ယူကရိန်းမှာ အခမဲ့ကော်ဖီဆိုင် ဖွင့်ထားတဲ့ ဂျပန်အဘိုးအို

International News
ယူကရိန်းမှာ အခမဲ့ကော်ဖီဆိုင် ဖွင့်ထားတဲ့ ဂျပန်အဘိုးအို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ယူကရိန်းမှာ အခမဲ့ကော်ဖီဆိုင် ဖွင့်ထားတဲ့ ဂျပန်အဘိုးအို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယူကရိန်းမှာ အခမဲ့ကော်ဖီဆိုင် ဖွင့်ထားတဲ့ ဂျပန်အဘိုးအို

ယူကရိန်းနိုင်ငံရောက် အသက် ၇၅ နှစ်အရွယ် ဂျပန်အဘိုးအို ဆုချီကိုဟာ ယူကရိန်းနိုင်ငံသားတစ်ဦးနဲ့ တွဲဖက်ပြီး အခမဲ့ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။ လူမှုကွန်ရက်ကတစ်ဆင့် ဂျပန်နိုင်ငံသားတွေ လှူဒါန်းပေးကြတဲ့ အလှူငွေကိုသုံးပြီး ဆုချီကိုက သူ့ဆိုင်မှာ တစ်ရက်ကို လူ ၅၀၀ နှုန်းအထိ ကျွေးမွေးနေတာပါ။

ဆုချီကိုဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပြီး ရုရှားကျူးကျော်စစ် ပြင်ဆင်နေပြီဖြစ်လို့ ဂျပန်သံရုံးက သူ့ကို ယူကရိန်းနိုင်ငံအတွင်းက ထွက်ခွာသွားဖို့ တိုက်တွန်းခဲ့ပါတယ်။ သူက ပိုလန်နိုင်ငံ ဝါဆောမြို့ကို ထွက်ခွာသွားပေမဲ့ ၂ လအကြာမှာ ယူကရိန်းကို ပြန်လာပြီး လူသားချင်းစာနာထောက်ထားမှု ပရဟိတဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့တာပါ။

သူဟာ ခါကိဗ်မြို့ မြေအောက်ဘူတာရုံမှာ ၇ လကြာ ခိုလှုံခဲ့ပြီး လူတွေကို အစားအစာ ဝေမျှပေးတဲ့ ပရဟိတဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။