ကနေဒါလေဆိပ်မှာ အကြီးမားဆုံး ရွှေဖောက်ထွင်းမှုတစ်ခု ဖြစ်ပွား

International News
ကနေဒါလေဆိပ်မှာ အကြီးမားဆုံး ရွှေဖောက်ထွင်းမှုတစ်ခု ဖြစ်ပွား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကနေဒါလေဆိပ်မှာ အကြီးမားဆုံး ရွှေဖောက်ထွင်းမှုတစ်ခု ဖြစ်ပွား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကနေဒါလေဆိပ်မှာ အကြီးမားဆုံး ရွှေဖောက်ထွင်းမှုတစ်ခု ဖြစ်ပွား

Toronto airport gold heist: Police says $15m of valuables stolen -  MyJoyOnline.com

ကနေဒါနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး ရွှေဖောက်ထွင်းမှုတစ်ခု တိုရွန်တိုပီယာဆင်နိုင်ငံတကာလေဆိပ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဧပြီလ ၁၇ ရက်က အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် တန်ကြေးရှိတဲ့ ရွှေနဲ့ အဖိုးတန်ပစ္စည်းတွေ ခိုးယူခံခဲ့ရတာပါ။

အွန်တာရီယိုပြည်နယ်မှာ တူးဖော်တဲ့ ရွှေတွေကို တိုရွန်တိုပီယာဆင်လေဆိပ်ကနေ တင်ပို့တာပါ။ ဧပြီလ ၁၇ ရက် ညနေက လေယာဉ်ပေါ် တင်ဆောင်မယ့် အဖိုးတန် container တစ်လုံး လေဆိပ်ကို ရောက်လာခဲ့ပြီး လေဆိပ်ကုန်လှောင်ရုံကို ပို့ဆောင်ခဲ့ပါတယ်။ လေဆိပ်ကုန်လှောင်ရုံမှာ ဖောက်ထွင်းမှုဖြစ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ယုံကြည်နေပါတယ်။

$15M in gold and other valuables stolen in Toronto airport heist

အဲဒီ container ဟာ ၅ စတုရန်းပေရှိတယ်လို့ ဒေသဆိုင်ရာ ရဲမှူးက ဆိုပေမဲ့ အလေးချိန် ဘယ်လောက်ရှိသလဲဆိုတာကိုတော့ ဖော်ပြခြင်းမရှိပါဘူး။ ဒါ့အပြင် ဘယ်လေကြောင်းကနေ တင်ဆောင်လာခဲ့တာလဲ၊ ဘယ်နေရာက တင်ဆောင်လာခဲ့သလဲဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဒီဖြစ်ရပ်ဟာ ဖောက်ထွင်းဂိုဏ်းတွေနဲ့ ဆက်နွှယ်နေဖွယ်ရှိတယ်လို့ ဆိုပေမဲ့ အတပ်ပြောဖို့ အချိန်မတန်သေးဘူးလို့ ရဲမှူးက ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။