အဆိုတော် R ဇာနည်ကို လေးစားကြောင်း ထုတ်ဖော်ပြောကြားလိုက်တဲ့ ဒေါက်ာနေစိုးမောင်

Celebrity
အဆိုတော် R ဇာနည်ကို လေးစားကြောင်း ထုတ်ဖော်ပြောကြားလိုက်တဲ့ ဒေါက်ာနေစိုးမောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဆိုတော် R ဇာနည်ကို လေးစားကြောင်း ထုတ်ဖော်ပြောကြားလိုက်တဲ့ ဒေါက်ာနေစိုးမောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဆိုတော် R ဇာနည်ကို လေးစားကြောင်း ထုတ်ဖော်ပြောကြားလိုက်တဲ့ ဒေါက်ာနေစိုးမောင်
ကျွန်တော်နှင့် Rဇာနည်

 

တလောက Rဇာနည်ကို ဝေဖန်သည့် post လေးတစ် ခု တက်လာပါသည်။ လူတစ်ဦးမှ နိုင်ငံကျော်အဆိုတော်ကြီး စားသောက် ဆိုင်တစ်ခုတွင် ဆူရှီလိပ်နေသည်ဟုပုံနှင့်တစ်ကွတင်လိုက်ရာ Rဇာနည် ၏ fan များက သူ့အပေါ်ထောက်ခံသည့် comments များဖြင့် ပြန်လည် တုံ့ပြန်ခဲ့ကြပါသည်။ မိမိကိုယ်တိုင်လည်း သမ္မာအာဇီဝ လုပ်ကိုင်ခြင်းအတွက် ဂုဏ်ယူကြောင်း comment ရေးတင်ခဲ့ပါသည်။

ဆရာက ကိုRဇာနည်ကိုလေးစားခဲ့ဖူးသည့်အကြောင်း အရာ တစ်ခုရှိခဲ့ဘူးပါသည်။ ထိုစဉ်ကဆရာဆေးတက္ကသိုလ် တစ်ခုတွင် ကထိကအဖြစ်တာဝန်ထမ်း ဆောင်နေစဉ်ဖြစ်ပြီး ဆေးလိပ်ကင်းစင်ရေး ဆောင်ရွက်နေစဉ် ဖြစ်ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် ဆေးလိပ်ကြော်ငြာများ မပိတ်ပင်ခင်ကာလဖြစ်ပြီး Rဇာနည်ကလည်း ဆေးလိပ်ကြော်ငြာတစ်ခုကို ထုတ်လွင့်နေချိန်ဖြစ်ပါသည်။

ဆရာနှင့် Rဇာနည် show ပွဲတစ်ခုတွင် အနီးကပ်ဆုံပါသည်။ ထိုအခါ ဆရာက ဆေးလိပ်ကြော်ငြာများကို နိုင်ငံတကာတွင် ပိတ်ပင်ထားကြောင်း အနုပညာရှင်များ ဆေးလိပ်ကြော်ငြာခြင်းသည် လူငယ်များကို အတုယူမှား စေနိုင်ကြောင်း ပြောပြခဲ့ပါသည်။

Rဇာနည်က သူမသိခဲ့ပါ၍ စီးပွါးရေးသဘောအရလာငှါးသော ကြောင့် ရိုက်ခဲ့မိပါကြောင်း နောက်နောင်ရှောင်ကြဉ် ပါမည် ဟုယဉ်ကျေးချေငံစွာပြန်ပြောသဖြင့် ထိုစဉ်ကတည်းက ဝမ်းသာလေးစားခဲ့ရပါသည်။ တိုအချိန်ကဆံပင်ရှည်ရှည်နှင့် ဝတ်စားဆင်ယင်မှုကြောင့် လမ်းသူရဲဟု လူတချို့က သဘောထားနေသူတစ်ဦး နာမည်ကြီး အဆိုတော် တစ်ဦး ထံမှယဉ်ကျေးချေငံစွာပြန်ပြောခြင်း အတွက် အံ့ဩမိခဲ့ရပါသည် ….

ရေးသားသူ – Dr. Nay Soe Maung

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။