သီချင်းတွေထဲမှာတော့ အမြဲတမ်းအသည်းကွဲနေပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ရှယ်ပလန်နဲ့ကိုအချစ်ခံနေရတဲ့ ယွန်းမြတ်သူ

Celebrity

သီချင်းတွေထဲမှာတော့ အမြဲတမ်းအသည်းကွဲနေပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ရှယ်ပလန်နဲ့ကိုအချစ်ခံနေရတဲ့ ယွန်းမြတ်သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သီချင်းတွေထဲမှာတော့ အမြဲတမ်းအသည်းကွဲနေပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ရှယ်ပလန်နဲ့ကိုအချစ်ခံနေရတဲ့ ယွန်းမြတ်သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သီချင်းတွေထဲမှာတော့ အမြဲတမ်းအသည်းကွဲနေပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ရှယ်ပလန်နဲ့ကိုအချစ်ခံနေရတဲ့ ယွန်းမြတ်သူ

ယွန်းမြတ်သူကတော့ လက်ရှိမှာအဆွေးသီချင်းတွေနဲ့ပရိသတ်တွေကိုဖမ်းစားထားနိုင်တဲ့အဆိုရှင်တစ်ဦးပါ။ သူမရဲ့ပထမဆုံးသီချင်းဖြစ်တဲ့အဆင်ပြေမနေပါဘူးသီချင်းမှာတင် ရေပန်းစားခဲ့ပြီး နောက်ထပ်ထွက်ရှိသမျှသီချင်းများစွာကလည်း ပရိသတ်တွေကြားမှာ အကြိုက်တွေ့စေခဲ့တာပါ။

ယွန်းမြတ်သူက အခုဆိုရင် အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်နေပြီဆိုပေမယ့် သူမရဲ့အိမ်ထောင်ကိုလည်း အကောင်းဆုံးတည်ဆောက်နေသလို ပရိသတ်တွေအတွက်လည်း သီချင်းနဲ့ပတ်သက်ပြီး လျှော့ကျသွားခြင်းမရှိပဲ ကြိုးစားနေဆဲပဲ ဖြစ်ပါတယ်။

ဒီကနေ့ကတော့ ပရိသတ်ကြီးအားလုံးသိပြီးသားအတိုင်း ချစ်သူများနေ့ပဲ ဖြစ်ပါတယ်။ ယွန်းမြတ်သူကလည်း သက်ဆိုင်သူရှိသူတစ်ယောက်ပီပီ ချစ်သူများနေ့မှာ သူမရဲ့ချစ်ခင်ပွန်းဆီကနေ Surprise လက်ဆောင်တွေရရှိခဲ့ကြောင်းကို “Happy Valentine’s Day Suprise ထလုပ်ပေးသေးတာ ဆရာကြီးက ချစ်တယ်ကိုကိုယွကျားအာဝါး” ဆိုပြီး သူမရဲ့ပီတိလေးကို မျှဝေလာပါတယ်။

ယွန်းမြတ်သူကတော့ အိမ်ထောင်ကျသွားသည့်တိုင်အောင် ရည်းစားဘဝတုန်းကအတိုင်းပဲ ချစ်ခင်ပွန်းဆီကနေ ဖူးဖူးမှုတ်အချစ်ခံနေရဆဲပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအားလုံးလည်း ပျော်ရွှင်ဖွယ်ကောင်းတဲ့ ချစ်သူများနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ရေးသားသူ – The News Post

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။