တနင်္လာ သားသမီး(၇)မျိုး

Astrology
တနင်္လာ သားသမီး(၇)မျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တနင်္လာ သားသမီး(၇)မျိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တနင်္လာ သားသမီး(၇)မျိုး

တနင်္လာသားသမီးများ၏ ထူးခြားချက်များနှင့် ဘဝတစ်သက်တာ  ကံကြမ္မာကာလအပိုင်းအခြားများ... - San Thitsa
(၁) ကြွင်း တနင်္လာ ပုတိဖွား
(၂) ကြွင်း တနင်္လာ ဘင်္ဂဖွား
(၃) ကြွင်း တနင်္လာ အထွန်းဖွား
(၄) ကြွင်း တနင်္လာ ရာဇဖွား
(၅) ကြွင်း တနင်္လာ အဓိပတိဖွား
(၆) ကြွင်း တနင်္လာ မာရဏဖွား
(ဝ) ကြွင်း တနင်္လာ သိုက်ဖွား

(၁)ကြွင်းတနင်္လာ (ပုတိဖွား)

အသက် (၁) နှစ်မှ အသက် (၁၅)နှစ်တွင်းကံဇာတာအသက် (၁)နှစ်မှာအဋ္ဌလက်ခွင်သဘောနဲ့ မဟာဘုတ်နဲ့ချိန်ဆပြီးသူ့ဇာတာရဲ့သဘောကိုကြည့်ရမယ်ဆိုရင် ဇာတာရှင်သည် အသက် ၁၅နှစ်တွင်းမူလအိမ်ရှင်သခင်ဂြိုဟ်ကပုတိနေရာမှာရပ်တည်နေတာကြောင့် ဤသက်ရောက်မှာ လူချစ်လူခင်ပေါခြင်း၊သွားလေရာမျက်နှာပွင့်လန်းခြင်း၊ငွေကြေးပြည့်စုံမှုရှိခြင်းတို့ကိုတိုက်ဆိုင်ကြုံတွေ့နိုင်ပြီး၊ ကျောင်းသားဘဝတွင်ပြည့်စုံမှုရှိပါသည်။ မူလအဋ္ဌလက်သဘောကြောင့်လည်းမိဘများငွေကြေးပြည့်စုံမှုရှိသောကြောင့် ဇာတာရှင်ကံပြေးလမ်းကြောင်းမှာ(၁၅)နှစ်တွင်းကံကောင်းခြင်းများနဲ့တိုက်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။

အသက် (၁၅) နှစ် မှ အသက် (၂၃)နှစ်တွင်းကံဇာတာ

အသက် ၁၅နှစ်ကနေပြီးအသက် ၂၃ နှစ် မှာတော့အင်္ဂါဂြိုဟ်အိပ်နေတာဖြစ်ပါတယ်။
မူလမဟာဘုတ်အိမ်ရှင်သခင်ဂြိုဟ်ကသိုက်ဂြိုဟ်ဖြစ်နေလို့ ဒီကာလကတော့အထူးရွှေကာလတွေဖြစ်ပါတယ်

ဂြိုဟ်နှစ်ကလည်းရန် မာရဏဘုမ္မိတွေလွတ်နေလို့ ဒီကာလကတော့အထူးပြောစရာမလိုပါဘူးစာသင်ကာလတွေမှာလည်းပြီးပြည့်စုံစွာသင်ယူရပြီး လုပ်ငန်းခွင်ဝင်တဲ့အချိန်မှာလည်း အဆင်ပြေမှုများစွာနဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်၊ကျန်းမားရေးပိုင်မှာလည်းအနှောက်အယှက်များကင်းလွတ်တဲ့ ကာလဖြစ်ပါတယ်၊မိဘများရဲ့စီးပွားရေးမှာတော့ အင်္ဂါဂြိုဟ်သဘောကြောင့် ပုံမှန်လည်ပတ်မှုရှိပေမဲ့ အရမ်းတော့ငွေကြေးလည်ပတ်မှုမရှိခဲ့ပါဘူး။

အသက် (၂၃)နှစ် မှ အသက် (၄၀) နှစ်တွင်းကံဇာတာ

ဒီကာလမှာတော့ ဇာတာရှင်အတွက် မာရဏနယ်မြေကိုမိတ်နဲ့ဖြတ်သန်းရမှာဖြစ်ပါတယ် တနင်္လာနဲ့ ဗုဒ္ဓဟူးဂြိုဟ်ကတော့အပြင်မိတ်ကြရောက်နေပြီး မူလမဟာဘုတ်ဇာတာမှာတော့ မာရဏနယ်မြေဖြစ်ပါတယ် ။

ဒီနယ်မြေမှာ မိမိကိုယ်တိုင်ကျန်းမားရေးညံ့ခြင်း အမိအဖ၊ညီအကိုမောင်နှမများကျန်းမားရေးညံ့ခြင်း thayဆုံးခြင်းတို့ကြုံတွေ့နိုင်ပါတယ်။ဒီနယ်မြေမှာ အိမ်ထောင်ကျခဲ့ရင်လည်းအိမ်ထောင်ရေးသောကတွေနဲ့ရင်ဆိုင်ရတတ်ပါတယ် ။ အပြင်မိတ်ရဲ့သဘောကြောင့် စီးပွားရေးလုပ်ငန်းတွေကတော့ခက်ခဲမှုမရှိနိုင်ပါဘူး။

အသက် (၄၀) မှ အသက် (၅၀) နှစ်တွင်းကံဇာတာ

ဇာတာရှင်သည် ဒီအသက်အပိုင်းအခြားမှာ(၄)ခွင် ဘုမ္မိနယ်မြေဖြစ်ပြီး မူလမဟာဘုတ်ဇာတာရှင်မှာတော့အထွန်းဂြိုဟ်မှာရောက်ရှိနေတဲ့အတွက် ဘုမ္မိနယ်မြေကတော့ ကျန်းမားရေးညံ့တတ်ပြီး အထွန်းဂြိုဟ်သဘောကတော့ ထင်ပေါ်မှုဂုဏ်သတင်းများရရှိနိုင်ပြီးလုပ်ငန်းများလည်းကောင်းတဲ့နယ်မြေဖြစ်ပါတယ်။အိမ်ထောင်ရေးပိုင်းတွေကတော့အသင့်အတင့်ရှိနေပြီး lat natအသင့်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ကာလဖြစ်ပါတယ်။

