မြေးကို ပြန်ပေးဆွဲပြီး သမီးအရင်းဆီကနေ ငွေညှစ်ခဲ့သူ

International News
မြေးကို ပြန်ပေးဆွဲပြီး သမီးအရင်းဆီကနေ ငွေညှစ်ခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြေးကို ပြန်ပေးဆွဲပြီး သမီးအရင်းဆီကနေ ငွေညှစ်ခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြေးကို ပြန်ပေးဆွဲပြီး သမီးအရင်းဆီကနေ ငွေညှစ်ခဲ့သူ

တရုတ် တစ်နိုင်ငံလုံး အံ့အားသင့်ခဲ့တဲ့ဖြစ်ရပ်ပါ။ လောင်းကစား စွဲနေတဲ့ ၆၅ နှစ်အရွယ် တရုတ်အမျိုးသားက သူ့မြေးကို ပြန်ပေးဆွဲပြီး သူ့သမီးဆီကနေ ယွမ် ၅ သိန်း ငွေညှစ်ခဲ့တာပါ။ ယွမ်လို့ အမည်ရတဲ့ အမျိုးသားဟာ ၄ နှစ်အရွယ် မြေးမလေးကို ကျောင်းသွားကြိုပြီး အိမ်ပြန်ခေါ်လာရမယ့်အစား ကလေးမိခင်ကို ဖုန်းဆက် ခြိမ်းခြောက်ကာ ငွေညှစ်ခဲ့ပါတယ်။ ကလေးကို ပြန်တွေ့ချင်ရင် ယွမ် ၅ သိန်းပေးပါလို့ ခြိမ်းခြောက်ခဲ့တာပါ။ ကလေးကို thetမယ်လို့ပါ ခြိမ်းခြောက်ခဲ့ပါတယ်။

ကလေးမိခင်က သူ့အဖေရဲ့လုပ်ရပ်ကို အံ့အားသင့်တုန်လှုပ်ပြီး ရဲကို ဖုန်းဆက် တိုင်ကြားခဲ့တာပါ။ ဒီဖြစ်ရပ်က ဘယ်တုန်းက ဖြစ်ခဲ့သလဲဆိုတာ တိတိကျကျ မသိရပါဘူး။ ဒါပေမဲ့ ယွမ်ကတော့ သူ့လုပ်ရပ်ကြောင့် အခု ထောင်ကျနေပြီလို့ Shanghai Law စာစောင်က ဖော်ပြပါတယ်။

ယွမ်ကတော့ ဒီလိုတွေဖြစ်ရတာ သူ့သမီးကြောင့်လို့ ပြစ်တင်ခဲ့ပြီး သူ့သမီးက သူ့ကို thayစေချင်နေတာလို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်လူမှုကွန်ရက် အသုံးပြုသူ အများစုကတော့ ယွမ်ဟာ အဖေလို့ မခေါ်ထိုက်သူ၊ အဖိုးလို့ မခေါ်ထိုက်သူဖြစ်ကြောင်း ရှုတ်ချခဲ့ကြပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။