တစ်ပတ်တာအတွင်း (၇)ရက်သားသမီး ကံဇာတာအကျဉ်း

Astrology
တစ်ပတ်တာအတွင်း (၇)ရက်သားသမီး ကံဇာတာအကျဉ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်ပတ်တာအတွင်း (၇)ရက်သားသမီး ကံဇာတာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်ပတ်တာအတွင်း (၇)ရက်သားသမီး ကံဇာတာ

တစ်ပတ်တာအတွင်း အကောင်း၊ အဆိုး အ‌ခြေအနေတွေအပြင် ကံကောင်းစေတဲ့ နံပါတ်၊ အရောင်တို့ကို သိရှိစေဖို့ (၇)ရက်သားသမီး ကံဇာတာလေးတွေကို ဖော်ပြပေးပါရစေ။

တနင်္ဂ‌နွေ

နိုင်ငံရပ်ခြား ခရီးထွက်ဖို့ ပြင်ဆင်နေသူများ အခက်အခဲရှိမည်။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး စကားပြောရမည်။ အလုပ်ပြောင်း၊ နေရာပြောင်းရတတ်သည်။ အချစ်ရေး အနှောင့်အယှက်ရှိသည်။ ကျန်းမာရေးဂရုစိုက်ပါ။
ကံကောင်းစေတဲ့ နံပါတ် – ၂,၄,၅
ကံကောင်းစေတဲ့အရောင် – မိုးပြာရောင်
ယတြာ – အိမ်ဘုရားမှာ နှင်းဆီပန်းကပ်ပါ။

တနင်္လာ

တောင်တန်းတွေဘက် ခရီးထွက်ရမည်။ အလုပ်အကိုင်အဆင်ပြေပြီး ရာထူးတက်မည်။ ဝင်ငွေကောင်းမည်။ ရရန်ရှိသောငွေများ အမြန်ဆုံးရမည်။ အချစ်ရေး၊ အိမ်ထောင်ရေး သာယာမည်။ ကျန်းမာရေးမှာ ဗိုက်အောင့်၊ ဗိုက်နာဖြစ်မည်။ နေအိမ်သို့ သေတ္တာတစ်လုံးရောက်လာပါက ကံညံ့မည်။
ကံကောင်းစေတဲ့ နံပါတ် – ၁,၃,၅
ကံကောင်းစေတဲ့အရောင် – မီးခိုးရောင်
ယတြာ – ပိုက်ဆံ (၂၀၀) ပံ့သကူပစ်ပါ။

အင်္ဂါ

အရောင်းအဝယ်ကောင်းပြီး စီးပွားရေးအောင်မြင်မည်။ ဖုန်းအသစ်ဝင်မည်။ ကျန်းမာရေး ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်လိမ့်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး သဘောထားကွဲလွဲမည်။
ကံကောင်းစေတဲ့ နံပါတ် – ၂,၄,၇
ကံကောင်းစေတဲ့အရောင် – ကျောက်စိမ်းရောင်
ယတြာ – အိမ်နီးချင်းတွေကို ကောက်ညှင်းပေါင်းကြွေးပါ။

ဗုဒ္ဓဟူး

နိုင်ငံခြားခရီးထွက်ရမည်။ ရပ်ဝေးရောက်မည်။ ရာထူးလစာ တိုးမည်။ ပစ္စည်း၊ ပိုက်ဆံ အပျောက်အရှများမည်။ သူခိုးခိုးခံရမည်။ အိမ်ရှိသက်ကြီးရွယ်အို တစ်ဦးဦး ကျန်းမာရေးညံ့မည်။
ကံကောင်းစေတဲ့ နံပါတ် – ၁,၅,၉
ကံကောင်းစေတဲ့အရောင် – ငုဝါရောင်
ယတြာ – ဘုရားသွားပြီး မွေးနံထောင့်မှာ ဆီမီး ပူဇော်ပါ။

ကြာသပတေး

အလုပ်မှာ စိတ်ညစ်စရာပေါ်မည်။ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ဖြစ်မည်။ ကူညီမည့်သူများ ပေါ်မည်။ ကျန်းမာရေးအနေနဲ့ ဇက်ကြောတက်မည်။ ချစ်သူနဲ့ စကားများရတတ်မည်။
ကံကောင်းစေတဲ့ နံပါတ် – ၄,၆,၈
ကံကောင်းစေတဲ့အရောင် – ရေညှိစိမ်းရောင်
ယတြာ – အိမ်နားက ကလေးတွေကို မုန့်ဝယ်ကျွေးပါ။

သောကြာ

ငွေဝင်၊ လာဘ်ရွှင်မည်။ အလုပ်နေရာ အပြောင်းအရွှေ့ရှိမည်။ အရောင်းအဝယ်ကောင်းမည်။ ရွှေနှင့် ပတ်သက်ပြီး စိတ်ညစ်ရမည်။ ပညာရေး ရလဒ်ကောင်းမည်။ အိမ်တွင်းရေး အရှုပ်အရှင်း ရှိမည်။
ကံကောင်းစေတဲ့ နံပါတ် – ၁,၂,၄
ကံကောင်းစေတဲ့အရောင် – နံ့သာရောင်
ယတြာ – အိမ်ဘုရားမှာ ပန်းဆပ်ကပ် လှူဒါန်းပါ။

စနေ

နိုင်ငံခြားအလုပ်လျှောက်ထားပါက အဆင်ပြေမည်။ အလုပ်ရမည်။ စာချုပ်စာတမ်း ချုပ်ဆိုရမည်။ ပညာရေးအောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် နားရောဂါဖြစ်မည်။ အချစ်ရေးကောင်းမည်။ ထီပေါက်ကိန်းရှိမည်။
ကံကောင်းစေတဲ့ နံပါတ်- ၃,၅,၇
ကံကောင်းစေတဲ့အရောင် – ပုစွန်ဆီရောင်
ယတြာ – အိမ်သန့်ရှင်းရေးလုပ်ပြီး ဖိနပ် အဟောင်း၊ အဝတ်ဟောင်းတွေစွန့်ပစ်ပါ။

ရေးသားသူ –မိုးယံ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး