ဗေဒင်ဆရာတို့၏ပညတ်တော်{၁၆}ပါး

Astrology

ဗေဒင်ဆရာတို့၏ပညတ်တော်{၁၆}ပါး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဗေဒင်ဆရာတို့၏ပညတ်တော်{၁၆}ပါး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဗေဒင်ဆရာတို့၏ပညတ်တော်{၁၆}ပါး

အဘဆရာကြီးဒေါက်တာမင်းသိင်္ခထံမှဗေဒင်ဆရာ ပညတ်ချက်များကို အောက်ပါအတိုင်းအာစရိယ ဝါဒအနေဖြင့်ကြားသိလိုက်နာခဲ့ပါသည်။

ရှေးရှေး ဆန်းပညာရှင် ဆရာကြီးများသည်လည်း ယင်းတို့၏ တပည့်သားမြေးများကို အောက်ပါအတိုင်း မဟောရန် ပညတ်တားမြစ်ထားခဲ့ လေသည်။

(၁) ကျေးဇူးရှိခဲ့ဖူးသူမှအပအခမဲ့ဟောပြောခြင်းမပြုရ ။
(၂) လမ်းဘေးပလက်ဖောင်းများမှာဟောပြောခြင်းမပြုရ ။
(၃)ဘုရားစောင်းတန်းမှာဆိုင်းခန်းနှင့်မဟုတ်ပဲဟောခြင်းမပြုရ ။
(၄)သုဿန်တစပြင်မှာဟောခြင်း၊#ဇရပ်တစောင်းမှာဟောပြောခြင်းမပြုရ ။
(၅)အနိဌလို့သတ်မှတ်တဲ့နေရာမှာဟောခြင်းမပြုရ ။
(၆)ဆန်းမဝင်တဲ့နေရာတွေမှာဟောခြင်းမပြုရ ။
(၇)အပျင်းပြေအပျော်တမ်းမေး၍#ဟောခြင်းမပြုရ ။
(၈)စမ်းသပ်တာကိုမခံချင်လို့ပြိုင်ပြီးဟောပြောခြင်းမပြုရ ။
(၉)လောဘဒေါသမောဟတစ်ခုခုလွန်ကဲပြီးဟောခြင်းမပြုရ ။
(၁၀)မေးသူအမြင့်ကထိုင်ပြီးဟောသူကအနိမ့်မှာထိုင်ကာဟောပြောခြင်းမပြုရ ။
(၁၁)မေးသူကခြေဆင်းထိုင်ပြီးမေးတာကိုဟောခြင်းမပြုရ ။
(၁၂)ညစ်ညမ်းတဲ့နေရာနိမ့်တဲ့နေရာမသန့်တဲ့နေရာမထိုင်သင့်တဲ့နေရာမှာထိုင်ပြီးဟောပြောခြင်းမပြုရ ။
(၁၃)ဆရာ့တိုင်လည်းညံ့မေးသူတိုင်လည်းညံ့နေရက်သားနဲ့ဟောပြောခြင်းမပြုရ ။
(၁၄)ဆရာ့ကံနဲ့ဟောသူကံမကိုက်ညီဘဲဟောပြောခြင်းမပြုရ ။
(၁၅)ဆရာ့နိမိတ်နဲ့မေးသူနိမိတ်တို့မကိုက်ညီဘဲဟောပြောခြင်းမပြုရ ။
(၁၆)ဆရာ့အခါနဲ့မေးသူအခါမကိုက်ညီဘဲဟောပြောခြင်းမပြုရ ။
ဟု ရှေးဆရာမြတ် အစဉ်အဆက်တို့ကရှောင်ကြဉ်ခိုင်းခဲ့ပါသည် ။
တကယ်၍ ဟောပြောမိခဲ့လျှင် ဆန်းပျက်ပြီး ဆရာ ပရိကံပါ ပျက်ရလေတော့၏ ။

ဘဝမှာတစ်ခါဘဲမေးခွင့်ရှိသောမသိစိတ်ဗေဒင် - San Thitsa

ထိုအခါဟောပြောချက်များမှားယွင်းပြီး ယတြာမစွမ်းဖြစ်ရလေတော့သည် ။ မည်သူမှ အကျိုးမရှိအချည်းနှီးပင်တည်း ။
အဘမင်းသိင်္ခသည် ဖျာပေါ်မှာ တင်ပလ္လင်ခွေထိုင်၍ စားပွဲခုံဖြင့်ပင်ဟောပြောခဲ့ပါ၏။
အမှန်စင်စစ် ဆန်းဗေဒင်ဆရာ မှ မဟုတ် ။

မည်သည့် နည်းစံနစ်ဖြင့် ဟောသော ဗေဒင်ဆရာ မဆို…

(က)ငါးပါးသီလကိုခါးဝတ်ပုဆိုးလိုမြဲမြံရမည်။

(ခ)ဝစီကံထိုက်မယ့်စကားကျိန်ဆဲသည့်စကားမျိုးလုံးဝမပြောရ ။

(ဂ)အများစိတ်ထဲညစ်ညူးသွားစေမည့်thayကိန်းတွေ့တာမျိုးကိုပင်လျှင်thayမည်ဟုအပြတ်မပြောရပေ။

(ဃ)အထူးသဖြင့် မုသားစကားကို မပြောရ ၊ ကောင်းတာ မြင်လျှက် ၊ မကောင်းဘူး ပြောခြင်း ၊ မကောင်းတာ မြင်လျှက် ကောင်းပါတယ် လို့ အကြိုက်လိုက်ပြောခြင်းတို့ကို ရှောင်ကြဉ်ရမယ် ။

(င)ဘဝင်မြင့်ပြီးဆရာတစ်ယောက်ပေါ်တစ်ယောက်ရှုံ့ချခြင်းစော်ကားခြင်းလူကြီးသူမဆရာသမားတွေကိုစော်ကားခြင်းကျေးဇူးရှိဖူးသူကို ပစ်မှားခြင်း၊ ပညာရပ်အပေါ်အထင်သေးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အလိုရမ္မက်ကြီးခြင်း မဖြစ်စေရ။
(စ)ရတနာသုံးပါးအားမပြတ်ကြည်ညိုလေးစားရမည်။

(ဆ)သတ္တဝါတွေအပေါ်မေတ္တာဘာဝနာပွားများနိုင်ရမည်။

(ဇ)ကျွဲသားနွားသားများကိုမစားရ ။

(ည) အောင်သွယ်လုပ်ခြင်းပွဲစားလုပ်ခြင်းချောက်တွန်းခြင်းဂုံးတိုက်ခြင်းရန်တိုက်ခြင်းများလုံးဝမလုပ်ရ။

အထက်ပါအချက်များကို လိုက်နာနိုင်လေလေ ဆရာပရိကံ မြောက်လေလေ ဖြစ်၏။

ထိုအခါ ဆန်းဝင်ပြီး ဟောသမျှမှန် ၊ ပေးသမျှ စွမ်းသော ဗေဒင်ဆရာ/ ဆရာမကောင်းများ ဖြစ်မည်မှာ မြေကြီးလက်ခတ် မလွဲအပ်သို့ပင်တည်း။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။