ခင်ပွန်းနှင့်အတူ ဖျော်ဖြေနေတုန်း ပေ ၃၀ အမြင့်က ပြုတ်ကျခဲ့တဲ့ တရုတ်ကျွမ်းဘားမယ် thayဆုံး

International News
ခင်ပွန်းနှင့်အတူ ဖျော်ဖြေနေတုန်း ပေ ၃၀ အမြင့်က ပြုတ်ကျခဲ့တဲ့ တရုတ်ကျွမ်းဘားမယ် thayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခင်ပွန်းနှင့်အတူ ဖျော်ဖြေနေတုန်း ပေ ၃၀ အမြင့်က ပြုတ်ကျခဲ့တဲ့ တရုတ်ကျွမ်းဘားမယ် thayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခင်ပွန်းနှင့်အတူ ဖျော်ဖြေနေတုန်း ပေ ၃၀ အမြင့်က ပြုတ်ကျခဲ့တဲ့ တရုတ်ကျွမ်းဘားမယ် thayဆုံး

Acrobat Falls to Her Death During a Routine With Her Husband

ဖျော်ဖြေပွဲမှာ ပေ ၃၀ အမြင့်ကနေ ပြုတ်ကျခဲ့လို့ တရုတ်ကျွမ်းဘားမယ်တစ်ဦး thayဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က တရုတ်နိုင်ငံ အလယ်ပိုင်း အန်ဟွေးပြည်နယ်၊ ဟူးကောင်းရွာ ဖျော်ဖြေပွဲမှာ အခုလို ဖြစ်ခဲ့တာပါ။

ကျွမ်းဘားကစားပြတဲ့ လင်မယားနှစ်ဦးက ကျန်းမိုမိုနဲ့ ဆန်းမိုမိုလို့ အမည်ရပြီး နှစ်ယောက်လုံး အသက် ၃၇ နှစ်အရွယ် ရှိပါပြီ။ ခင်ပွန်းဖြစ်သူ ကျန်းမိုမိုရဲ့ လက်တစ်ဖက်စီမှာ ကြိုးတစ်စစီ ချည်ထားပြီး ကရိန်းက ဆွဲတင်လိုက်ချိန်မှာ ဆန်းမိုမိုက ကျန်းမိုမိုနဲ့ ခြေချင်းယှက်လိမ်ကာ သူ့ခေါင်းကို ကိုင်ထားခဲ့တာပါ။ အဲဒီနောက်မှာ ဆန်းမိုမို လက်လွတ်ထွက်သွားပြီး ပေ ၃၀ အမြင့်ကနေ စင်ပေါ်ကို ပြုတ်ကျခဲ့တာပါ။ ကျန်းမိုမိုက ခြေထောက်နဲ့ ချိတ်ပြီး လှမ်းဖမ်းဖို့ ကြိုးစားခဲ့ပေမဲ့ မမီခဲ့ပါဘူး။

ဆန်းမိုမိုကို ဆေးရုံ အရေးပေါ်တင်ပို့ခဲ့ပေမဲ့ ဆေးရုံအရောက်မှာ ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားခဲ့တာပါ။ အစောပိုင်းထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ဖျော်ဖြေပွဲမတိုင်ခင် ကျန်းမိုမိုနဲ့ ဆန်းမိုမိုတို့ စကားများခဲ့ကြပြီး ဆန်းမိုမိုက လုံခြုံရေးကိရိယာတွေ ဝတ်ဆင်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျန်းမိုမိုက အဲဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီး သူတို့လင်မယား အချင်းများခဲ့တာမျိုး မရှိဘူးလို့ ဖြေရှင်းခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ လုံခြုံရေးခါးပတ် (သို့) လုံခြုံရေးပိုက်ကွန် ဘာကြောင့် တပ်မထားတာလဲဆိုတာကို လူအများက မေးခွန်းထုတ်ခဲ့ကြပြီး ကျွမ်းဘားကစားနည်းအပေါ် လုံခြုံရေးစည်းမျဉ်းတွေ တင်းကျပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

မွေးမြူရေးလုပ်ငန်းပိုင်ရှင်တစ်ယောက်ရဲ့ ငှားရမ်းမှုကြောင့် Anhui Yaxi Performing Arts Media Company က ဒီပွဲကို ဖျော်ဖြေခဲ့တာပါ။ ကုမ္ပဏီဘက်က thayဆုံးသူ ကျွမ်းဘားမယ်ရဲ့ မိသားစုကို နစ်နာကြေးပေးဖို့ သဘောတူညီမှု ရယူခဲ့ပြီး ဒီဖြစ်ရပ်မှာ ကရိန်းအသုံးပြုမှုက စည်းမျဉ်းတွေကို ချိုးဖောက်ရာ ရောက်ခဲ့တာကြောင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ကလည်း ကုမ္ပဏီကို ဒဏ်ရိုက်မယ်လို့ ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။