ကိုယ့်ခံစားချက်ကို ဖော်ပြရခက်‌လေ့ရှိသည့် ရာသီခွင်များ

Astrology
ကိုယ့်ခံစားချက်ကို ဖော်ပြရခက်‌လေ့ရှိသည့် ရာသီခွင်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုယ့်ခံစားချက်ကို ဖော်ပြရခက်‌လေ့ရှိသည့် ရာသီခွင်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကိုယ့်ခံစားချက်ကို ဖော်ပြရခက်‌လေ့ရှိသည့် ရာသီခွင်များ

လူရယ်လို့ဖြစ်လာရင် ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေစတဲ့ ခံစားချက်တွေက ယှဉ်တွဲပြီးပါလာပါတယ်။ခံစားချက်ကို control လုပ်နိုင်တယ်၊ အကောင်းဘက် result တွေရအောင် ကိုယ့် ခံစားချက်တွေကို အသုံးချနိုင်တယ်ဆိုတာ စွမ်းရည်တစ်ရပ်ပါပဲ။

ဒါပေမဲ့ relationship တွေနဲ့ တချို့သော အခြေအနေတွေမှာ ကိုယ့်ခံစားချက်ကို ထုတ်ဖော်ပြသဖို့ လိုကိုလိုအပ်ပါတယ်။ယခု post မှာတော့ ခံစားတွေကို ဖော်ပြရခက်လေ့ရှိတဲ့ ရာသီခွင်တွေအကြောင်းကို ပြောပြပေးသွားမှာပါ။ ဒီရာသီခွင်တွေရဲ့ သဘာဝကို နားလည်ထားရင် အဆင်ပြေနိုင်ကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်

Cancer

Cancer တွေက ခံစားလွယ်တတ်ပေမဲ့ ခံစားချက်တွေကို သိုဝှက်လေ့ရှိပါတယ်။
သူတို့ဟာ ချစ်ခြင်းမေတ္တာကို ဖော်ပြရန်တုံဆိုင်းလေ့ရှိကြကာ ငြင်းပယ်ခံရမှာစိုး‌တာ‌ေကြာင့် ဖွင့်ဟပြဖို့ ထိန်းချုပ်ထားတတ်ကြပါတယ်။

Virgo

Virgo တွေဟာ တင်းမာခက်ထန်သယောင် ထင်ရပေမဲ့ နှလုံးသားနုကြပါတယ်။
သူတို့မှာ အခဖစ်တွေပြည့်နေပေမဲ့ ထိခိုက်နာကျင်ရမှာစိုးတာကြောင့် ခံစားချက်တွေကို သိမ်းထားလေ့ရှိပါတယ်တဲ့။

Scorpio

Scorpio တွေဟာ ခံစားချက်တွေနဲ့ပတ်သက်ရင် သိပ်ပွင့်လင်းလေ့မရှိပါဘူး။ သူတို့မှာ ခံစားချက်တွေ စုပြုံနေရင်တောင် မြိုသိပ်ထားတတ်ပါတယ်။
Scorpio တွေက သူတို့ရဲ့ခံစားချက်ကို လုပ်ရပ်‌ တွေနဲ့သာ ဖော်ပြတတ်ကြလို့ပါပဲ။

Capricorn

Capricorn တွေဟာ ချစ်ခြင်းတရားမှာ မျက်လုံးမရှိဘူးလို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် ခံစားခဖက်တွေဟာ အဆင်ခြင်မဲ့တယ်လို့ ယူဆတဲ့အတွက် သူတို့ရဲ့ ဘဝအောင်မြင်ရေး လမ်းကြောင်းပေါ်မှာ အနှောက်အယှက်ဖြစ်မှာစိုးတာကြောင့် ဖွင့်ဟမပြဘဲနေကြတာသာ ဖြစ်ပါတယ်။

Aquarius

Aquarius တွေဟာ ခံစားချက်ရဲ့ နောက်ဆက်တွဲ ဇာတ်ရှုပ်တွေ မဆုံးနိုင်သော အရှုပ်အထွေးတွေကို ကြောက်ကြတာပါ။
ဒါကြောင့် သူတို့က ခံစားချက်တွေနဲ့ မပတ်သက်တဲ့ စကားတွေကိုပဲ ဖောင်ဖွဲ့ပြောဖို့ အားသန်ကြတာပေါ့။

ရေးသားသူ – Black Cat Divination

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။