ခြေဖမိုးရောင်ရမ်းခြင်းနှင့် ရွက်ကျပင်ပေါက်

Health
ခြေဖမိုးရောင်ရမ်းခြင်းနှင့် ရွက်ကျပင်ပေါက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခြေဖမိုးရောင်ရမ်းခြင်းနှင့် ရွက်ကျပင်ပေါက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခြေဖမိုးရောင်ရမ်းခြင်းနှင့် ရွက်ကျပင်ပေါက်

ရွက်ကျပင်ပေါက်အရွက်ကို ၊မီးကင်ပြီး ရောင်နေသောခြေဖမိုးပေါ် နှမ်းဆီပါးပါးသုတ်၍ အရွက်ခပ်နွေးနွေး အနေအထားမှာ ကပ်ပေးပါ။ပထမတစ်ရက်နှှင့်ပင်ပျောက်သလောက်ရှိ၍ငါးရက်ခန့်ကပ်ပေးပါက လုံးဝသက်သာပျောက်ကင်းပါသည်။

ရွက်ကျပင်ပေါက်၏ စွမ်းအင်

မြန်မာ့ဆေးကျမ်းများအလိုအရ ၎င်းဆေးပင်သည် အနာများကိုစင် ကြယ်အောင်သုတ်သင်တတ်၏။ အသားနုတက်စေတတ်၏။

သွေးများကိုချုပ်စေ၏။ သွေးကြောငယ်များတွင် များစွာအကျိုးပြု ၏။သွေးကြောငယ်များကို တွန့်ခြင်း၊ရှူံ့ခြင်းဖြစ်စေတတ်သဖြင့် အရေပြားမှ လည်းကောင်း၊ဝမ်းသွားရာမှလည်းကောင်း၊မြင်းသရိုက်ရောဂါမှလည်းကောင်း၊နှာခေါင်း၊ပါးစပ်၊ခံတွင်းမှလည်း ကောင်း ယိုကျသောသွေးများကို လျှင်မြန်စွာ ချုပ်တည်းစေနိုင်၏။

ရွက်ကျပင်ပေါက်ဖြင့် ကုသနိုင်သောရောဂါများအနက် ယိုစီးကျသောသွေးများကိုရပ်တန့်စေရာတွင် နတ်ဆေးသဖွယ်စွမ်း၏။

ထိခိုက်ရှနာ၊နှင့်သွေးစိမ်းထွက်သောအနာများကို ရွက်ကျပင် ပေါက် မီးကင်၍ကပ်ပေးပါက၊ သွေးများရပ်စဲ၍အနာကျက်လွယ်၏။ထိခိုက်ရောင်ရမ်းသောဒဏ်ရာများကို မီးကင်၍ကပ်ပေးပါက ရောင်ရမ်းခြင်းကျဆင်း၌ ဒဏ်ရာများသက်သာပျောက် ကင်း ၏။မီးလောင်နာ၊ အဆစ်လွှဲ အကြောထုံးခြင်းများအတွက်၊ အရွက်ကြိတ်ရည် လိမ်းပေးပါက သက်သာပျောက်ကင်း၏။

သွေးကျ၍ ခြေဖမိုးရောင်သူများ၊ ဖောရောင်နေသောနေရာကို အရွက်မီးကင်၍ကပ်ပေးပါက အဖောအရောင်ကျ၏။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။