ကြာသပတေး သားသမီးအတွက် ဘဝ တစ်သက်တာ ဗေဒင်ဟောကိန်း

Astrology
ကြာသပတေး သားသမီးအတွက် ဘဝ တစ်သက်တာ ဗေဒင်ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြာသပတေး သားသမီးအတွက် ဘဝ တစ်သက်တာ ဗေဒင်ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကြာသပတေး သားသမီးအတွက် ဘဝ တစ်သက်တာ ဗေဒင်ဟောကိန်း

ကြာသပတေးသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း... - Wedding Guide

ကြာသပတေးနေ့၌ မွေးဖွားသော သားသမီးတို့သည် ပညာများနှင့် ဖြစ်စေ၊ ပစ္စည်း ဥစ္စာများနှင့် ဖြစ်စေ၊ ဂုဏ်ဒြပ် ကြီးလိမ့်မည်။ အရပ် ခပ်ပုပုရှိမည်။ မျက်လုံးများ ကြည်ကြည် လင်လင်နှင့် အလွန်တရား ကြည့်ရှု့ဖွယ် ကောင်းလိမ့်မည်။ ခြေမှာ ဖြစ်စေ၊ နဖူးမှာ ဖြစ်စေ စာအမှတ် ပါတတ်သည်ဟု ဂြဟစိန္တာကျမ်းမှာ အဟောရှိလေ၏။

ထို ကြာသပတေးမှာ မွေးဖွားသော သားသမီးတို့သည် မွေးဖွား၍ ၁၉နှစ်အတွင်း သောမဂြိုဟ် စားသောကြောင့် များစွာပင် ကောင်းသည်ဟု အဟောထွက်လေသည်။ (ကြာသပတေးဂြိုဟ်၏ ဂြိုဟ်သက်မှာ ၁၉နှစ်ရှိပါသည်။)

ဆရာကောင်း သမားကောင်းများနှင့် တွေ့၍ ပညာများကို တတ်လွယ်စေနိုင်သည်။ လူများ နတ်များမှ စ၍ ချစ်ခင်လိမ့်မည်။ ရောဂါဝေဒနာ ကင်းလိမ့်မည်။ လူကြီးမိဘတို့၏ အချီးအမြှောက် အမ အစ ခံရမည်။ အသက် ၁၉နှစ် အတွင်း၌ အသက် ၁၇နှစ်၊ ၁၉နှစ်ကား သောမဂြိုဟ် သက်ရောက်သောကြောင့် စုတ်လာဘ် အလွန် အားကြီး၍ လိမ္မာရေးခြား စကားချေငံ ကြန်အင်လက္ခဏာ ပြည့်စုံစွာသော ချစ်စရာ ကောင်းလှသော မိန်းကလေးများနှင့် ဖူးစာများ နှံရလိမ့်မည်။ မိန်းကလေးဖြစ်က သမာဓိသိက္ခာ ပြည့်စုံစွာနှင့် သာယာပြေပြစ်အောင် ပြောဆိုတတ်သော လင်ကောင်း သားကောင်းများနှင့် အကြောင်းပါတတ်သည်။ ၎င်းနှစ် တပေါင်းလ၊ ကဆုန်လတို့၌ စုတ်တိုးရမည်ဟု အဟောထွက်၏။

ထို့ကြောင့် ကျမ်းဂန်များ၌ ပပဝတီ နတ်ထက်လှကို ရသောနှစ်ပေ၊ ကဆုန်နွေနှင့် တောင်လေပြောင်းစ၊ တပေါင်းလဝယ်၊ မြို့ပြကျေးရွာ၊ နေရာမည်ရည်၊ ထီးစည်ကွမ်းခွက်၊ ဆောင်ရွက်ကြီးမား၊ မင်းသနားအံ့၊ ဆွေဝါးတကာ၊ စီးပွားလာ၍၊ မိရာဖရိုက်၊ သိမ်းပိုက်ရမြဲ၊ နွားကျွဲဆင်မြင်း၊ သင်းပင်းကျေးကျွန်၊ ဆန်ရေစပါး၊ ရွှေသားငွေခဲ၊ ဖြစ်မြဲကြည်ဖြူ၊ စိတ်တူကညာ၊ လိုရာကြံနိုင်၊ ပြီးစီးတိုင်အံ့ဟု ပညာရှိကြီးများ စပ်ဆိုခဲ့ပေသည်။

