ChatGPT ကို အကျပ်ကိုင် နံပါတ်တောင်းရာက ထိုင်းထီ ဘတ် ၂,၀၀၀ ပေါက်သွားတဲ့ ထိုင်းအမျိုးသား

International News
ChatGPT ကို အကျပ်ကိုင် နံပါတ်တောင်းရာက ထိုင်းထီ ဘတ် ၂,၀၀၀ ပေါက်သွားတဲ့ ထိုင်းအမျိုးသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ChatGPT ကို အကျပ်ကိုင် နံပါတ်တောင်းရာက ထိုင်းထီ ဘတ် ၂,၀၀၀ ပေါက်သွားတဲ့ ထိုင်းအမျိုးသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ChatGPT ကို အကျပ်ကိုင် နံပါတ်တောင်းရာက ထိုင်းထီ ဘတ် ၂,၀၀၀ ပေါက်သွားတဲ့ ထိုင်းအမျိုးသား

လောင်းကစား လောကမှာ အယူသီးမှု အမျိုးမျိုးရှိတဲ့ကြားက အခုနောက်ဆုံး ကမ္ဘာမှာ စိုးထိတ်စရာ ကောင်း လောက်အောင် ထွန်းကား ပေါ်ပေါက်လာနေတဲ့ ဉာဏ်ရည်တု (AI) စနစ်ဟာ လောင်းကစား ကံစမ်းသူတွေ အတွက် ယုံကြည်မျှော်ကိုးရာ တစ်ခုအဖြစ် ထပ်တိုးလာပြန်ပါတယ်။

ဧပြီ ၁ ရက်နေ့က ထွက်တဲ့ ထိုင်းအစိုးရ ထီ ၂ လုံးတိုက် ဘတ် ၂,၀၀၀ ဆုကို ပေါက်သွားတဲ့ ထိုင်းအမျိုးသား ပက်သာဝီကွန်းဘိုနင်းက သူ့ကို ဒီဂဏန်းပေါက်အောင် AI chatbot ဖြစ်တဲ့ ChatGPT က ဂဏန်းပေးခဲ့တာလို့ ဖေ့စ်ဘုတ်မှာ တင်ခဲ့ပြီး ဟိုးလေးတကျော် ဖြစ်လာလို့ မီဒီယာတွေကပါ အင်တာသွားဗျူးရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

လူတွေ မေးသမျှ အားလုံးနီးပါး ဖြေဆိုပေးနိုင်တဲ့ ChatGPT မှာ ပက်သာဝီကွန်းက ကြိမ်ဖန်များစွာ ပေါက်ဂဏန်း တောင်းခဲ့ရာမှာ ChatGPT က ခန့်မှန်းလို့ မရနိုင်တဲ့ ထီသာဖြစ်တယ်၊ ကံနဲ့ပဲ ဆိုင်တယ်လို့ ဖြေပြီး ထီလောင်းကစားမှာ စွဲလမ်းခြင်းကို စွန့်လွှတ်လို့ လေ့ကျင့်ခန်းလုပ်ပါလို့တောင် ပြန်ဆုံးမခဲ့ပါတယ်။

ဒါပေမဲ့ ပက်သာဝီကွန်းဟာ အားမလျှော့စတမ်း ကြိမ်ဖန်များစွာ ထီပေါက်ဂဏန်းကို ထပ်ကာထပ်ကာ တောင်းဆို သလို နောက်ဆုံး ထိုင်းထီ သမိုင်း ကလန်ဒါတွေကိုပါ ချပြပြီး မေးတော့မှာ ၅၇ ၊ ၂၇၊ ၂၉ နဲ့ ၉၉ ဆိုတဲ့ ဂဏန်း ၄ ကွက်ကို ပေးခဲ့ကြောင်း၊ ဒီအထဲက ၉၉ က ပေါက်ဂဏန်း ဖြစ်သွားခဲ့တာလို့ CatDumb မီဒီယာနဲ့ အင်တာဗျူးမှာ ရှင်းပြသွားခဲ့ပါတယ်။

ပက်သာဝီကွန်းရဲ့ ဒီဖြစ်ရပ်ကို ဖေ့စ်ဘုတ်မှာ တင်ခဲ့တော့ Reaction ၂၇၀၀ ကျော်နဲ့ Comment ၁၂၀၀ ကျော် ရှိခဲ့ပြီး အများစုက ဘိုးတော်၊ ဘုန်းကြီး၊ အိပ်မက်ပေးဂဏန်တွေအစား AI ပေးဂဏန်းတွေကိုလည်း ထည့်စဉ်းစားရတော့ မယ်လို့ Comment ပေးခဲ့ကြကြောင်း သိရပါတယ်။

ရေးသားသူ – Techno Learn

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။