“သိကြားစမတန်ခိုးပြယတြာ”

Astrology
“သိကြားစမတန်ခိုးပြယတြာ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “သိကြားစမတန်ခိုးပြယတြာ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“သိကြားစမတန်ခိုးပြယတြာ”

ကျွန်တော်တို့ လူသားဘ၀တွင် တစ်ခုမဟုတ် တစ်ခုဆိုသလို လိုအပ်ချက်တွေက များပြားလှပါတယ် ။ စက်ဘီး မရှိသေးသူက စက်ဘီး လိုချင်တယ် ။စက်ဘီး ရှိတဲ့သူက ဆိုင်ကယ် လိုချင်တယ် ။ဆိုင်ကယ် ရှိတဲ့သူက ကား လိုချင်တယ် ။ကားရှိတဲ့သူက ရှိပြီးသား အိမ်ထက် ကောင်းတဲ့ အိမ်ကောင်းကောင်းလေး ထပ်လိုချင်တယ် ။ ဒါမှမဟုတ် တိုက်လှလှလေး တစ်လုံးလောက် ထပ်လိုချင်တယ် ။ ကားရှိသွားတဲ့သူက နောက်ဆုံးပေါ် တန်ဖိုးကြီးကြီး မော်ဒယ်အမြင့်စား ဖုန်းအကောင်းစား လိုချင်ပြန်တယ် ။

ဒီတော့ ကျွန်တော်တို့ လူသားတွေရဲ့ လိုချင်မှုတွေက အဆုံးအစ မရှိ ဖြစ်နေပါတော့တယ် ။

အခုလို လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ထူးခြားဂမ္ဘီရ ယတြာကို ကျွန်တော်တို့ရဲ့ အနန္တကျေးဇူးရှင် အဘဆရာကြီး ဒေါက်တာမင်းသိင်္ခက (၇)ရက်သားသမီးအပေါင်းကို ဆရာစားမချန်ပဲ ချပြပေးခဲ့ပါတယ် ။ အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် အောင်မြင်မှု ရရှိခဲ့တဲ့ ၊ အောင်မြင်မှု ရရှိနေတဲ့ ယတြာ ဖြစ်ပါတယ် ။

ယတြာ ပြုလုပ်နည်း

ယတြာ ပြုလုပ်နည်းကတော့ ပထမဆုံး ဖီးကြမ်း ငှက်ပျောသီးမှည့်မှည့် (၁၀)လုံးကို ရွှေရောင်အနားကွပ် ကြွေပန်းကန်ပြားတစ်ချပ်မှာ အခွံနွှာပြီး ထည့်ပါ ။ ပြီးရင် သကြား (၁၅)ကျပ်သားကို ငှက်ပျောသီးတွေ ဖုံးအောင် လောင်းထည့်ပေးပါ ။ လောင်းထည့်ပြီးရင်တော့ ပုံမှာပြသထားတဲ့ သိကြားစ’မ စက္ကူကို ဖယောင်းတစ်တိုင်မှာ ကော်သုပ်ကပ်လို့ ကြွေပန်းကန်အလယ် ထိုးစိုက် ပေးပါ ။

ပြီးရင် မနက်ဖြန် (သောကြာနေ့) နံနက် ၅:၀၀နာရီတိတိမှာ သိကြားမင်းကို ရည်မှန်းလို့ နေအိမ်ရှေ့ဘက် ကွင်းပြင် သို့မဟုတ် ဘုရားခန်းအောက်နားတွင် ခုံငယ်ပေါ်တင်ပြီး ဘိုးတော် သိကြားမင်းထံကို လိုရာဆုတောင်း တင်လှူပေးလိုက်ပါ ။ လိုရာဆု တစ်ဆု တောင်းခံပေးပါ ။

(ယခု ယတြာကို နောက်ကျစွာ တွေ့မြင်ရသူတွေအနေနဲ့လည်း လာမယ့် တနင်္ဂနွေနေ့ နံနက် ၅:၀၀နာရီမှာ ပြုလုပ်နိုင်ကြပါသေးတယ် ။ ဒီလိုပဲ မနက်ဖြန် သောကြာနေ့မှာ အခု ယတြာပြုလုပ်ပြီး တနင်္ဂနွေနေ့မှာ ထပ်မံ ပြုလုပ်လိုကြသူတွေရှိခဲ့ရင်လည်း တဖန် ပြုလုပ်နိုင်ပါတယ် ခင်ဗျာ ။ )

စ’မ ဖယောင်းတိုင် မီးငြိမ်းပြီးဆုံး အောင်မြင်သွားရင်တော့ ငှက်ပျောသီးတွေကို မိသားစု ဝိုင်းဖွဲ့ စားသောက်ကြတာမျိုး ၊ သို့မဟုတ် အနီးအနားက ကလေးသူငယ်တွေကို ခေါ်ယူ ကျွေးမွေး ဒါနပြုတာမျိုး အဆင်ပြေသလို ပြုလုပ်နိုင်ပါတယ် ။

မိတ်ဆွေတွေရဲ့ တော်တည့်မှန်ကန်တဲ့ လိုအပ်ချက်များ ပြည့်စုံနိုင်ကြပါစေခင်ဗျာ ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။