အသက် (၅၀) မှ (၆၉) နှစ်တွင်းကံဇာတာ

ဒီအသက်အပိုင်းအခြာတွေကတော့ မူလမဟာဘုတ်မှာ အဓိပတိဂြိုဟ်အဖြစ်နဲ့ရပ်တည်နေပြီး မူလတနင်္လာနဲ့ (၅×၂) အပြင်ရန်ဖြစ်နေတဲ့အတွက် အိမ်ခြံမြေ အမှုများဖြစ်ခြင်း ငွေကြေးဆိုင်ရာအမှုများဖြစ်ခြင်းတို့ကြုံတွေ့ရတတ်ပါတယ်။အိမ်ထောင်ရေးပိုင်းမှာတော့ပုံမှန်အနေအထားနဲ့ရှိနေပြီး ကျန်းမားရေးပိုင်မှာတော့ ခါးနာခြင်း ဝမ်းဗိုက်နှင့်ပတ်သက်သောရောဂါများဖြစ်တတ်ပါတယ်။

ယခုဖွင့်ဆိုသော သက္ခတ်ပညာပိုင်းမှာအမျိုး(၄)ပါးဖြစ်သောမင်း၊ကုန်သည်၊လယ်သမား၊လက်လုပ်လက်စားအရအနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်။ဒေသ(၃)ပါးအရလည်းကွဲလွဲမှုများရှိနိုင်ပါသည်

(၂)ကြွင်းတနင်္လာ (ဘင်္ဂဖွား)

အသက် (၁) နှစ် မှ (၁၅) နှစ်ထိကံဇာတာ

ဇာတာရှင်သည် အသက်(၁)နှစ်မှ(၁၅)နှစ်တွင်း မူလဇာတာမှာ ဘင်္ဂနယ်မြေမှာဖြစ်လို့ ငွေပျက်၊အကြွားပျက်နဲ့ ဘဝကိုစတင်ရမှာဖြစ်ပါတယ်။

ဒီနေရာမှာနှစ်ပိုင်းခွဲပြောချင်တာကတော့ ငွေကြေးပြည့်စုံတဲ့မိသားစုကမွေးတဲ့ဇာတာကတော့ ငွေရှိလို့ပျက်စီးခြင်း၊မတည်ငြိမ်ခြင်းများဖြစ်တတ်ပြီး၊ ငွေမရှိတဲ့ဇာတာကတော့ ငွေမရှိလို့ပျက်တဲ့ပုံစံနဲ့ဖြတ်သန်းရမှာဖြစ်ပါတယ်။ငွေရှိလို့ပျက်တဲ့အုပ်စုကတော့ မိဘတွေငွေကြေးပြည့်စုံတာကြောင့် မာန်မာနတွေကြီးလာပြီးထင်ရာစိုင်းတတ်ပါတယ်

အရွယ်ရောက်တဲ့ယောကျ်ားလေးများ(၁၅)နှစ်မကျော်ခင် အပျော်အပါး၊မူရစ်ဆေးဝါးများနဲ့ကြုံတွေ့တတ်ပြီး မိန်းကလေးများဆိုလျှင်လည်း ဆိုရှယ်ကျကျနေထိုင်တတ်ပြီး ပြင်ပသွားလာမှုများတတ်ပြီး အမိအဖကိုဆန့်ကျင်တတ်ပါသည်

ငွေမရှိလို့ပျက်စီးတဲ့အမျိုးသားလေးများနဲ့အမျိုးသမီးတွေကတော့ ကိုယ်ကျင့်တရားတွေပျက်စီးတတ်ပါတယ် ပုံမှန်ဖြတ်သန်းတဲ့မရှိမရှားအုပ်စုဝင်တွေကတော့ သိပ်ပြဿနာမရှိပါဘူး အကြွားပျက်တာကတော့ အမိအဖနဲ့ အတူမနေရဘဲ ဦးလေးအဒေါ်တွေနဲ့ ကြီးပြင်းရတတ်ပါတယ်၊

မပြည့်စုံတဲ့အတွက် ကိုယ်ဒူး ကိုယ်ချွန် နဲ့ လူတော်တွေဖြစ်တတ်ပါသည်။ဂြိုဟ်ပြေးလမ်းကြောင်းကတနင်္လာနယ်မြေဖြစ်လို့ ဆိုးဆိုးဝါးဝါးတော့မရှိပေမဲ့ ဘင်္ဂနယ်မြေသဘောကြောင့်နေရာပြောင်းရွှေ့မှုတွေမကြာခန ကြုံတတ်ပါတယ်။

အသက်(၁၅)နှစ် မှ (၂၃)နှစ် တွင်းကံဇာတာ

ဒီနယ်မြေမှာတော့ မူလမဟာဘုတ်မှာ ပုတိဂြိုဟ်ဖြစ်လို့ ဒီသက်ရောက်တွင်း မမျှော်လင့်ဘဲအိမ်ထောင်ကျတတ်ပါတယ်။ပညာသင်ကာလကိုဆက်လက်ဖြတ်သန်းမယ်ဆိုရင်လည် ဒီနယ်မြေကကောင်းတဲ့နယ်မြေဖြစ်ပါတယ် အကယ်၍ ဇာတာရှင်မှာအိမ်ထောင်ရေးကိစ္စတွေမကြုံရင်လည်း မိသားစုကိစ္စတွေမှာကြုံတတ်ပါတယ်၊ မိမိနေထိုင်ရာနေအိမ်တွင်း မိသားစုတွေအိမ်ထောင်ရေးကိစ္စတွေ ပြဿနာကြုံတတ်ပါတယ်၊

မိမိကိုယ်တိုင်လည်း လျှို့ဝှက်တဲ့အိမ်ထောင်ရေးတွေကြုံတတ်ပါတယ်။ ငွေကြေးပိုင်းမှာတော့ ပုံမှန်လည်ပတ်လျှက်ရှိပြီး ကျန်းမားရေးပိုင်းမှာတော့ သာမန်ကျန်းမားရေးလောက်ဘဲဖြစ်တတ်ပါတယ်။

