ဇန်နဝါရီလ ၁၆ ရက်နေ့ မှ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင် ဟောစာတမ်းများ

Astrology

ဇန်နဝါရီလ ၁၆ ရက်နေ့ မှ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဇန်နဝါရီလ ၁၆ ရက်နေ့ မှ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ မှ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင် ဟောစာတမ်းများ
မိဿရာသီခွင် – Aries

 


ယခုအပတ်တွင် Aries ရာသီခွင်များ၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ကျန်းမာရေးအတွက် အပြုသဘော ဆောင်သော အပြောင်းအလဲများ ရှိနေပါမယ်။ ဤကာလအတွင်း ကိုယ်လက်လှုပ်ရှားမှုများကို တတ်နိုင်သလောက် ပြုလုပ်ပေးပါ။

အကယ်၍ အစိုးရကဏ္ဍတွင် လုပ်ကိုင်နေသည် ဆိုပါက ယခုအချိန်ကာလသည် အရေးကြီးသလို အခွင့်အလမ်းများလည်း ရရှိတတ်ပါတယ်။ အကျိုးကျေးဇူးများနှင့် အမြတ်အစွန်းများ ရရှိနိုင်ပါတယ်။ အလုပ်အကိုင် ပြောင်းရွေ့ရန်အတွက် ကောင်းမွန်သော အချိန်ကာလ မဟုတ်ပါ။ ရက်သတ္တပတ် အကုန်တွင် မိသားစုနှင့် သက်ဆိုင်သော အလုပ်များစွာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေနိုင်ပါတယ်။

ယခုတစ်ပတ်မှာတော့ Aries ရာသီခွင်များသည် ပရိုမိုးရှင်းနှင့် ပတ်သက်၍ အခွင့်အလမ်း များစွာကို ရရှိလာပါလိမ့်မယ်။ သို့သော် စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်များကြောင့် ရသင့်ရထိုက် သလောက် အကျိုးအမြတ်များ ရရှိနိုင်မည် မဟုတ်ပါ။

ပြိဿရာသီခွင် – Taurus

ခြေထောက်နာခြင်း၊ ညောင်းညာခြင်း၊ အဆစ်အမြစ် ကိုက်ခဲခြင်းများ ခံစားနေရပါက ယခုအပတ်တွင် သက်သာလာပါမယ်။ အထူးသဖြင့် အသက် ၅၀ ကျော် Taurus ရာသီခွင်များအတွက် အထူးကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။

အကယ်၍ အစိုးရကဏ္ဍတွင် လုပ်ကိုင်နေသည် ဆိုပါက ယခုအချိန် ကာလသည် အရေးကြီးသလို အခွင့်အလမ်းများလည်း ရရှိတတ်ပါတယ်။ အကျိုးကျေးဇူးများနှင့် အမြတ်အစွန်းများ ရရှိနိုင်ပါတယ်။

ဤကာလအတွင်း Taurus ရာသီခွင်များသည် လူမှုအဖွဲ့အစည်းများတွင် လေးစားမှုများ ရရှိနိုင်ပါမယ်။ သို့သော် ညီအကို၊ မောင်နှမတို့၏ ကျန်းမာရေးသည် အားနည်းနေ နိုင်သောကြောင့် ဂရုစိုက်ပေးပါ။ ကျန်းမာရေး အတွက် ငွေကြေး ကုန်ကျမှုအချို့ ရှိနေနိုင်ပါတယ်။ မိသားစုရေးရာ ကိစ္စရပ်များကို မိမိတတ်နိုင်သမျှ ကြိုးစား လုပ်ဆောင်ပေးပါ။ သို့မှသာ မိသားစု အတွင်း လေးစားမှုကို ရရှိစေမှာ ဖြစ်ပါတယ်။

မေထုန်ရာသီခွင် – Gemini

ယခုအပတ်တွင် Gemini ရာသီခွင်များသည် ကျန်းမာရေး ကောင်းမွန်နေပါမယ်။ အိပ်ရေးဝဝ အိပ်ပါ။ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်သော ကိစ္စများနှင့် ဝေးဝေး‌ နေထိုင်ပါ။

မိမိ၏ လက်ထဲတွင် ငွေကြေးများကို ထားရှိပါက အထွက်ငွေ ကြမ်းသော အချိန်ကာလဖြစ်၍ သတိထားပါ။ ဖြစ်နိုင်ပါက ဘဏ်တွင် ငွေကြေးများကို စုဆောင်းရန် အကြံပြုလိုပါတယ်။ သင့်မိဘများနှင့် ငွေကြေးဆိုင်ရာ တိုင်ပင် ဆွေးနွေးမှုများ ပြုလုပ်နိုင်ပါတယ်။ သို့မှာသာ နောင်တချိန်တွင် ငွေကြေး ပြဿနာများမှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

