နာရီပေါင်း ၁ သန်းကြာ ထွန်းလင်းနေတဲ့ မီးသီး

International News
နာရီပေါင်း ၁ သန်းကြာ ထွန်းလင်းနေတဲ့ မီးသီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နာရီပေါင်း ၁ သန်းကြာ ထွန်းလင်းနေတဲ့ မီးသီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နာရီပေါင်း ၁ သန်းကြာ ထွန်းလင်းနေတဲ့ မီးသီး

ကယ်လီဖိုးနီးယားပြည်နယ်၊ လီဗာမိုးမြို့ မီးသတ်ဌာနရဲ့ အမှတ်(၆) မီးသတ်စခန်းမှာ ထွန်းထားတဲ့ မီးသီးဟာ နှစ် ၁၀၀ ကျော်ကြာ ထွန်းလင်းခဲ့ပါတယ်။ အဲဒီမီးသီးကို ၁၉၀၁ ခုနှစ်ကတည်းက ထွန်းထားခဲ့တာဖြစ်ပြီး ဆယ်စုနှစ်များစွာ ထွန်းလင်းနေတဲ့ ဒီမီးသီးရဲ့ တာရှည်ခံမှုကို သတင်းထောက် Mike Dunstan က ၁၉၇၂ ခုနှစ်မှာ သတိထားမိခဲ့တာဖြစ်ပါတယ်။

နာရီပေါင်း ၁ သန်းကြာ ထွန်းလင်းခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်မှာ လီဗာမိုးမြို့ အရာရှိတွေက Centennial Light (ရာစုနှစ်အလင်း) ပွဲ ကျင်းပခဲ့ပါတယ်။ ဒီမီးသီးဟာ အချိန်အကြာဆုံး ထွန်းလင်းတဲ့မီးသီးအဖြစ် ဂင်းနက်စ်စံချိန်လည်း တင်နိုင်ခဲ့ပါတယ်။

အဲဒီမီးသီးဟာ ၃၀ ဝပ် မီးသီးဖြစ်ပေမဲ့ အခုအခါမှာတော့ အလင်းရောင်အလွန်မှိန်ပျနေပြီး ၄ ဝပ် အလင်းရောင်ပဲ မြင်ရပါတော့တယ်။ ကာဗွန်ဖိုက်ဘာကြိုးသုံး အဲဒီမီးသီးကို ပြင်သစ်အင်ဂျင်နီယာ အဒေါဖီချိုင်လက်က တီထွင်ပြီး မူပိုင်ခွင့် လျှောက်ထားခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။