အသက်(၂၃) မှ အသက် (၄၀) တွင်းကံဇာတာ

ဒီအသက်အပိုင်းအခြားတွေမှာတော့ ဇာတာရှင်အတွက်ရွှေကာလတွေဖြစ်ပါတယ် ဗုဒ္ဓ္ဓ္ဓဟူးဂြိုဟ်က မူလမဟာဘုတ်ဇာတာမှာ သိုက်ဂြိုဟ်ဖြစ်ပြီး ဇာတာရှင်တနင်္လာနဲ့ အပြင်မိတ်ဂြိုဟ်ကျရောက်တဲ့အတွက် မိမိလုပ်သမျှအောင်မြင်မှုတွေရရှိပြီး ပြင်ပမိတ်ဆွေကောင်းများနဲ့စီးပွားရေးတွဲဖက်လုပ်ရပြီး သိုက်ဂြိုဟ်သဘောကတော့ ငွေကြေးအထောက်အပံ့တွေရရှိတဲ့ကာလလည်းဖြစ်ပါတယ်၊

ဒီကာလတွေမှာ အိမ်ခြံမြေ၊ကား အစရှိတဲ့ပိုင်ဆိုင်မှုကြီးကြီးမားမားတွေလည်းရတတ်ပါတယ်၊ ငွေကြေးလည်းစုဆောင်းမိပြီး အလှူအတန်းတွေလည်းလုပ်ရတတ်ပါတယ် ၂၃ နှစ်ကျော်မှအိမ်ထောင်ကျခဲ့ရင်တော့ အိမ်ထောင်ဘက်ကောင်းတွေရတတ်ပြီး ဇာတာရှင်အတွက်စိတ်ချမ်းသာမှုတွေရတတ်ပါတယ်။

အသက်(၄၀) မှ အသက် (၅၀) နှစ်တွင်းကံဇာတာ

ဒီနယ်မြေမှာတော့အကောင်းအဆိုးရောထွေးမဲ့ကာလတွေဖြစ်ပါတယ်၊ မူလအိမ်ရှင်သခင်ဂြိုဟ်မှာ စနေအထိုင်ကရာဇဂြိုဟ်မှာဖြစ်လို့လုပ်ငန်းတွေအားလုံး မင်းစိုးရာဇာထောက်ပံ့မှုများနဲ့ ပူးပောင်းလုပ်ကိုင်ရတတ်ပါတယ်၊ အစိုးရဝန်ထမ်းဖြစ်ရင်လည်း ဒီနယ်မြေမှာရာထူးတက်တတ်ပါတယ်။ ဘုမ္မိနယ်မြေဖြစ်လို့ ဇာတာရှင်ရဲ့ကျန်းမားရေးပိုင်းကတော့ အထူးဂရုစိုက်ရမည်ဖြစ်ပါတယ်၊ အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါ၊နှလုံးရောဂါ အမျိုးသမီးများမီးယပ်ရောဂါတို့ဖြစ်တတ်ပါတယ်၊ နေရာပြောင်းအရွှေ့များလည်းဖြစ်တတ်ပါတယ်။ငွေကြေးပိုင်ကတော့ပုံမှန်လည်းပတ်ပြီးအိမ်ထောင်ရေးပိုင်းတွေမှာတော့ အရမ်းကြီးကောင်းခြင်းဆိုးခြင်းမရှိတဲ့အတွက် lat nat အသင့်ငြိမ်းချမ်း ကာလဖြစ်ပါတယ်။

အသက် (၅၀) မှ (၆၉) နှစ်တွင်းကံဇာတာ

ဒီနယ်မြေကတော့ ဇာတာရှင်အတွက်အထူးသတိထားရမည် နယ်မြေဖြစ်ပါတယ် အပြင်ရန်နဲ့ မာရဏတွဲပြီး ကျနေတဲ့အတွက် ကျန်းမားရေးပိုင်းမှာ ကားတိုက်၊ကားမှောက်၊ဆိုင်ကယ်မှောက်အစရှိသော ဥပါဒ်ကြီးများနဲ့ ရင်ဆိုင်ရတတ်ပြီး အစားမှားခြင်း၊ဆေးမှားခြင်း၊ပြင်ပဓါတ်လေးပါး အပူးရှပ်ခြင်း၊အအေးမိခြင်းများဖြစ်၍ လေဖြတ်ခြင်းများလည်းကြုံတွေ့ရတတ်ပါသည်။

စီးပွားရေးလုပ်ငန်းများရုတ်တရက်ရပ်တန့်သွားတတ်ပြီး လက်ရှိလုပ်ကိုင်နေသောလုပ်ငန်းများတွင်းလည်း အတိုက်အခံပေါလာတတ်ပါသည်၊ ငွေကြေးပိုင်းကတော့အရမ်းမခက်ခဲပါဘူးဒါပေမဲ့အသာတကြည်ရတဲ့ငွေမဟုတ်ဘဲ ပင်ပန်းခက်ခဲပြီးမှရတဲ့ ငွေကြေးတွေဖြစ်တတ်ပါတယ် အိမ်ထောင်ရေးပိုင်းကတော့တည်ငြိမ်မှုရှိပါတယ်။

အသက် (၆၉)နှစ် မှ အသက် (၈၁)နှစ် ထိကံဇာတာ

ထိုသက်ရောက်သည် ဇာတာရှင်အတွက် အသက်ကြီးပိုင်းဖြစ်သော်လည်း ကံဇာတာမှာအကောင်းဘက်သို့ ရောက်ရှိနေပါသည်။မူလအိမ်ရှင်သခင်ဂြိုဟ်မှာ သိုက်နယ်မြေဖြစ်ပြီး ဇာတာရှင် တနင်္လာဂြိုဟ်နှင့်မိတ်ဂြိုဟ် ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများ၏ ဝင်ငွေမှာတိုးတတ်ကောင်းမွန်လျှက်ရှိပါသည်

အသက်အရွယ်ကြီးရင့်သဖြင့် မိမိမလုပ်နိုင်ပါက သားသမီး၊ ညီအကိုမောင်နှမများ၏အထောက်အပံ့များရရှိနိုင်ပါ သည်။အတူနေမိသားစုများ၏ အိမ်ထောင်ရေးပြဿနာများလည်း ဒီကာလမှာ ရှုပ်ထွေးတတ်တာကြောင့် စိတ်ပင်ပန်းမှုများလည်းကြုံတွေ့နိုင်ပါသည်။ကျန်းမားရေးပိုင်းတွင်လေမုန်းတိုင်းနယ်မြေဖြစ်ပါသဖြင့်လေဖြတ် ဝေဒနာများကြုံတွေ့နိုင်ပါသည်။

ယခုဖွင့်ဆိုသော သက္ခတ်ပညာပိုင်းမှာအမျိုး(၄)ပါးဖြစ်သောမင်း၊ကုန်သည်၊လယ်သမား၊လက်လုပ်လက်စားအရ အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်။ဒေသ(၃)ပါးအရလည်းကွဲလွဲမှုများရှိနိုင်ပါသည်။