၎င်း ၁၇၊ ၁၈၊ ၁၉နှစ်များမှာ အလွန်တရား ကံကောင်းသောကြောင့်၊ စုတ်လာဘ် အလွန် အားကြီးလှသည်။ ထိုအချိန် အပျိုအရွယ်များ နေမကောင်း ထိုင်မသာ ရှိခဲ့ပါလျှင် ခြေနှစ်ချောင်း စုတ်များကို လူကြီးများက ခမဲပေးပါလေ သည်ကိုရည်၍ ကျမ်းဂန်များတွင် – – – အပျိုအရွယ် နွမ်းနယ်စိတ်ဖြင့် နာထုံလစ်မူ၊ ခြေနှစ်ချောင်းလျှင်၊ ပေးမှသင့်၏ဟု စပ်ဆိုလေသည်။

အသက် ၁၉နှစ်က ကျော်သော် အသက် ၂၀က ၃၁နှစ် အတွင်း ရာဟုဂြိုဟ်သို့ ဂြိုဟ်စားသဖြင့် အလွန်ညံ့၏။ (ရာဟုဂြိုဟ်သည် ပါပဂြိုဟ်ဖြစ်ပြီး ဂြိုဟ်သက်မှာ ၁၂နှစ် ရှိသည်။) အလုပ်အကိုင် အကြံအစည် ခပ်ပျက်ပျက် ရှိမည်။ လေနာ၊ ရင်နာ၊ ဝမ်းနာ ပေးတတ်သည်။ နေရပ်မတည်၊ အရွှေ့အပြောင်း များမည်။ နေထိုင်မကောင်းသော်၊ ဝက်သားများ ရှောင်ပါလေ။

အသက် ၃၂နှစ်က စ၍ အသက် ၅၂နှစ်အတွင်း၊ သောကြာဂြိုဟ် စားသောကြောင့် အလွန်ကောင်း၏။ စီးပွား လယ်မြေ၊ ဆန်ရေစပါး၊ ကျွဲနွားဆင်မြင်း၊ လုပ်ခင်းဆောင်တာ အရာရာတို့သည် သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များ မသည့်နှယ်၊ လောက၌ ဂုဏ်မညှိုးအောင်၊ ဟိုးဟိုးတောက် ကောင်းစားစေလိမ့်မည်။

အသက် ၃၃၊ ၃၅၊ ၄၁၊ ၄၃၊ ၄၉၊ ၅၁နှစ်များတွင် ပရိဝါယဂြိုဟ်၊ ရာဟုဂြိုဟ်၊ သောမဂြိုဟ် ၎င်းဂြိုဟ်များ သက်ရောက်ကြသောကြောင့် သာ၍ ကောင်းပေသည်။ ၎င်း နှစ်များတွင် ကထိန်သင်္ကန်း၊ ရဟန်း ပရိက္ခရာ စုံလင်စွာဖြင့် အလှူအတန်းများ ပြုလုပ်ရခြင်း၊ ဇရပ်၊ တန်ဆောင်း၊ ဂူကျောင်း၊ ဘုရားများ၊ တံတား ဆောက်လုပ် လှူဒါန်းရခြင်း ကုသိုလ်ထူးများ ပြုရပေလိမ့်မည်။

အသက် ၅၂နှစ်အထိ အလွန် ကောင်း၏။အသက် ၅၃နှစ်မှ စ၍ ၅၈နှစ်အထိ တနင်္ဂနွေ ပါပဂြိုဟ် စားသောကြောင့် ညံ့၏။ ရွှေငွေ အကုန်အကျ များမည်။ နေထိုင်မကောင်း ရှိမည်။ စိတ် ပူပင်သောက အလွန်များမည်။ ခိုင်းစေသော သူများအတွက် စိတ် မငြိမ်မသက် ရှိမည်။ အိုးအိမ်များ မီးလောင်တတ်သည်။ အရှေ့မြောက်အရပ်က သူခိုးများ ခိုးတတ်သည်ဟု အဟောရှိလေသည်။