လူမှု‌ရေး လှုပ်ရှုားမှုများတွင် လူ့အဖွဲ့အစည်း၏ သြဇာကြီးသူ အများအပြားနှင့် ထိတွေ့ခွင့် ရရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခွင့်အရေး အားလုံးကို လက်လွတ်မခံပါနှင့်။ အကောင်းဆုံး အသုံးချနိုင်ရန် ကြိုးစားပါ။

ယခုအပတ်တွင် Gemini ရာသီခွင်များသည် လုပ်ငန်းခွင်အတွင်း မိမိ၏ အပြောအဆို၊ အပြုအမူများကို သတိထားပေးပါ။

ကရကဋ်ရာသီခွင် – Cancer

ယခုအပတ်တွင် Cancer ရာသီခွင်များသည် ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ အသီးအနှံများကို ပုံမှန် စားသုံးပေးပါ။ ဒါ့အပြင် မနက်ခင်း မိနစ် ၃၀ခန့် လမ်းလျှောက်ပေးပါက ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ ကျန်းမာရေး အတွက် အလေ့အထကောင်းများကို လိုက်နာ ကျင့်သုံးပေးပါ။

ယခုအပတ်တွင် Cancer ရာသီခွင်များသည် ငွေကြေး အကျိုးအမြတ် တချို့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ သို့သော် ပျော်ရွင်နိုင်မည် မဟုတ်ပါ။ မျှော်မှန်းထားသည့် အတိုင်း ရလာဒ်များ မရနိုင်ပါက စိတ်ပျက်မှု ကြီးကြီးမားမား ဖြစ်စေနိုင်ပါတယ်။ လောဘသည် သင့်အား ပူလောင်မှုကိုသာ ပေးစွမ်းနိုင်သည်ကို နားလည်ထား ပေးရပါမယ်။ ရသမျှနှင့် ရောင့်ရဲ တင်းတိမ် နေနိုင်အောင် ကြိုးစားပေးပါ။

ယခုအပတ်တွင် Cancer ရာသီခွင်များသည် တခြားသူများနှင့် ငြင်ခုံခြင်း သို့မဟုတ် တခြားသူများအား အပြစ်ရှာခြင်းမျိုးကို မပြုလုပ်ပါနှင့်။ သင်တို့၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ အပြုအမူ၊ အပြောအဆိုများကို ထိန်းချုပ်နိုင်ပါမှ သင့်ပတ်ဝန်းကျင် အတွင်း ပျော်ရွင်မှုကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

သိဟ်ရာသီခွင် – Leo

ယခုအပတ်တွင် Leo ရာသီခွင်များသည် မိသားစုဝင်တစ်ဦး၏ ကျန်းမာရေး ညံ့ဖျင်းမှုကြောင့် မကြာခဏ ဆိုသလို စိတ်ဖိစီးမှုများ ခံစားရတတ်ပါတယ်။

ငွေကြေး အခြေအနေအရ ဤကာလအတွင်း စိတ်လှုပ်ရှားစရာကောင်းသော အခြေအနေသစ်များနှင့် ကြုံတွေ့ရဖွယ် ရှိပါတယ်။ ထိုကိစ္စရပ်များမှ တဆင့် ငွေကြေး အကျိုးခံစားခွင့်များ ရရှိရုံ သာမက ဘဏ္ဍာရေးအခြေအနေသည် အရင်ထက် ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။

အကယ်၍ ဆွေမျိုးရင်းချာများနှင့် တွေ့ဆုံရန် စီစဉ်နေပါက ယခုသီတင်းပတ် အတွင်း တွေ့ဆုံနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့၏ နေရာဒေသသို့ သွားရောက် လည်ပတ်ရန် အခွင့်အရေးများလည်း ရရှိနိုင်သလို သူတို့သည်လည်း သင့်နေအိမ်သို့ လာရောက်လည်ပတ် နိုင်ပါတယ်။ ဒါကြောင့် သင်တို့ကြား ပျော်ရွင်စရာ ကောင်းသော အချိန်ကာလကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Leo ရာသီခွင် ကုန်သည်များ အနေနဲ့ လွန်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုကြောင့် ယခုအပတ်တွင် ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့ရ တတ်ပါတယ်။

