ဝ-ရုတ်အစိုးရအပေါ် အားပေးထောက်ခံသည့် သဘော ဖြေကြားမှုကြောင့်ဝေဖန်ခံနေရတဲ့ Donnie Yen

Celebrity International News
ဝ-ရုတ်အစိုးရအပေါ် အားပေးထောက်ခံသည့် သဘော ဖြေကြားမှုကြောင့်ဝေဖန်ခံနေရတဲ့ Donnie Yen

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝ-ရုတ်အစိုးရအပေါ် အားပေးထောက်ခံသည့် သဘော ဖြေကြားမှုကြောင့်ဝေဖန်ခံနေရတဲ့ Donnie Yen ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝ-ရုတ်အစိုးရအပေါ် အားပေးထောက်ခံသည့် သဘော ဖြေကြားမှုကြောင့်ဝေဖန်ခံနေရတဲ့ Donnie Yen

Donnie Yen ဟာ 2019 က ဖြစ်ပွားခဲ့တဲ့ ဟောင်ကောင် အရေးအခင်းနဲ့ ပတ်သတ်ပြီး ပြီးခဲ့တဲ့လက GQ နဲ့ အင်တာဗျူးမှာ “အဲ့တာက ဆန္ဒပြပွဲမဟုတ်ဘူး။ ဆူပူအကြမ်းဖက်မှုပဲ။ ကျွန်တော် အခုပြောနေတာက လူတွေ ဒီဖြစ်ရပ်အပေါ် ခံစားရတဲ့ ခံစားချက်တွေ ပြောင်းလဲ ချင်တာမဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်၊ ကျွန်တော့်မိတ်ဆွေတွေ ကိုယ်တိုင် အဲ့ဖြစ်ရပ်မှာ ရှိခဲ့ကြလို့ ဒီအတွေ့အကြုံတွေကို ပြန်ပြီး ပြောပြတာပါ။ ကျွန်တော် ပြောတာတွေမှာ နိုင်ငံရေး မဆန်ချင်ဘူး။ ကျွန်တော့်ရဲ့ စကားတွေကို လူအများ လက်ခံလိမ့်မယ်လို့ မထင်ဘူး။ ကျွန်တော့်စကားတွေက ကျွန်တော် ကြုံတွေ့ခဲ့ရတာအပေါ် အခြေခံပြီး ပြောတာပါ” ဆိုပြီး ပြောခဲ့ပါတယ်။

ယခုကဲ့သလို ဝ-ရုတ်အစိုးရအပေါ် အားပေးထောက်ခံသည့် သဘော ဖြေကြားမှုကြောင့် Hong Kong တက်ကြွလှုပ်ရှားသူ Tong Wai-hung က ဦးဆောင်ပြီး “Donnie Yen ကို အော်စကာ တင်ဆက်သူ အဖြစ်မှ ထုတ်ပေးပါ” Online Campaign ကို လုပ်ဆောင်လာတာ ဖြစ်ကြောင်း BBC မှ ဖော်ပြလာပါတယ်။

Donnie Yen Oscar Petition

ဟောင်ကောင် သရုပ်ဆောင် Donnie Yen ကို Oscar စင်မြင့်ထက်ပေါ် မတက်စေလိုသူ အခုဆို (၁)သိန်းကျော်အထိ ရှိလာပါပြီ။ ၎င်း Online Campaign မှာ Donnie Yen ဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်သူ၊ Hong Kong ရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်သူ စသည်ဖြင့် ဖော်ပြထားတာတွေလည်း တွေ့ရပါတယ်။ Donnie Yen ကို Oscar Presenter အဖြစ် ပါဝင်စေခြင်းက ရုပ်ရှင်လောကရဲ့ ပုံရိပ်ကို ပျက်ပြားစေလိမ့်မယ်လို့ ဆိုထားကြပါတယ်။ Online လက်မှတ်ရေးထိုးမှုကို Change.org Website မှာ ပြုလုပ်ထားပါတယ်။

ဒီအကြောင်းနဲ့ပတ်သတ်ပြီး Oscar အဖွဲ့အစည်းဘက်မှ တုန့်ပြန်လာတာ မရှိသလို Donnie Yen ဘက်ကလည်း ပြောကြားလာခြင်းမျိုး မရှိသေးပါဘူး။ အော်စကာ ဆုပေးပွဲကိုတော့ (မြန်မာစံတော်ချိန်အရ) လာမယ့်တနင်္လာနေ့ မနက်အစောပိုင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်ဗျာ။

ရေးသားသူ – Heroes for Myanmar

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။