(၃)ကြွင်းတနင်္လာ (အထွန်းဖွား)

အသက် (၁) နှစ်မှ အသက် (၁၅) နှစ်ထိကံဇာတာ

ဇာတာရှင်သည် အသက် (၁)နှစ်မှ အသက်(၁၅)နှစ် အတွင်းမူလအိမ်ရှင်သခင်ဂြိုဟ်သည် အထွန်းအိမ်တွင်ရှိသဖြင့် ငွေကြေးပြည့်စုံမှုနှင့်ဖြတ်သန်းရသောကာလဖြစ်သည်။အမိအဖများအလုပ်အကိုင်ကောင်းသောကြောင့် မိမိငယ်ဘဝမှာ လိုတရဘဝနှင့်ဖြတ်သန်းရတတ်ပါသည်။

အသက် (၁၅)နှစ်မှ အသက် (၂၃)နှစ်တွင်းကံဇာတာ

ထိုသက်ရောက်သည် ဇာတာရှင်အတွက်ခက်ခဲသောနယ်မြေတစ်ခုဖြစ်ပါသည်၊ဇာတာ၏ အိမ်ရှင်သခင်ဂြိုဟ် အင်္ဂါသည် ဘင်္ဂနယ်မြေမှာရပ်တညနေသောကြောင့် အိမ်ထောင်ကျပြီးနေရာပြောင်းရွှေ့ရခြင်း အိမ်ထောင်မကျခဲ့သော် အလုပ်တာဝန်များနှင့်အဝေးတစ်နေရာသို့ပြောင်ရွှေမှုများကြုံတတ်ပါသည်။ လေဓါတ်သည်ဘင်္ဂနယ်မြေတွင်ဖြစ်သဖြင့် မိမိစိတ်တိုင်းကျသော အလုပ်၊နေရာများနှင့်မတိုက်ဆိုင်တတ်ပါ၊ငွေကြေးခက်ခဲမှုများနှင့်ဖြတ်သန်းရတတ်ပြီး၊ အမိအဖကျန်းမားရေးညံ့ခြင်း မိမိကိုယ်တိုင် ကျန်းမားရေးများညံ့ခြင်းများကြုံတတ်ပါသည်။

အသက်(၂၃) နှစ်မှ အသက် (၄၀) နှစ်တွင်းကံဇာတာ

ဇာတာရှင်သည် ထိုအသက်အပိုင်းအခြားတွင် အိမ်ထောင်ကျတတ်ပြီး အိမ်ထောင်ဘက်ကောင်းများလည်းရတက်ပါသည်။ အပြင်မိတ်တွင်ဗုဒ္ဓ္ဓဟူး ရေဂြိုဟ်ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများသည် မိမိကြိုးစားသလောက်စီးပွားရေးများဒီရေအလာတိုးတက်အောင်မြင်နိုင်ပါသည်။

အသက် (၄၀) နှစ်မှ အသက် (၅၀) နှစ်တွင်းကံဇာတာ

ဇာတာရှင်သည် ထိုအသက်အပိုင်းခြားတွင် (၄) ခွင် ဘုမ္မိနယ်မြေဖြစ်ပြီး အဓိပတိဂြိုဟ်တွင်ရပ်တည်နေသောကြောင့် ကျန်းမားရေးအထူးဂရုစိုက်ရန်လိုပါသည်။ အသံနှင့်ဆိုင်သောရောဂါ၊ခါးရောဂါ၊သွားရောဂါ များဖြစ်တတ်ပြီး စီးပွားရေးလုပ်ငန်းများသည်လည်း မိမိစိတ်တိုင်ကျလုပ်ကိုင်၍မရသောနယ်မြေဖြစ်ပါသည်။

အသက် (၅၀) နှစ်မှ အသက် (၆၉) နှစ်တွင်းကံဇာတာ

ဇာတာရှင်သည် ထိုအသက်အပိုင်းအခြားတွင် မူလမဟာဘုတ်၌ (သိုက်) ဂြိုဟ်နေရာတွင် ကြာသပတေးရပ်တည်နေသောကြောင့် ထီပေါက်ခြင်း၊အမွေရခြင်း၊လုပ်ငန်းများတွင်ငွေကြေးအစုလိုက် အပြုံလိုက်ဝင်ခြင်းများကြုံတွေ့နိုင်ပါပြီး မိမိဘဝ၏ ရွှေရောင်လွှမ်းသောကာလများဖြစ်ပါသည်။

အသက် (၆၉) နှစ်မှ အသက် (၈၁) နှစ်တွင်းကံဇာတာ

ဇာတာရှင်သည် ထိုသက်အပိုင်းအခြားသည် အသက်ကြီးပိုင်ဖြစ်၍ ကျန်းမားရေးနှင့်ပတ်သက်သော လေရောဂါများအဖြစ်များပါသည် မိသားစုထဲတွင် အိမ်ထောင်ရေးအရှုပ်များကြောင့် စိတ်ညစ်စရာများလည်း ကြုံတွေ့နိုင်ပါသည်။

ယခုဖွင့်ဆိုသော သက္ခတ်ပညာပိုင်းမှာအမျိုး(၄)ပါးဖြစ်သောမင်း၊ကုန်သည်၊လယ်သမား၊လက်လုပ်လက်စားအရအနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်။ဒေသ(၃)ပါးအရလည်းကွဲလွဲမှုများရှိနိုင်ပါသည်။

(၄)ကြွင်းတနင်္လာ (ရာဇဖွား)
ဇာတာရှင်၏ အသက်(၁)နှစ် မှ အသက်(၁၅)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည် အသက်(၁၅)နှစ်အတွင်း ရာဇအိမ်ရှင်သခင်ဂြိုဟ်တွင်ရပ်တည်နေသောကြောင့် ကျောင်းနေစဉ်ကာလတွင် အခက်အခဲမရှိခြင်း၊ အမိအဖတို့သည်မင်းမှုထမ်း၊အစိုးရဝန်ထမ်းများနှင့် ဆက်ဆံရခြင်း၊ တာဝန်ထမ်းဆောင်ရခြင်းများဖြစ်တတ်ပါသည်။ ဦးလေးအဒေါ်များနှင့်နေထိုင်ရခြင်း၊ နေအိမ်ကျောင်းများပြောင်းရွှေ့နေထိုင်ရခြင်းများလည်းဖြစ်တတ်ပါသည်။ မိမိကျောင်းနေစဉ်ကာလတွင် မိဘများသည်လည် အစိုးရတာဝန်များကြောင့် မိသားစုနှင့်ခွဲခွာရခြင်းများလည်းဖြစ်တတ်ပါသည်။