ကန်ရာသီခွင် – Virgo

ယခုတစ်ပတ် တစ်လျှောက်လုံး Virgo ရာသီခွင်များသည် ကျန်းမာရေး ပြဿနာများနှင့် ကြုံတွေ့ရနိုင်ပါတယ်။ ပျော်ရွင်မှုများ ပျောက်ဆုံးနေ နိုင်ပါတယ်။ ကျန်းမာရေးအတွက် ဆိုးဝါးသော အချိန်ကာလ ဖြစ်ပါတယ်။ မိသားစုဝင်များ အထူးသဖြင့် သင့်လက်တွဲဖော်၏ ကျန်မာရေးကို အထူး ဂရိုစိုက်ပေးပါ။

ယခုအပတ်တွင် Virgo ရာသီခွင်များသည် စီးပွားရေး အခြေအနေ ကျပ်တည်းမှုကြောင့် လက်ရှိ လုပ်‌‌ဆောင်နေသော လုပ်ငန်းတချို့ ရပ်တန့်သွား နိုင်ပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ပါက ဘဏ် သို့မဟုတ် နီးစပ်သူ အချို့ထံမှ ငွေကြေး ပံ့ပိုးမှုကို ရယူပြီး သင်၏ မပြီးဆုံးသေးသော အလုပ်များကို အပြီးသတ်ပါ။ မဟုတ်ပါက ဆုံးရှုံးမှု ကြီးကြီးမားမားနှင့် ကြုံတွေ့ရနိုင်ပါတယ်။

ယခုအပတ်တွင် မိသားစုဆိုင်ရာ ကိစ္စရပ်တစ်ခုကြောင့် သင့်အစီအစဉ်များ အားလုံးကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အိမ်တွင်းရေး ကိစ္စများနှင့် အချိန်ကုန်ဆုံးစေကာ မိမိအား အချိန်ပေးနိုင်မည် မဟုတ်ပါ။ ဒါကြောင့် Virgo ရာသီခွင်များ အနေနဲ့ မကြာခဏ ဆိုသလို စိတ်ထဲတွင် မလိုမကျမှုများ ဖြစ်ပေါ်နေတတ်ပါတယ်။ စိတ်ဒေါသ ဖြစ်လွယ်ပါတယ်။

ကိုယ်ပိုင် စီးပွားလုပ်ငန်း လုပ်ဆောင်ကြသူများ အနေနှင့် ဤကာလအတွင်း တိုးချဲ့မှုများကိုလည်း ပြုလုပ်နိုင်ပါတယ်။ သို့သော် အလွန်အကျွံ စွန့်စားခြင်းသည်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

တူရာသီခွင် – Libra

 

ယခုအပတ်တွင် Libra ရာသီခွင်များ၏ ကျန်းမာရေးသည် ပုံမှန်ထက် အနည်းငယ် ပိုကောင်းလာပါမယ်။ အထူးသဖြင့် ရက်သတ္တပတ် အစောပိုင်းတွင် ကောင်းမွန်‌နေ ပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာနေပါမယ်။ သို့သော် အရက် သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ မဟုတ်ပါက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ယခုအပတ်တွင် Libra ရာသီခွင်များသည် လူ့အဖွဲ့အစည်း၏ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်များစွာနှင့် တွေ့ဆုံမှုများ ရှိနေနိုင်ပါတယ်။ ထိုသူတို့၏ အတွေ့အကြုံများမှ သင်ယူခြင်းဖြင့် ဗျူဟာသစ်များ၊ အစီအစဥ်များကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ သင်၏ ငွေကြေးကို အနာဂတ်တွင် ပညာရှိရှိ ရင်းနှီးမြုပ်နှံရာတွင်လည်း အကူအညီ ဖြစ်စေပါလိမ့်မယ်။

ယခုအချိန် ကာလတွင် သင့်မိခင်၏ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ သင့်မိခင်နှင့် ကိုယ်လက် လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။ ဒါ့အပြင် ညီအကို၊ မောင်နှမများထံမှ မကြာခဏ အကူအညီများ ရရှိတတ်ပါတယ်။

ယခုအပတ်တွင် လုပ်ငန်းခွင်အတွင်း တိုးတက်မှုများ ရှိနေပါမယ်။ သို့သော် အပြုအမူ၊ အပြောအဆိုများကို အထူး ဂရုစိုက်ရန် အကြံပြုလိုပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio

