သတင်းထောက် Lee Jin Ho ဖော်ထုတ်ခဲ့တဲ့ BTSအဖွဲ့ဝင် Jung Kook နဲ့ သရုပ်ဆောင် Lee Yoo Bi တို့ရဲ့ဒိတ်တင်သတင်း

Celebrity International News
သတင်းထောက် Lee Jin Ho ဖော်ထုတ်ခဲ့တဲ့ BTSအဖွဲ့ဝင် Jung Kook နဲ့ သရုပ်ဆောင် Lee Yoo Bi တို့ရဲ့ဒိတ်တင်သတင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သတင်းထောက် Lee Jin Ho ဖော်ထုတ်ခဲ့တဲ့ BTSအဖွဲ့ဝင် Jung Kook နဲ့ သရုပ်ဆောင် Lee Yoo Bi တို့ရဲ့ဒိတ်တင်သတင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သတင်းထောက် Lee Jin Ho ဖော်ထုတ်ခဲ့တဲ့ BTSအဖွဲ့ဝင် Jung Kook နဲ့ သရုပ်ဆောင် Lee Yoo Bi တို့ရဲ့ဒိတ်တင်သတင်း

BTSအဖွဲ့ဝင် Jung Kook ကတော့ နာမည်ကျော်တစ်ယောက်ဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်တစ်ယောက်လည်း ဖြစ်ပါတယ်။ သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Lee Jin Ho ကတော့ Jung Kook ရဲ့ဒိတ်တင်သတင်းကို ထုတ်ဖော်ခဲ့ပါတယ်။

သူကတော့ You Tube ချန်နယ်မှာ BTSအဖွဲ့ဝင် Jung Kook နဲ့ သရုပ်ဆောင် Lee Yoo Bi တို့ဟာ ပြီးခဲ့တဲ့နှစ်မေလမတိုင်ခင်အထိဒိတ်နေကြတယ်လို့ ဆိုပါတယ်။ သူကတော့ Jung Kook တို့နှစ်ဦးကိုအသေးစိတ်လေ့လာပြီးနောက် နှစ်ယောက်စလုံးနဲ့သိတဲ့အတွင်းသိတစ်ယောက်ကတဆင့် (၂၀၂၁) မတိုင်ခင်အထိချိန်းတွေ့နေကြတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ (၂၀၂၁) မတိုင်ခင်အထိတွဲနေကြတာဖြစ်နိုင်ပြီး ပြီးခဲ့တဲ့နှစ်မေလနောက်ပိုင်းမှာ ဆက်လက်တွဲနေကြသလားဆိုတာ မသေချာဘူးလို့ဆိုပါတယ်။

Jung Kook နဲ့ Lee Yoo Bi တို့နှစ်ဦးဟာ ဆင်တူလက်ပတ်လေးတွေဝတ်ဆင်ထားကြတာမျိုးရှိပြီး နာမည်ကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Chanel အိတ်ကိုလည်း Lee Yoo Bi ကိုဝယ်ပေးဖူးတယ်လို့ သိရပါတယ်။ Jung Kook ဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလမှာ ဂျယ်ဂျူးကျွန်းကိုအမျိုးသမီးတစ်ဦးနဲ့သွားခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာ Lee Yoo Bi ရဲ့အင်စတာဂရမ်အကောင့်မှာ ဂျယ်ဂျူးကိုရောက်ရှိနေတဲ့ပုံရိပ်တွေကို တင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရေးသားသူ – Cele gabar

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။