ဗုဒ္ဓဟူး သားသမီးအတွက် ဘဝ တစ်သက်တာ ဗေဒင် ဟောကိန်း

Astrology
ဗုဒ္ဓဟူး သားသမီးအတွက် ဘဝ တစ်သက်တာ ဗေဒင် ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဗုဒ္ဓဟူး သားသမီးအတွက် ဘဝ တစ်သက်တာ ဗေဒင် ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဟူး သားသမီးအတွက် ဘဝ တစ်သက်တာ ဗေဒင် ဟောကိန်း

ဗုဒ္ဓဟူး သားသမီးများအတွက် ဘဝတစ်သက်စာဟောစာတမ်း နှင့် ယတြာများ - Mega Wave

ဗုဒ္ဓဟူးနေ့၌ ဖွားသော သားသမီးတို့သည် အရပ် မနိမ့်မမြင့် ရှိလိမ့်မည်။ ဝတ်စား တန်ဆာတို့ကို ယဉ်ကျေးဖွယ်ရာ ဟန်ပါပါနှင့် ဝတ်စားဆင်ယင်တတ်လိမ့်မည်။ ၎င်းပြင် စိတ်ထားသဘောထား ဖြောင့်မည်။ ပျော်ပျော်ရွှင်ရွှင် နေထိုင်လေ့ရှိမည်။

စကားအရာ အင်္ဂါလေးတန်နှင့် ကျေပွန်စွာ ပြေပြေပြစ်ပြစ် ပြောဆိုတတ်မည်။ သိက္ခာ သမာဓိနှင့် ပြည့်စုံစွာ နေထိုင်လေ့ ရှိလိမ့်မည်။ သို့ဖြင့်ပင်လျှင် ကျမ်းဂန်များ၌ ” ဆံထိုး ခေါင်းတုံး သတင်းသုံးနှင့် နှလုံးဖြောင့်လှ ရွှင်ပလိုလား စကားပြေပြစ် ” ဟု ဂြဟစိန္တာကျမ်း၌ လာ၏။

၎င်း ဗုဒ္ဓဟူးနေ့ သားသမီးတို့သည် မွေးဖွား၍ အသက် ၁၇နှစ် အတွင်းမှာ စီးပွား လယ်မြေ ရွှေငွေ ကျွန်သင်း ဆင် မြင်း ကျွဲ နွား ဆန်စပါးတို့မှ စ၍ တိုးပွားစည်ပင် ထင်ရှားအောင် အကျိုးပေးလိမ့်မည်။ ၎င်းပြင် ဆရာသမား ကောင်းများနှင့် ပညာများ သင်ကြားရပြီးလျှင် အများလူတို့ ချီးမွမ်းခြင်းခံရအောင် လျင်မြန်စွာပင် ပညာကို တတ်မြောက်လိမ့်မည်ဟု အဟောရှိ၏။ ၁၇နှစ်အတွင်း၌ မွေးဖွားပြီးမှ ၃၊ ၅၊ ၇၊ ၉၊ ၁၁၊ ၁၃၊ ၁၅၊ ၁၇နှစ်များတွင် သောမဂြိုဟ်များ သက်ရောက် ကြုံသောကြောင့် စုတ်ရော၊ လာဘ်ရော အားကြီး၍ အလွန်တရာ ကောင်းပေသည်။

အသက် ၁၅နှစ်၊ ၁၇နှစ်များမှာ ရုပ်ရူပကာယ ခပ်လှလှနှင့် အပြောအဆို ကောင်းသော စုတ် မိန်းကလေးများနှင့် တွေ့လိမ့်မည်။ စုတ်လာဘ် အားကြီး၍ အလွန်တရား ကောင်းသောနှစ် ဖြစ်၏။ ကံဇာတာ ကောင်းသောကြောင့် နေမကောင်း ထိုင်မသာ ရှိပါသော် အခြေ နှစ်ချောင်းများ၊ လူကြီးမိဘများက ခမဲပေးလျှင် နေကောင်းလိမ့်မည်။ အသက် ၁၇နှစ်ကကျော် အသက် ၁၈နှစ်က စ၍ စနေ ပါပဂြိုဟ်သို့ ဂြိုဟ်စားသောကြောင့် ၂၇နှစ် အတွင်း ညံ့သည်ဟု အဟောထုတ်သည်။