ယခင်အချိန် ကတည်းက အဆစ်အမြစ် ကိုက်ခဲခြင်း သို့မဟုတ် ခါးနာခြင်းတို့ကြောင့် ဒုက္ခရောက်ခဲ့သော Scorpio ရာသီခွင်မှ သက်ကြီးရွယ်အိုများသည် ယခု ရက်သတ္တပတ် အတွင်း မှန်ကန်သော အစားအသောက်ကြောင့် ကျန်းမာရေး ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသုံးပါ။ ကိုယ်လက် လေ့ကျင့်ခန်းများကိုလည်း ပုံမှန် ပြုလုပ်ပေးပါ။

ဤကာလအတွင်း မလိုလားအပ်သော အသုံးစရိတ်အချို့ ရှိနေတတ်ပါတယ်။ ဝင်ငွေများ မှန်မှန်တိုးလာခြင်းကြောင့် အသုံးစရိတ်များကို စိတ်ပူရမည် မဟုတ်ပါ။ သို့သော် ဝင်ငွေနှင့် အသုံးစရိတ်များ အကြား မျှတအောင် ထိန်းသိမ်းထားရန် အလွန် အရေးကြီးပါတယ်။

ယခုအပတ်တွင် Scorpio ရာသီခွင်များ အနေနဲ့ မိတ်ဆွေများနှင့် ဆွေမျိုးများအပေါ် သင့်အမြင်များ အကောင်အထည် ဖော်ဆောင်ခြင်းများ မပြုလုပ်ရန် အကြံပြုလိုပါတယ်။ သင့်အတွက် အကျိုးမရှိစေသည့် အပြင် သင်တို့၏ ဆက်ဆံရေးကိုသာ ထိခိုက် ပျက်စီးစေနိုင်ပါတယ်။

ဓနုရာသီခွင် – Sagittarius

ယခုအပတ်တွင် Sagittarius ရာသီခွင်များသည် ကျန်းမာရေး ကောင်းမွန်‌သောကြောင့် မိမိကိုယ် မိမိယုံကြည်မှုများ တိုးလာပါမယ်။ သင့်မိသားစုဝင်များ၏ ကျန်းမာရေးကိုလည်း အထူးဂရုစိုက် ပေးရပါလိမ့်မယ်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ပုံမှန်စားသုံးရန် မမေ့ပါနှင့်။ အအေးစာများကို ရှောင်ကြဉ်ပေးပါ။

ယခုအပတ်တွင် ရင်းနှီးမြုပ်နှံမှုမှ သင်မျှော်လင့်ထားသလောက် အကျိုးအမြတ်ကို ရရှိမှာ မဟုတ်ပါဘူး။ သို့သော် သင့်ကို အတိုင်းအတာ တစ်ခုအထိ ကျေနပ်စေပါလိမ့်မယ်။ သင့်လုပ်ငန်းတွင် ရင်းနှီးမြုပ်နှံမှုများ ထပ်မံ ပြုလုပ်ရန် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်လျော်သော အစီအစဉ်များဖြင့် လုပ်ဆောင်ပါက အချိန်တိုအတွင်း သင့်အမြတ်ငွေကို နှစ်ဆ တိုးစေပါလိမ့်မယ်။

ယခုအပတ်တွင် Sagittarius ရာသီခွင်များသည် အိမ်တွင်းရေး ပဋိပက္ခ၊ ပြဿနာတို့ကြောင့် စိတ်ဓာတ် ကျဆင်းမှုများ ခံစားရနိုင်ပါတယ်။ မှားယွင်းသော အပြုအမူများကို မပြုလုပ်မိအောင် မိမိကိုယ်ကို ထိန်းချုပ်ပါ။ စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်းသည် ပြဿနာများကို ပိုမိုဆိုးဝါး စေပါတယ်။ ဒါကြောင့် မိမိဘက်မှ အမှားလုပ်မိတာမျိုး ရှောင်ကြဥ်‌ပေးပါ။

မကာရရာသီခွင် – Capricorn

ယခုအပတ်တွင် Capricorn ရာသီခွင်များ အနေနဲ့ ပျော်ပျော်ရွင်ရွင် ဖြတ်သန်းချင်ပါက ခေါင်မာခြင်းကို စွန့်လွှတ်လိုက်ပါ။ တခြားသူများနှင့် ဆက်ဆံရေးကိုလည်း ပျက်ပြား သွားစေနိုင်ပါတယ်။

သင့်မိဘများ သို့မဟုတ် သင့်လက်တွဲဖော်သည် ယခုအပတ်တွင် အရေးကြီးသော အလုပ်အတွက် သင့်ထံမှ ငွေကြေး တောင်းဆိုမှုများ ရှိနေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ငွေကြေး အခြေအနေသည် ခက်ခဲနေနိုင်ပါမယ်။

