်းရိုးရွာမှ နေအိမ်(စုံစမ်းဆဲ)၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် အင်း တိုင် လေးကျေးရွာမှ နေအိမ် ၁၀ လုံး၊ ချောင်းနားကျေးရွာမှ နေအိမ် ၁၀ လုံး စုစုပေါင်း နေအိမ် ၃၇၀ လုံးကို မီးရှို့ ဖျက် ဆီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေမီးရှို့လို့thayဆုံးသူက ဒီတစ်ပတ်ထဲအတည်ပြုလို့ရတာ အဘိုးအို နှစ်ဦးပဲရှိသေးတယ်၊ ချောင်းနားရွာနဲ့ အင်းတိုင်လေးရွာက ပြည်သူ ၆ ဦး ပျောက် နေသေးတယ်၊ အိမ်မွေးတိရစ္ဆာန်တွေthayတာလည်း မနည်းဘူး၊ အဆိုးဆုံး က ကောက်ရိတ်ချိန်ဖြစ်တဲ့ အတွက် စပါးတွေ၊ ကောက်လှိုင်း တွေမီးရှို့ခံကြတာ၊ အိမ်မွေးတိရစ္ဆာန်တွေလည်း မီးလောင်တဲ့အထဲပါသွားတာအများကြီးပဲ၊ ပြန် လည်ထူထောင်ရေး ဆန်နဲ့ ငွေအများကြီးလိုတယ်” ဟု ဒီပဲယင်း မြို့နယ် ညီနောင် များအဖွဲ့မှ တာဝန်ခံကိုဖြိုးကြီး ကရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

စစ်တပ်က အင်းတိုင်လေးကျေးရွာမှ အသက် ၈၅ နှစ်အရွယ် အဖိုး ဦးဝန်မြ နှင့် ဆပ်ပြာကျင်းကျေးရွာမှ အသက် ၈၄ နှစ်အရွယ် အဖိုး ဦးဖိုးတာတို့ကို မီးရှို့ thetဖြတ်ခဲ့ကြောင်း၊ အင်းတိုင်လေးကျေးရွာနှင့် ချောင်းနားကျေးရွာကို စစ်တပ် စစ်ကြောင်းက မီးရှို့နေစဉ် ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ဝင် ကင်းထောက် သတင်းတာဝန်ခံ ကိုမိုးတိမ်နှင့်အဖွဲ့(တပ်ရင်း – ၂၁ ) မှ ကျေးရွာအတွင်းဝင်ရောက်ကာ ကိုယ်ဝန်ဆောင် အမျိုး သမီး တစ်ဦးနှင့် အဘွားအိုတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

“စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာ အိမ်ခြေ ၃၅၀၀ ကျော်သွားပြီ၊ ပြည်သူ တွေလှူ ဒါန်းထားတဲ့ ဆန်ငွေတွေကို တစ်အိမ် ဆန် ၂ ပြည်၊ ငွေတစ်သောင်းနဲ့ ကူညီ ပေးထားတာ ရွာ ၁၆ ရွာပဲပြီးသေးတယ်၊ ယာယီတဲ တစ်လုံး ဆောက်ဖို့ တိုင် ၉ လုံး ၊ ဝါးထရံ လေးချပ်၊ ထန်းရွက်မိုးတဲတစ်လုံး ၂ သိန်းကျော်ကုန် ကျနေတယ်၊ ကျေးရွာတွေ မှာ တဲ ပြန်ဆောက်ဖို့ မလွယ်ဘူးဖြစ်နေတယ်” ဟု ဒီပဲယင်း မြို့နယ်ညီနောင်များအဖွဲ့မှ တာဝန်ခံကိုဖြိုးကြီးက ပြောသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။