သို့ကြောင့် ဆွေမျိုးသားချင်းများနှင့် မသင့်မတင့် ရှိတတ်ခြင်း ကြုံမည်။ သို့သော် စနေဂြိုဟ်သည် မိမိ မွေးနေ့နံ ဗုဒ္ဓဟူးနှင့် ဒန်းလှဟူသော မိတ် ကြုံသောကြောင့် မထောင်းသာ။

အသက်၂၇နှစ်အတွင်း အသက် ၂၀၊ ၂၂၊ ၂၄နှစ်များမှာ ပါပဂြိုဟ်များ သက်ရောက်သောကြောင့် သာ၍ ညံ့ပေသည်။ ထိုနှစ်များတွင် စိတ်ထားကြမ်းသော မိန်းမများ တွေ့လိမ့်မည်။ ဆင်ခြင်ပါလေ။ ၎င်းပြင် မိန်းမဖြစ်ပါက ဆဲဆို ရိုက်နှက်တတ်သော ယောက်ျားများနှင့် တွေ့တတ်သည်။ ဆင်ခြင်၍ လက်ခံပါလေ။ ဘုန်းတော်ကြီးများ ဖြစ်လျှင် စုတ် မိန်းမများ နှောင့်ယှက်၍ သနား ဂရုဏာနှင့် လူအထွက် များတတ်လေသည်။

ကြပ်ကြပ်ကြီး ဆင်ခြင်ရမည်ဟု အဟောထွက်လေသည်။ အသက် ၂၇နှစ်က ကျော်လျှင် ကြာသပတေး သောမဂြိုဟ် စားသောကြောင့် အသက် ၄၆နှစ်အတွင်း ရေတွေ့သော ရွှေကြာ ပဒုမ္မာ ပွင့်လန်းသကဲ့သို့ စီးပွားလမ်း ဖြောင့်တန်း တိုးတက်၍ အထက်က မင်း အစိုးရတို့က မစသောကြောင့် အကြီးအကဲ မြို့စား ရွာစား ဖြစ်လိမ့်မည်ဟု အဟောထုတ်လေသည်။

အသက် ၂၉၊ ၃၁၊ ၃၃၊ ၃၅၊ ၃၇၊ ၃၉၊ ၄၁၊ ၄၃၊ ၄၅နှစ်များတွင် သောမဂြိုဟ်များ သက်ရောက်ကြုံသော နှစ်များ ဖြစ်သောကြောင့် စီးပွားချမ်းသာ ရတနာရွှေငွေ၊ အထွေထွေနှင့် လာဘ်သပ်ပကာတို့သည် ထပ်ကာထပ်ကာ တိုးပွား၍ ထင်ရှားအောင် ချမ်းသာနိုင်သော နှစ်များဟု မှတ်ပါလေ။ ထို နှစ်အတွင်းတွင် အလှူကြီး ကျောင်းကြီး တန်ဆောင်းကြီးများ ဆောက်လုပ် လှူဒါန်း ရတတ်သည်။

ကျောင်း ဒါယကာ၊ ကျောင်းအမ ဖြစ်ပေလိမ့်မည်။ စုတ်လည်း တိုးလိမ့်မည်။ (ကြာသပတေးဂြိုဟ်၏ ဂြိုဟ်သက်မှာ ၁၉နှစ် ဖြစ်ပါသည်။) အသက် ၄၆နှစ် အကျော် ၄၇နှစ်မှစ၍ ရာဟု ပါပဂြိုဟ် စားသောကြောင့်၊ အသက် ၅၈နှစ်အထိ (ရာဟုဂြိုဟ် ဂြိုဟ်သက် ၁၂နှစ်တိုင် ဂြိုဟ်စားသောကြောင့်) ညံ့သည်။