ဇာတာရှင်၏ အသက်(၁၅)နှစ် မှ အသက်(၂၃)နှစ်တွင်း ကံဇာတာ

ထိုသက်ရောက်နှစ်မှာတော့ ဇာတရှင်၏အသက်အပိုင်းအခြားသည် အင်္ဂါဂြိုဟ် အထွန်းမှာရပ်တည်နေသောကြောင့် ကံ၏ပြေးလမ်းကြောင်းမှာအကောင်းဘက်သို့ဦးတည်နေပါသည် ပညာသင်ကာလဖြစ်လျှင်လည်း အမိအဖ၏ထောက်ပံ့မှုများလည်းရရှိပြီး ထိုအသက်အပိုင်းတွင် အိမ်ထောင်ကျခဲ့ပါကလည်း မိသားစုဆွေမျိုးများထောက်ပံ့မှုရရှိနိုင်ပါသည်။

ပါပဂြိုဟ်ဖြစ်သောကြောင့် ဂြိုဟ်ကောင်းဖြစ်သော်လည်း အနည်းငယ်ခက်ခဲပြီးမှငွေရှာရတတ်ပါသည်။ (စံကူး) ဓာတ်ရန်ဖြစ်သောကြောင့် ကံမနိမ့်သော်လည်း အလိုက်သင့်ရှာဖွေရခြင်းထက် ပင်ပန်းမှငွေရသောနယ်မြေဖြစ်ပါသည်။

ဇာတာရှင်၏ အသက်(၂၃)နှစ် မှ အသက်(၄၀)နှစ်တွင်း ကံဇာတာ

ထိုအသက်အပိုင်းအခြားသည် ဇာတာရှင်အတွက်မိတ်ဂြိုဟ် (၂x၄) ကုလားအပြင်မိတ်နယ်မြေဖြစ်ပြီး အိမ်ရှင်သခင်ဂြိုဟ်မှာ ဘင်္ဂနယ်မြေဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများအောင်မြင်ခြင်း၊ ပြင်ပမိတ်ဆွေအပေါင်းအသင်းများပေါခြင်း နေရာရွှေ့ပြောင်းရခြင်းကြုံတွေ့ရပါမည် မိမိကြိုးစားလျှင် ကြိုးစားသလောက်အောင်မြင်မှုရရှိမည်ဖြစ်ပြီး အိမ်၊ကား၊ရွှေ၊ငွေ အစရှိသောပိုင်ဆိုင်မှုများ ရရှိနိုင်သော နယ်မြေဖြစ်ပါသည်။

ဇာတာရှင်၏ အသက်(၄၀)နှစ် မှ အသက်(၅၀)နှစ်တွင်း ကံဇာတာ

ထိုနယ်မြေသည် ဇာတာရှင်အတွက်လွန်စွာအန္တရယ်ရှိသောနယ်မြေဖြစ်ပါသည် မူလအိမ်ရှင်သခင်ဂြိုဟ် စနေသည် ဇာတာရှင်၏မဟာဘုတ်တွင် မာရဏ နယ်မြေဖြစ်သောကြောင့် စီးပွားရေး၊လူမှူရေး၊အိမ်ထောင်ရေး၊ အတိုက်အခိုက်အများဆုံးနယ်မြေဖြစ်ပြီး ဂုဏ်သိက္ခာကျခြင်း အမှုအခင်းများကြုံခြင်း၊ အိမ်ထောင်ရေး သားသမီးရေးများအတွက်သောကရောက်သောနယ်မြေဖြစ်ပါသည် လုပ်ငန်းဟောင်းကိုမပြောင်းဘဲ တည်ငြိမ်စွာလုပ်ကိုင်ရန်လိုအပ်ပါသည်။

ဇာတာရှင်၏ အသက်(၅၀)နှစ် မှ အသက်(၆၉)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည်ထိုနယ်မြေတွင် မူလအိမ်ရှင်သခင်ဂြိုဟ် ကြာသပတေးသည် ပုတိနယ်မြေဖြစ်ပြီး မိမိမွေးနံဂြိုဟ်နှင့် (၂x၅) ခေမာ အပြင်ရန်ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများသည်လည်း အပြင်ရန်ဖြစ်သောကြောင့် သတိထားလုပ်ကိုင်ရမည့်နယ်မြေဖြစ်ပါသည် ပုတိသဘောကြောင့် အိမ်ထောင်ရေး ပြဿနာများလည်း ထိုနယ်မြေတွင် သောကရောက်တတ်ပါသည် ကိုယ်တိုင်သော်လည်းကောင်း မိသားစုသားသမီးများ ပြဿနာကြောင့်လည်းကောင်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကြုံတွေ့နိုင်ပါသည်။

ဇာတာရှင်၏ အသက်(၆၉)နှစ် မှ အသက်(၈၁)နှစ်တွင်း ကံဇာတာ

ထိုနယ်မြေသည် မူလအိမ်ရှင်သခင်ဂြိုဟ် ရာဟုနယ်မြေနှင့် (၂x၄) မိတ်ဓာတ်ဖြစ်ပြီး ဘင်္ဂနယ်မြေဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများအောင်မြင်ခြင်း နေရာပြောင်းရွှေ့ရခြင်းများကြုံတွေ့ရတတ် ပါသည် အသက်အရွယ်ကြီးပိုင်းဖြစ်သောကြောင့် ကျန်းမားရေးတွင် အကြောရောဂါ ဒူးနာရောဂါနှင့် နှလုံးရောဂါများဖြစ်တတ်ပါသည်။

ယခုဖွင့်ဆိုသော သက္ခတ်ပညာပိုင်းမှာအမျိုး(၄)ပါးဖြစ်သောမင်း၊ကုန်သည်၊လယ်သမား၊လက်လုပ်လက်စားအရအနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်။ဒေသ(၃)ပါးအရလည်းကွဲလွဲမှုများရှိနိုင်ပါသည်