သို့ကြောင့် ကျမ်းဂန်များ၌ တနင်္ဂနွေဂြိုဟ် စားလေမူ ရွှေငွေ ဥစ္စာ ကုန်တတ်စွာ၏။ ရောဂါလည်းရောက် သောကလည်းနှောက် တမှောင့်မှောင့်နှင့် ကျွန် ကြောင့်မငြိမ်၊ အိမ်ထောင်မီးတောက် အရှေ့မြောက်က မွှေနှောက်ခိုးသူ ဖျက်ဆီးယူလိမ့်ဟု စပ်ဆိုကြလေသည်။

သို့ကြောင့် အသက် ၅၈နှစ်အတွင်း တနင်္ဂနွေဂြိုဟ်မှာ ညံ့သည်။ အကယ်၍ ညံ့သော်လည်း တနင်္ဂနွေနှင့် ကြသပတေးသည် (အောင်ပ) ဟူသော မိတ်ဂြိုဟ် ဖြစ်၍ မထောင်းသာလှပေ။ (ကြာသပတေး သားသမီးသည် ဘုမ္မိဂြိုဟ် စားသောနှစ်မှာ တနင်္ဂနွေ ဂြိုဟ်စားသော အသက် ၅၃နှစ်မှ အသက် ၅၈နှစ်အထိ ၆နှစ် ဖြစ်သည်။ ထို နှစ်များသည် အလွန်ညံ့သည်။

ယတြာအဖြစ် – အိမ်၏ အနောက်မြောက်အရပ်တွင် ပိန်းမဟော်ရာ သို့မဟုတ် ဖားဂမုန်းကို ရှင်အောင် စိုက်ရမည်ဖြစ်၏။✴

အသက် ၅၅နှစ်သည် ဘုမ္မိကြီး ကျသည့် အညံ့ဆုံး နှစ်ဖြစ်သည်။ ဘုမ္မိ ၂ထပ် ကျသောနှစ် မရှိသဖြင့် ကံကောင်းသည်။) အသက် ၅၈နှစ် အကျော် ၅၉နှစ်က စ၍ ၇၃နှစ်အတွင်းမှာ တနင်္လာဂြိုဟ် သောမဂြိုဟ် စားသောကြောင့် များစွာ ကောင်းမည်ဟု အဟောရှိ၏။ (တနင်္လာဂြိုဟ် ဂြိုဟ်သက်မှာ ၁၅နှစ် ဖြစ်၏။)

ကုသိုလ် ကောင်းမှု၊ ဒါနများ အထူးပြုရခြင်း၊ စီးပွားချမ်းသာ ရတနာ ရွှေငွေ အထွေထွေသော လာဘ်သပ်ပကာတို့သည် ပဒေသာပေါက် မြေကရောက်သကဲ့သို့ ထွန်းတောက်ပွားတိုး ဂုဏ်သိန်မညှိုးရအောင် ဟိုးဟိုးတောက် ကောင်းစားပါလိမ့်မည်။

အသက် ၅၉၊ ၆၁၊ ၆၃၊ ၆၅၊ ၆၇၊ ၆၉၊ ၇၁နှစ်များတွင် သောမဂြိုဟ်သို့ သက်ရောက် ကြုံသောကြောင့် များစွာပင် ကောင်းသည်။ အသက် ၇၃နှစ်ကျော် ၇၄နှစ်ကစ၍ ၃င်္ဂါ ပါပဂြိုဟ်သို့ ဂြိုဟ်စားသောကြောင့် အသက် ၈၁နှစ်အတွင်း ညံ့လှ၏။ (အင်္ဂါဂြိုဟ် ဂြိုဟ်သက်မှာ နှစ် ဖြစ်၏။)

မိမိချစ်သော သူတိုနှင့် တကွဲတပြား နေရခြင်း၊ လူငယ်များ၊ အောက်လူများ တော်လှန်ခြင်းကို ခံရမည်။ သို့သော်လည်း အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်မှာ စိန်ပန်း ဓာတ်ကျသဖြင့် သိပ်မဆိုးပါ။ အသက် ၈၁နှစ်က အကျော် အသက် ၉၈နှစ်အထိ ၄ဟူး သောမဂြိုဟ် (ဂြိုဟ်သက် ၁၇ နှစ်) စားသောကြောင့် အလွန်ကောင်း၏။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ –ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။