သွေးတိုး ၊ ကျောက်ကပ် ကျောက်တည်တာကို ကာကွယ်ပေးနိုင်တဲ့ ပြောင်းဖူးမွှေး သံပုရာပြုတ်ရည်

Health

သွေးတိုး ၊ ကျောက်ကပ် ကျောက်တည်တာကို ကာကွယ်ပေးနိုင်တဲ့ ပြောင်းဖူးမွှေး သံပုရာပြုတ်ရည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သွေးတိုး ၊ ကျောက်ကပ် ကျောက်တည်တာကို ကာကွယ်ပေးနိုင်တဲ့ ပြောင်းဖူးမွှေး သံပုရာပြုတ်ရည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သွေးတိုး ၊ ကျောက်ကပ် ကျောက်တည်တာကို ကာကွယ်ပေးနိုင်တဲ့ ပြောင်းဖူးမွှေး သံပုရာပြုတ်ရည်

ပြောင်းဖူးမွှေးက သွေးတိုးကျစေပြီး ကျောက်ကပ်ကျောက်တည်တာကို ကာကွယ်ပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ဆီး ကျိတ်ရောင်ရမ်းတာ၊ ဆီးချို၊ နှလုံးရောဂါ၊ သွေးတိုး တို့ကို ကာကွယ်ပေးနိုင်ပါတယ်။

ပြောင်းဖူးမွှေးက ဆီးသွားတဲ့နှုန်း ကို တိုးစေပြီး ကျောက်ကပ်ထဲမှာ ကျောက်တွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ကျောက်ကပ်ထဲမှာ ကျောက်ရှိနေပြီးသားဆိုရင်တော့ လျော့အောင် မလုပ်ပေးနိုင်ပါဘူး။ဒီနေ့ခေတ်မှာ သွေးတိုးက အဖြစ်များတဲ့ ရောဂါ တစ်မျိုးဖြစ်လာပါပြီ။ ပြောင်းဖူးမွှေး ရေနွေးကြမ်းက သွေးတိုးကို ကျစေပါတယ်။ဆီးချိုကို ကာကွယ်ပေး နိုင်သလို ပြောင်းဖူးမွှေးမှာ သွေးအတွင်း အချိုဓာတ်ကို နည်းအောင် ပြုလုပ်နိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။သွေးအတွင်း မ ကောင်းတဲ့ ကိုလက်စထရောဓာတ်တွေများလာရင်

သွေးကြောတွေအတွင်းမှာ အနယ်ကျလာတာတွေများလာ ပါ တယ်။ အနယ်ကျလာတာတွေများလာရင် သွေးကြောကျဉ်းပြီး နှလုံးရောဂါတွေဖြစ်စေနိုင်ပါတယ်။

ပြောင်းဖူးမွှေးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

ပြောင်းဖူးမွှေးအစို သို့မဟုတ် အခြောက် နဲ့ သံပုရာသီးဖျော်ရည် ပြုလုပ်နည်း- ရေကို ဆူအောင်လုပ်ပါ။

ရေ ဆူလာရင် ပြောင်းဖူးမွှေးကို ထည့်လိုက်ပါ။ မိနစ်အနည်းငယ်လောက် ဆူအောင် ထား လိုက်ပါ။ အညိုရောင်ပြောင်းသွားရင် ချ လိုက်ပါ။ပြောင်းဖူးမွှေးတွေကို ဖယ်ပြီး

အေးအောင် ထားလိုက်ပါ။ အရသာ ကောင်းအောင် သံပုရာသီးဖျော်ရည်ထည့် လိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ရက်အနည်းငယ်ထားလိုက်ပါ။

ရေးသားသူ – shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။