(၅)ကြွင်းတနင်္လာ (အဓိပတိဖွား)
ဇာတာရှင်၏ အသက်(၁)နှစ် မှ အသက်(၁၅)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည် ထိုအသက်အပိုင်းအခြားတွင် ကျောင်းနေစဉ်ကာလဖြစ်ပြီး မူလအိမ်ရှင်သခင်ဂြိုဟ်သည် အဓိပတိနေရာတွင်ရပ်တည်နေသောကြောင့် အခက်အခဲမရှိဘဲ အေးချမ်းစွာဖြတ်သန်းရသောအချိန်ဖြစ်ပါသည်။ မိဘများသည်လည်းငွေကြေးကိုရှာဖွေရာတွင်ကြိုးစားသလောက်ဖြစ်ထွန်းနေချိန်ဖြစ်ပါသည်။

ဇာတာရှင်၏ အသက်(၁၅) နှစ် မှ အသက်(၂၃)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည်ထိုအသက်အပိုင်းအခြားတွင် မူလအိမ်ရှင်သခင်ဂြိုဟ် (ရာဇာ) အိမ်တွင်ရပ်တည်နေပြီး မွေးနံနှင့် (စံကူး) (၂ x ၃) ဓါတ်ရန်ဖြစ်သောကြောင့် ကျန်းမားရေးပိုင်းတွင် ဦးခေါင်း၊အစာအိမ်၊ဆီးလမ်းကျောင်း အစရှိသောရောဂါများဖြစ်တတ်ပြီး မူလ (ရာဇာ) သဘောကြောင့် ကံအမြင့်ပိုင်းရောက်နေချိန်ဖြစ်ပါသည်။

ဇာတာရှင်၏ အသက်(၂၃)နှစ် မှ အသက်(၄၀)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည် ထိုအသက်အပိုင်းအခြားတွင် မူလအိမ်ရှင်သခင်ဂြိုဟ် (အထွန်း) အိမ်တွင်ကျရောက်ပြီး မိမိမွေးနံနှင့် (၂ x ၄) ကုလား အပြင်မိတ်ကျရောက်နေသောကြောင့် စီးပွားရေးလုပ်ငန်းများ လွန်စွာတိုးတတ်နေချိန်ဖြစ်ပါသည်။ ထိုအသက်အပိုင်းအခြားတွင် အိမ်ထောင်ကျတတ်ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်း လုပ်ငန်းများတိုးတတ်အောင်မြင်နေချိန်ဖြစ်ပါသည်။

ဇာတာရှင်၏ အသက်(၄၀)နှစ် မှ အသက်(၅၀)နှစ်တွင်း ကံဇာတာ

ဇာတာရှင်၏ထိုအသက်အပိုင်းအခြားသည် မူလအိမ်ရှင်သခင်ဂြိုဟ် (သိုက်) နေရာတွင်ရှိပြီး မိမိမွေးနံနှင့် (၄) ခွင်ဘုမ္မိ နယ်မြေတွင်ကျရောက်သောကြောင့် လုပ်ငန်းပိုင်းများဆက်လက်အောင်မြင်နေပါလိမ့်မည်။မိမိရှာဖွေနိုင်သောကြိုးစားမှုထက်ပိုပြီးရရှိနိုင်သောကာလဖြစ်ပါသည် (၄) ခွင် ဘုမ္မိနယ်မြေဖြစ်သောကြောင့် ထိုကာလတွင်ကျန်းမားရေးနှင့်ပတ်သက်ပြီး အစာအိမ်၊အူးလမ်းကြောင်း၊ဆီးနှင့်ပတ်သက်သောအကြိတ်များ ဖြစ်တတ်ပါသည်၊ ဦးခေါင်းမကြာခဏမူးတတ်သောရောဂါများလည်းဖြစ်တတ်ပါသည်။

ဇာတာရှင်၏ အသက်(၅၀)နှစ် မှ အသက်(၆၉)နှစ်တွင်း ကံဇာတာ

ထိုအသက်အပိုင်းအခြားတွင် အိုးအိမ်နေရာများရွှေ့ပြောင်းရတတ်ပြီး အိမ်မှု၊မြေမှုများ မိသားစုအမွေကိစ္စများဖြစ်တတ်ပါသည်၊ မူလအိမ်ရှင်သခင်ဂြိုဟ်မှာ (ဘင်္ဂ) နယ်မြေတွင်ရပ်တည်နေပြီး မိမိမွေးနံနှင့် အပြင်ရန်ဖြစ်သောကြာင့် အမှုအခင်းအတိုက်အခိုက်များသောနယ်မြေတစ်ခုဖြစ်ပါသည်။

ဇာတာရှင်၏ အသက်(၆၉)နှစ် မှ အသက်(၈၁)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည်ထိုအသက်အပိုင်းအခြားသည် မူလအိမ်ရှင်သခင်ဂြိုဟ် (အထွန်း) အိမ်တွင်ကျရောက်နေသော ကြောင့်ကံကောင်းသောနယ်မြေတစ်ခုဖြစ်ပါသည်၊ မိသားစုနေအိမ်အတွင်းအိမ်ထောင်ရေးကိစ္စများ၊ ငွေကြေးဆိုင်ရာကိစ္စများလည်းဖြစ်တတ်ပြီး အသက်ကြီးပိုင်း ကျန်းမားရေးတွင်လေဓါတ်နှင့်ဆိုင်သော လေရောဂါ၊အစာအိမ်၊ဝမ်းဗိုက်နှင့်ပတ်သက်သောရောဂါများဖြစ်တတ်၏။

ယခုဖွင့်ဆိုသော သက္ခတ်ပညာပိုင်းမှာအမျိုး(၄)ပါးဖြစ်သောမင်း၊ကုန်သည်၊လယ်သမား၊လက်လုပ်လက်စားအရအနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်။ဒေသ(၃)ပါးအရလည်းကွဲလွဲမှုများရှိနိုင်ပါသည်။

(၆)ကြွင်းတနင်္လာ (မာရဏဖွား)
ဇာတာရှင်၏ အသက်(၁)နှစ် မှ အသက်(၁၅)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည်အသက် (၁) နှစ်မှ (၁၅) နှစ်အတွင်း မူလဇာတာ၏အိမ်ရှင်သခင်ဂြိုဟ်မှာ မာရဏနယ်မြေ ဖြစ်သောကြောင့် ထိုကာလတွင် ကျန်းမားရေးအထူးဂရုစိုက်ရန်လိုပါသည် ခါးနာခြင်း၊နှလုံးရောဂါ၊ တီဘီရောဂါများနှင့် အခြားသောရောဂါမျိုးစုံကိုလည်း အချိန်မဆွဲဘဲစနစ်တကျကုသနိုင်ဖို့လိုပါသည် ထိုကာလသည်ကျောင်းနေစဉ်ကာလဖြစ်ပါသဖြင့် ငွေကြေးပိုင်းတွင်းအမိအဖတို့ခက်ခဲစွာရှာဖွေနေရသော ကာလဖြစ်ပါသည်။

ဇာတာရှင်၏ အသက်(၁၅)နှစ် မှ အသက်(၂၃)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည်အသက် ၁၅ နှစ်မှ ၂၃ နှစ် ကံကြမ္မာသည် မူလအိမ်ရှင်သခင်ဂြိုဟ် အဓိပတိဂြိုဟ်ဖြစ်သောကြောင့် မူလတနင်္လာနှင့် (၂ x ၃) စံကူးဓါတ်ရန်ပျက်ဖြစ်နေပါသဖြင့် အပေါင်းအသင်းမှားခြင်း လုပ်ငန်းများမကြာခဏ ပြောင်းလည်းလုပ်ကိုင်ရခြင်း နေရာအတည်တကျမရှိခြင်း ငွေကြေးအဆင်မပြေခြင်းများကြုံတွေ့ရတတ်ပါသည်။

ဇာတာရှင်၏ အသက်(၂၃)နှစ် မှ အသက်(၄၀)နှစ်တွင်း ကံဇာတာ

ဇာတာရှင်၏ ထိုကာလသည်အထူးကောင်းမွန်သောနယ်မြေဖြစ်ပါသည် မူလအိမ်ရှင်သခင်ဂြိုဟ် ရာဇနှင့် မိမိမွေးနံ တနင်္လာမှာ (၂ x ၄) ကုလား အပြင်မိတ်ဖြစ်နေပါသဖြင့် စီးပွားရေးလုပ်သူများ မိတ်ဆွေကောင်းများနှင့် ကြုံတွေ့ပြီး စီးပွားရေးလုပ်ငန်းများတိုးတတ်အောင်မြင်ခြင်း ဝန်ထမ်းများရာထူးတက်ပြီး နေရာကောင်းများရခြင်း မင်းစိုးရာဇာများနှင့်လုပ်ငန်းများတွဲဖက်လုပ်ရခြင်းများကြုံတွေ့နိုင်ပါသည်၊ ထိုကာလများတွင် နေအိမ်ပိုင်ဆိုင်ခြင်း ကားပိုင်မြေပိုင်ရခြင်း ထီပေါက်ခြင်း အမွေရခြင်းများလည်း ကြုံတွေ့နိုင်ပါသည်။

ဇာတာရှင်၏ အသက်(၄၀)နှစ် မှ အသက်(၅၀)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည် ထိုအသက်အပိုင်းအခြားတွင် မူလအိမ်ရှင်သခင်ဂြိုဟ် စနေသည် ပုတိနေရာတွင်ရပ်တည်ခြင်း (၄)ခွင် ဘုမ္မိကျရောက်ခြင်းတို့ကြောင့် ကျန်းမားရေးတွင် နှလုံး၊ခါးနာ၊လေဖြတ်ခြင်း များဖြစ်တတ်ပြီး လျှိုဝှက်သောအိမ်ထောင်ရေးကိစ္စများလည်း ပေါ်ပေါက်လာတတ်ပါသည်၊ ငွေကြေးစီးပွားများပုံမှန်လည်ပတ် နေသော်လည် ခက်ခဲစွာရှာဖွေရတတ်ပါသည်။

ဇာတာရှင်၏ အသက်(၅၀)နှစ် မှ အသက်(၆၉)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည်ထိုအသက်အပိုင်းအခြားတွင် မူလအိမ်ရှင်သခင်ဂြိုဟ် ကြာသပတေးသည် အထွန်း နေရာတွင်ရောက်ရှိနေပြီး မိမိမွေးနံ တနင်္လာဂြိုဟ်နှင့် (၂ x ၅) ခေမာ အပြင်ရန်ဂြိုဟ်ကျရောက်နေပါသည် အထွန်းဂြိုဟ် အထောက်အပံ့ကြောင့် အိမ်ခြံမြေများပိုင်းဆိုင်ခြင်း စီးပွားရေးလုပ်ငန်းများ အောင်မြင်ခြင်းများ ဖြစ်တတ်သော်လည်း အပြင်ရန်သဘောကြောင့် အတိုက်အခံများခြင်း၊ အမှုအခင်းဖြစ်ခြင်းများကြုံတွေ့ရတတ်ပါသည်။

ဇာတာရှင်၏ အသက်(၆၉)နှစ် မှ အသက်(၈၁)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည်ထိုအသက်အပိုင်းအခြားတွင် မူလအိမ်ရှင်သခင်ဂြိုဟ် ရာဟုသည် မဟာဘုတ်ဇာတာတွင် အပြင်မိတ် (ရာဇ) အိမ်တွင်ကျရောက်နေသောကြောင့် ကံအမြင့်ပိုင်းရောက်ရှိနေချိန်ဖြစ်ပါသည်၊ မိမိနေအိမ်တွင် လျှိုဝှက်အိမ်ထောင်ရေးကိစ္စများဖြစ်ပေါ်တတ်ပါသည် စီးပွားရေးလုပ်ငန်းများသည် မင်းစိုးရာဇာများနှင့်တွဲဖက် လုပ်ကိုင်ရခြင်း မိတ်ကောင်းဆွေကောင်းများနှင့် ဆက်သွယ်လုပ်ကိုင်ရတတ်ပြီး အကျိုးစီးပွားဖြစ်တတ်ပါသည် ကျန်းမားရေးတွင်လေဖြတ်ခြင်း ဦးနှောက်နှင့်အာရုံကြောများရောဂါရတတ်ပါသည်။

ယခုဖွင့်ဆိုသော သက္ခတ်ပညာပိုင်းမှာအမျိုး(၄)ပါးဖြစ်သောမင်း၊ကုန်သည်၊လယ်သမား၊လက်လုပ်လက်စားအရအနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်။ဒေသ(၃)ပါးအရလည်းကွဲလွဲမှုများရှိနိုင်ပါသည်။