ထို ကာလအတွင်း လေနာ၊ ရင်နာ၊ ဝမ်းနာ၊ တရေးအထူးထပ်၍ ဥပဒ်လေးများ ပေးတတ်၏။ ပေးရုံမက လုပ်ခင်းဆောင်တာ ရောင်းရာ ဝယ်ရေး ခွင့်မပေးသောကြောင့် မအေးအောင် သောကများ တတ်သည်။ အသက် ၅၂နှစ်မှာ ရာဟုဂြိုဟ်သို့ ဂြိုဟ်စား သက်ရောက် ကြုံကြခြင်းသည် တစ်ချက် ဘုမ္မိဂြိုဟ်သို့ ရောက်ခြင်း တစ်ချက်တို့ကြောင့် သာ၍ပင်ညံ့သည်။ သို့ကြောင့် ကျမ်းဂန်များ၌ အာဏာကြီးမား ရာဟုစားမူ ဥစ္စာပျက်ပြုန်း နှလုံးမသာ ဝမ်းအနာလည်း ရပ်ပါက ပေးတတ်လှ၏ဟု ရှေးပညာရှိများ စပ်ဆိုခဲ့လေသည်။ ဗုဒ္ဓဟူး သားသမီးများသည် ရာဟုဂြိုဟ်စားသော အသက် ၄၇နှစ်မှ ၅၈နှစ်အတွင်း ၁၂နှစ် ကြာလေသည်။

ယတြာအဖြစ် -အိမ်၏ အနောက်တောင် အရပ်တွင် လိမ်ပင် (သို့မဟုတ်) ဝါးပင်ကို ရှင်အောင် စိုက်ရမည်ဖြစ်၏။

ဗုဒ္ဓဟူး သားသမီးသည် အညံ့ဆုံးနှစ်မှာ ၄၇နှစ်၊ ၅၅နှစ်များတွင် ဘုမ္မိကြီးကျသောနှစ် ဖြစ်သည်။ ဘုမ္မိ ၂ထပ် ကျသောနှစ်မှာ ၅၂နှစ် ဖြစ်၏။) အသက် ၅၈နှစ်က အကျော်၊ ၅၉နှစ်မှ ၇၉နှစ်အထိ သောမ သောကြာဂြိုဟ် စားသောကြောင့် အလွန်ကောင်းပေသည်။ စီးပွား လယ်မြေ၊ ရွှေငွေ စိန်ကျောက် ထိန်ထိန်တောက်အောင် ဖြိုးမောက် တကယ် အကျိုးပေးလိမ့်မည်။

ထို့ပြင် ကထိန် သင်္ကန်း ရဟန်း ပရိက္ခရာ စုံလင်စွာနှင့် ဝိဟာရ ရွှေကျောင်း တန်ဆောင်း ပြာသာဒ်များနှင့်တကွ ဆောက်လုပ် လှူဒါန်းရပြီးလျှင် လောက၌ ဂုဏ်ရည် မညှိုးရအောင် ဟိုးဟိုးတောက် ကောင်းစားပေလိမ့်မည်။

အသက် ၆၃၊ ၆၅၊ ၆၇၊ ၆၉၊ ၇၁နှစ်များ သောမဂြိုဟ် သက်ရောက် ကြုံသောကြောင့် သာ၍ ကောင်းသည်။ အသက် ၇၉ နှစ်က ကျော်လျှင် ၁နွေ ရန်ဂြိုဟ်သို့ ကူးပြောင်း၍ ဂြိုဟ်စားသဖြင့် ညံ့လိမ့်မည်ဟု မှတ်ပါလေ။ (တနင်္ဂနွေဂြိုဟ်၏ ဂြိုဟ်သက်မှာ ၆နှစ် ဖြစ်၏။) အသက် ၈၅ နှစ်က ကျော်လျှင် တနင်္လာ သောမဂြိုဟ် (ကုလား) မိတ်ဂြိုဟ် စားသောကြောင့် အသက် ၁၀၀ ထိ ကောင်းစားနိုင်သည်ဟု မှတ်ပါလေ။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။