ကံပွင့်လာဘ်ပွင့် ယတြာ နှင့် လာဘ်ဖွင့်သောကျင့်စဉ်

Astrology
ကံပွင့်လာဘ်ပွင့် ယတြာ နှင့် လာဘ်ဖွင့်သောကျင့်စဉ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကံပွင့်လာဘ်ပွင့် ယတြာ နှင့် လာဘ်ဖွင့်သောကျင့်စဉ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကံပွင့်လာဘ်ပွင့် ယတြာ

လာဘ်ပိတ် ကံပိတ် စီးပွားပိတ် ဖြစ်နေသူများအတွက် …. ။
ပူဖောင်းတစ်လုံးထဲမှာ အဝါရောင်ပန်းပွင့် များကို ခြွေပြီးထည့်ပါ…။ ရေမွှေး အနည်းငယ် ထည့်ပါ…..။ ရေ အနည်းငယ်ထည့်ပါ……။

၄င်း ကံဖွင့်ကံမြှင့်လာဘ်ပွင့် ပူဖောင်းကို ချိတ်ပါ…….။ ၄င်းပူဖောင်းရဲ့ အောက်တည့်တည့်မှာ … ထိုင်၍ ဖြစ်စေ … မတ်တပ်ရပ်၍ ဖြစ်စေနေပါ..။

မျက်လုံးကို မှိတ်ပြီး ကံပွင့်လာဘ်ပွင့်ဖြစ်ဖို့ …ငွေတွေ၀င် လာဘ်တွေရွှင်ဖို့အတွက် အသေအချာ အာရုံပြုပြီးဆုတောင်းပါ…….။

၅မိနစ်ခန့် အားရကျေနပ်အောင် ဆုတောင်းပြီးတဲ့အခါ …” အောင်ပြီ “လို့ အားနဲ့ မာန်နဲ့ ခပ်ကျယ်ကျယ်အော်ပြီး … ။

ခေါင်းအထက်မှာရှိနေတဲ့ ကံဖွင့် ကံမြှင့် ပူဖောင်းကို မိမိကိုယ်တိုင်ဖြစ်စေ ။
တခြား တစ်ယောက်ယောက်ကို ခိုင်း၍ ဖြစ်စေ အချွန်တစ်ခုခုဖြင့် ဖောက်ခွဲပစ်လိုက်ပါ….။

ပူဖောင်းထဲမှာရှိနေတဲ့ ရေမွှေးများ ၊ အဝါရောင် ပန်းပွင့်များ မိမိခေါင်းပေါ်သို့ ကျလာပြီ ဆိုသည်နှင့် ယတြာအောင်မြင်သွားပါပြီ ။

လာဘ်ဖွင့်သောကျင့်စဉ်

မိမိ မွေးနေ့ မနက် စောစော တွင် အိမ်ရှိဘုရား၌ အိုးတစ်အိုးထဲ ရေသန့်သန့်ထဲ့ပြီး သပြေပန်း များ စိုက် လှု ပါ ။
အလင်းတိုင် ၁ တိုင်
နံသာတိုင် ၁ တိုင် ပူ ဇော် ပါ ။
ပူ ဇော် သော အ ခါ…..
“ဘုရား တပည့်တော် သည် ဘုရား တရား သံဃာ
ဟု့ ဆို အပ် သော မြတ် ရတနာ ၃ ပါး အား ဤ အလင်း ရောင် များ အမွှေး နံသာ များ နှင့် အောင်သ ပြေ ပန်း များ လှုဒါန်း ပါ ၏ အရှင် ဘုရား “လှု ဒါန်း ပြီး က မေတ္တာ သုတ် ရွတ် ပါ ။မေ တ္တာ ပို့ပါ ။

မိမိ တို့ နေ့စဉ် ရွတ် ဖတ်နေကျ ပရိတ်တရားတော်များလည်း ရွတ်ဖတ် နိုင်ပါသည် ။

ပြီးလျှင် ..အောက်ပါဂါထာအား တစ်ပုဒ်လုံးဆုံးမှ ပု တီး(၁} လုံးချ ဖြင့် ပုတီး (၁၀)ပတ် ပွား များရ ပါ မည် ။ ပွားများပြီး အမျှ ဝေပါ ။

စတုလောက ပါလ နတ်မင်းကြီးများ သာသနာ
တော်စောင့် နတ် မင်း ကြီးများအား အထူး အမျှ
ဝေပါ ။

အ ဓိဋ္ဌာန်ရက်သည် (၉) ရက် ဖြစ်ပါသည် ။
ပန်းညှိုးလျှင် အသစ်လဲပါ ။

အ ကာ လိ ကော ဓမ္မော
ဧ ဟိ ပ ဿိ ကော ဓမ္မော
သြပ နေ ယ်ိကော ဓ မ္မော
လာ ဘံ လာ ဘံ ဒေ ဟိ…
( တစ် ခေါက်ဆုံးမှ ပုတီးတစ်လုံး ချရပါမည်)

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။