(ဝ)ကြွင်းတနင်္လာ (သိုက်ဖွား)
ဇာတာရှင်၏ အသက်(၁)နှစ် မှ အသက်(၁၅)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည် အသက်(၁)နှစ် မှ (၁၅)နှစ်တွင်း မိဘအုပ်ထိမ်းမှုအောက်တွင်ရှိသောလည်း (သိုက်) ဌာနတွင် တနင်္လာရှိနေသောကြောင့် အစစအရာရာပြည့်စုံမှုရှိပါသည် မိမိကံဇာတာကြောင့် အမိအဖတို့သည် ငွေရှာရလွယ်ကူခြင်း၊ထီပေါက်ခြင်း၊အမွေရခြင်း၊ရင်းနှီးမြှုတ်နှံမှုများအောင်မြင်မှုရရှိနေချိန်ဖြစ်ပါသည်။ငွေကြေးစုဆောင်းမိသောအချိန်ကာလများဖြစ်သဖြင့် ငယ်စဉ်ကမွေးနေ့မင်္ဂလာပြုလုပ်ခြင်း အမည်ပေးကင်ပွန်းတပ်ခြင်းများပြုလုပ်ခဲ့သော် လက်ဆောင်ပစ္စည်းများအများဆုံးရတတ်သောကာလဖြစ်သည်။

ဇာတာရှင်၏ အသက်(၁၅)နှစ် မှ အသက်(၂၃)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည်(၁၅)နှစ်မှ(၂၃)နှစ်ကာလသို့ ကူးပြောင်းချိန်သည် မူလဇာတာတွင် မာရဏ နယ်မြေသို့ကျရောက်ချိန်ဖြစ်သဖြင့် ကျန်းမားရေးတွင် ဆီး၊မျက်စိ အစရှိသော ရောဂါများဖြစ်တတ်ပြီး ဆေးရုံ ဆေးခန်းသို့ မကြာခဏရောက်တတ်သောကာလဖြစ်ပါသည်။ မာရဏနယ်မြေဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများစတင်လုပ်ကိုင်သော်လည်း ကောင်းစွာမအောင်မြင်ခြင်း၊ မိတ်ဆွေအပေါင်းအသင်းများအကူအညီမရနိုင်ပေ ထိုအသက်အပိုင်းအခြားတွင် အိမ်ထောင်ပြုသော် အခက်ခဲများကြုံတတ်၏။

ဇာတာရှင်၏ အသက်(၂၃)နှစ် မှ အသက်(၄၀)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည်အသက်(၂၃)နှစ်မှ အသက်(၄၀)တွင်း ဗုဒ္ဓ္ဓ္ဓဟူးဂြိုဟ်ကိုဖြတ်သောကာလဖြစ်ပါသည်။ မူလဇာတာတွင် ဗုဒ္ဓ္ဓ္ဓဟူးဂြိုဟ်သည် အကောင်းအဆိုးညီမျှနေပါသည်။မူလတနင်္လာနှင့်မိတ်ဂြိုဟ် ကျရောက်နေသောကြောင့် စီးပွားရေးလုပ်ငန်းများအောင်မြင်နေချိန်ဖြစ်ပါသည်။မိတ်ဆွေအပေါင်းအသင်းများ ညီအကိုမောင်နှမ ဆွေမျိုးသားခြင်းများ၏ အကူအညီရရှိနေချိန်ဖြစ်ပြီး ထိုကာလတွင် ထီပေါက်ခြင်း၊အမွေရခြင်းများလည်းကြုံတွေ့တတ်ပါသည်။ထိုအသက်အပိုင်းအခြားတွင် အိမ်ထောင်ပြုသော် အိမ်ထောင်ရေးအဆင်ပြေနိုင်၏။

ဇာတာရှင်၏ အသက်(၄၀)နှစ် မှ အသက်(၅၀)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည် ထိုအသက်အပိုင်းအခြားတွင် (၄) ခွင် ဘုမ္မိနယ်မြေဖြစ်ပြီး (ဘင်္ဂ) နေရာတွင် စနေဂြိုဟ် ရပ်တည်နေသောကြောင့် မိမိအလုပ်များနေရာပြောင်းရွှေ့ရခြင်း နေအိမ်များပြောင်းရွှေ့ရခြင်းများကြုံတွေ့နိုင်ပြီး ကျန်းမားရေးတွင်း ဆီးမျက်စီ၊အစာအိမ်ရောဂါများဖြစ်တတ်ပြီး အမျိုးသမီးများ မီးယပ်နှင့်ပတ်သက်သောရောဂါ များဖြစ်တတ်၏ ဆေးရုံဆေးခန်းမကြာခဏသွားရသောနယ်မြေဖြစ်ပြီး အမှုအခင်းများ၊ငွေကြေးပြဿနာများဖြစ် တတ်သောနယ်မြေဖြစ်ပါသည်။

ဇာတာရှင်၏ အသက်(၅၀)နှစ် မှ အသက်(၆၉)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည် ထိုအသက်အပိုင်းအခြားတွင် ကြာသပတေးဂြိုဟ်သည် ရာဇ အိမ်တွင်ရှိပြီး မွေးနံနှင့်အပြင်ရန် x ဓါတ်မိတ် ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများ အတိုက်အခံဖြင့်အောင်မြင်ခြင်း၊မင်းစိုးရာဇာများ နှင့်တွဲဖက်လုပ်ကိုင်ရခြင်း ပြိုင်ဘက်များပေါ်လာခြင်းတို့ကိုတိုက်ဆိုင်ကြုံတွေ့ရတတ်ပါသည်။ အမှုအခင်းအတိုက်အခိုက်များပြီးငွေကြေးများဆုံးရံှုးတတ်သော်လည်း (ရာဇ) သဘောကြောင့် မိမိသာလျှင်အခက်အခဲများ ကိုအနိုင်ရရှိပြီးအောင်မြင်နိုင်သောကာလဖြစ်ပါသည်

ဇာတာရှင်၏ အသက်(၆၉)နှစ် မှ အသက်(၈၁)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည်ထိုအသက်အပိုင်းအခြားသည် အသက်ကြီးပိုင်းရောက်ရှိလာပြီး ရာဟု တွင်ဖြစ်၏ သဘောကြောင့်အသက်ကြီးပိုင်းတွင် သားသမီးများ၏ အိမ်ထောင်ရေးအပူများကိုဖြေရှင်းနေရတတ်ပြီး ငွေကြေးများအဖတ်မတင်သောကာလဖြစ်ပါသည်။

ယခုဖွင့်ဆိုသော သက္ခတ်ပညာပိုင်းမှာအမျိုး(၄)ပါးဖြစ်သောမင်း၊ကုန်သည်၊လယ်သမား၊လက်လုပ်လက်စားအရအနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်။ဒေသ(၃)ပါးအရလည်းကွဲလွဲမှုများရှိနိုင်ပါသည်။

ရေးသားသူ – ဆရာ မြတ်ထွဋ်ခေါင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။