တရုတ်မိုးပျံပူဖောင်းကို အမေရိကန် F-22 တိုက်လေယာဉ်က ပစ်ချ

International News Local News

တရုတ်မိုးပျံပူဖောင်းကို အမေရိကန် F-22 တိုက်လေယာဉ်က ပစ်ချ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရုတ်မိုးပျံပူဖောင်းကို အမေရိကန် F-22 တိုက်လေယာဉ်က ပစ်ချ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အရေးပါတဲ့ တည်နေရာတွေကို ကင်းထောက်နေတယ်ဆိုတဲ့ တရုတ်မိုးပျံပူဖောင်းကို အတ္တလန္တိတ်သမုဒ္ဒရာပေါ်မှာ အမေရိကန်တိုက်လေယာဉ်က ပစ်ချခဲ့ပါတယ်။ F-22 တိုက်လေယာဉ်က AIM-9X Sidewinder ဒုံးကျည်နဲ့ ပစ်ချခဲ့တာပါ။

အမေရိကန် ရုပ်သံလိုင်းတွေရဲ့ မှတ်တမ်းတွေအရ မိုးပျံပူဖောင်းဟာ ပေါက်ကွဲပြီး သမုဒ္ဒရာထဲ ကျသွားတာတွေ့ရပါတယ်။ အမေရိကန် ကမ်းရိုးတန်းကနေ ရေမိုင် ၆ မိုင်ကွာဝေးတဲ့နေရာကို ကျသွားတာလို့ အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက ဆိုပါတယ်။

၇ မိုင်အကွာအဝေးအထိ ပြန့်ကြဲသွားတဲ့ မိုးပျံပူဖောင်းရဲ့ အပျက်အစီးအပိုင်းအစတွေကို အမေရိကန်စစ်တပ်က ရေတပ်သင်္ဘောနှစ်စင်းနဲ့ လိုက်လံဆယ်ယူလျက်ရှိပါတယ်။


အရပ်ဘက်ဆိုင်ရာ အသုံးပြုတဲ့ မောင်းသူမဲ့ မိုးပျံပူဖောင်းကို အမေရိကန်က အခုလို တိုက်ခိုက်ခဲ့တဲ့အပေါ် မကျေမနပ်ဖြစ်မိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။