အက်စစ်ဖြင့် ရန်ပြုခံခဲ့ရတဲ့ သူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ရှရွတ်ခန်း

Celebrity International News
အက်စစ်ဖြင့် ရန်ပြုခံခဲ့ရတဲ့ သူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ရှရွတ်ခန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အက်စစ်ဖြင့် ရန်ပြုခံခဲ့ရတဲ့ သူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ရှရွတ်ခန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အက်စစ်ဖြင့် ရန်ပြုခံခဲ့ရတဲ့ သူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ရှရွတ်ခန်း

ဘုရင်ခန်းလို့ သူ့ချစ်ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ ဘောလိဝုဒ်ထိပ်တန်းမင်းသားကြီး ရှရွတ်ခန်းဟာ မကြာသေးခင်ကမှ သူ့အသင်းရဲ့ Indian Premier League (IPL) ပွဲအတွက် ကာလကတ္တားမြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ Meer Foundation ကတဆင့် အက်စစ်ဖြင့် ရန်ပြုခံခဲ့ရတဲ့သူအနည်းငယ်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ သူတွေ့ဆုံခဲ့တဲ့ ပုံတွေကို သူ့ပရိသတ်တွေက လူမှုကွန်ယက်ပေါ် တင်ခဲ့ကြတာပါ။

အက်စစ်နဲ့ အပက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာတွေရထားတဲ့ အမျိုးသမီးတစ်ဦးချင်းစီနဲ့ ဓာတ်ပုံအတူ တွဲရိုက်ထားတာကို ပုံတွေမှာ တွေ့ရပါတယ်။ ရှရွတ်ခန်းက အဲဒီလူတွေနဲ့ စကားစမြည်ပြောခဲ့ကြသလို အဖွဲ့လိုက်ပုံလည်း ရိုက်ခဲ့ကြပါတယ်။

ရှရွတ်ခန်းက အလုပ်အချိန်ဇယားတွေနဲ့ ပြည့်နေပေမဲ့ သူ့ရဲ့ပရိသတ်တွေနဲ့ အပြန်အလှန်ဆက်ဆံပြောဆိုဖို့ အမြဲကြိုးစားခဲ့တာပါ။ ပရိုမိုးရှင်းဆင်းတဲ့အချိန်ပဲဖြစ်ဖြစ် အပြင်မှာ သီးသန့်လူချင်းတွေ့ဆုံပြီးတော့ပဲဖြစ်ဖြစ်ပါ။ အခုဆို အက်စစ်ဖြင့် ရန်ပြုခံခဲ့ရတဲ့သူတွေနဲ့ ရှရွတ်ခန်း တွဲရိုက်ထားတဲ့ ပုံတွေက လူမှုကွန်ယက်မှာ ပျံ့နှံ့လို့နေပါတယ်။ ရှရွတ်ခန်းက သူ့ရဲ့ဖောင်ဒေးရှင်းကတဆင့် အက်စစ်နဲ့ ရန်ပြုခံခဲ့ရတဲ့သူတွေကို ၂၀၁၃ ခုနှစ်ကတည်းက ပံ့ပိုးကူညီပေးခဲ့တာပါ။

ရှရွတ်ခန်းရဲ့ Meer Foundation ဟာ ကန်ဂျဝါလာရွာလေးက အသက် ၂၀ အရွယ်မိန်းကလေး အန်ဂျလီ ဆင်းချ်ရဲ့မိသားစုကို ငွေတွေ ထောက်ပံ့ပေးခဲ့ပါတယ်။ ဘယ်လောက်ငွေပမာဏရှိလဲဆိုတာကိုတော့ ဖောင်းဒေးရှင်းက ထုတ်ပြောပြမထားပါဘူး။

အန်ဂျလီ ဆင်းချ်ဆိုတဲ့ မိန်းကလေးက အပြင်းအထန် ကားနဲ့အတိုက်ခံရပြီး thayဆုံးသွားခဲ့တာပါ။ အန်ဂျလီက သူ့အမေနဲ့ မွေးချင်းမောင်နှမတွေကို ရှာကျွေးနေရတဲ့သူပါ။ The Meer Foundation ရဲ့ရည်ရွယ်ချက်က အန်ဂျလီရဲ့မိသားစုကို ကူညီပေးဖို့ပါ။ အထူးသဖြင့် အန်ဂျလီရဲ့မွေးချင်းမောင်နှမတွေကို ထောက်ပံ့ပေးရင်း သူ့အမေရဲ့ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။