ယခုအပတ်တွင် Capricorn ရာသီခွင်များသည် မိသားစုရေးရာ ကိစ္စရပ်များကြောင့် စိတ်ဖိစီးမှုများ ခံစားရနိုင်ပါမယ်။ အဆင်မပြေသော အခြေအနေများကို အဆက်မပြတ် တွေးတောနေမည့် အစား ရဲရဲဝင့်ဝင့် ရင်ဆိုင်ပါ။ မိမိကိုယ်တိုင် ပြင်ဆင်နိုင်ရန် ကြိုးစားပါ။

ယခုအပတ်တွင် လုပ်ငန်းခွင် အတွင်း အခက်အခဲ၊ အတားအဆီးများနှင့် ကြုံတွေ့ရနိုင်ခြေ ရှိနေပါတယ်။ လိုအပ်ပါက အသိမိတ်ဆွေများထံမှ အကူအညီ ရယူပေးပါ။

ကုမ်ရာသီခွင် – Aquarius

ယခုအပတ်တွင် Aquarius ရာသီခွင်များသည် မကြာသေးမီက အဖြစ်အပျက် တစ်ခုခုကြောင့် ရင်ထဲတွင် ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေမှာ ဖြစ်ပါတယ်။

ယခုအပတ်တွင် ငွေကြေး ဆုံးရှုံးမှုများ ရှိနေတတ်ပါတယ်။ အထူးသဖြင့် ငွေပေးငွေယူနှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင် အတတ်နိုင်ဆုံး မိမိကိုယ် မိမိ သတိထားပေးပါ။ သို့မှသာ ဆိုးရွားသော အခြေအနေများစွာကို တွန်းလှန်နိုင်မှာ ဖြစိပါတယ်။

ယခုအပတ်တွင် Aquarius ရာသီခွင်များသည် မိသားစုဝင်များ၏ ရုတ်တရက် ကျန်းမာရေး ပြဿနာများကြောင့် စိတ်ဖိစီးစေပြီး စိုးရိမ်ပူပန်မှုများ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိမ်၏ သန့်ရှင်းမှုကို အစကတည်းက ဂရုစိုက်ရန် လိုအပ်ပါတယ်။ အိမ်တွင် အစပ်များသော အစားအစာများ ချက်ပြုတ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ဤကာလ တစ်လျှောက်လုံး လုပ်ငန်းခွင်တွင် ရလဒ်ကောင်းများ ထွက်ပေါ်လာ ပါလိမ့်မယ်။

မိန်ရာသီခွင် – Pisces

ယခုအပတ်တွင် Pisces ရာသီခွင်များသည် ကျန်းမာရေး ပြဿနာ အသေးအမွှားမှစ၍ ဂရုစိုက်ပေးပါ။ အိပ်ရေးဝဝ အိပ်ပါ။ ရေများများ သောက်‌ပါ။ အကယ်၍ ကျန်းမာရေး ပြဿနာ ဖြစ်ပေါ်လာပါက အိမ်တွင် ကုသမည့်အစား ဆရာဝန်နှင့် ချက်ချင်း ပြသပေးပါ။

ယခုအပတ်တွင် Pisces ရာသီခွင်များသည် မည်သူတစ်ဦး တစ်ယောက်ကိုမှ ငွေကြေး ချေးငှားခြင်းများ မပြုလုပ်ပါနှင့်။ ငွေကြေး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရနိုင်ပါတယ်။ အကယ်၍ မိသားစု စီးပွားရေး လုပ်ကိုင်‌နေပါက ယခု ရက်သတ္တပတ် အတွင်း ရလဒ်ကောင်းများ ရရှိနိုင်ပါတယ်။

ဒါ့အပြင် မကြာသေးမီက သင့်မိသားစုနှင့် လုပ်ငန်းတစ်ခု စတင်ခဲ့လျှင် ရင်းနှီးမြှုပ်နှံခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ပညာရှိစွာ တွေးခေါ်ရန် လိုအပ်ပါမယ်။ မိသားစုဝင်များနှင့် ဆက်ဆံရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ သူတို့၏ အကူအညီနှင့် မှန်ကန်‌သော ဆုံးဖြတ်ချက်များ ချပါ။

ယခုအပတ်တွင် လက်တလော ကြုံတွေ့ နေရသော ပြဿနာများကြောင့် စိတ်ရှုပ်ထွေးမှုများ ရှိနေနိုင်ပါတယ်

ရေးသားသူ – Care Your Future – ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။