ဇက်ကြောတက်ခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ

Health
ဇက်ကြောတက်ခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဇက်ကြောတက်ခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဇက်ကြောတက်ခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ

စစ်တမ်းများအရ လူတွေရဲ့၁၀ရာခိုင်နှုန်းမှာ ဇက်ကြောတက်ခြင်းဖြစ်ပေါ်နေတတ်ပြီး ၆၅ရာခိုင်နှုန်းကျော်လောက်က ဘဝမှာတစ်ခါတော့ခံစားဖူးကြတယ်လို့ဆိုပါတယ်။ဇက်ကြောတက်ခြင်းဖြစ်စေသော အခြေခံအကြောင်းရင်းတွေကတော့ လေ့ကျင့်ခန်းအလုပ်များခြင်း၊အိပ်စက်ပုံထိုင်ပုံ မမှန်ခြင်း၊ပုံစံတစ်ခုတည်းတွင်အထိုင်များခြင်း၊စိတ်ဖိစီးမှုများခြင်းတို့ ဖြစ်ပါတယ်။

ဇက်ကြောတက်ခြင်းကိုသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများကတော့ –

(၁)ရေခဲကပ်ခြင်း(လတ်တလောနာကျင်ခြင်း

အတွက်)ရေခဲအိတ်ကို ဇက်ကြောပေါ်တွင် ၂၅မိနစ်ခန့်ကပ်ပေးပါ။လောလောလတ်လတ်နာကျင်ခြင်းကိုသက်သာစေတဲ့အပြင်သွေးကြောတွေကိုကျဉ်းစေတဲ့အတွက် အယောင်ကျစေပါ

တယ်။ဒါပေမယ့်ရေခဲကို တိုက်ရိုက်မကပ်ပဲ အိတ်တစ်ခုထဲထည့်ပြိးမှ ကပ်ဖို့မမေ့ပါနဲ့။

(၂)အပူကပ်ပါ (နာတာရှည်နာကျင်ခြင်းအတွက်)ဆန် သို့ ဂျုံကို အိတ်အသေးထဲတွင်ထည့်ပြီးအပူပေးပါ။

ရေနွေးအိတ်ကိုလဲသုံးနိုင်ပါတယ်။ထိုအိတ်ကိုဇက်ပေါ်သို့ ၁၅မိနစ်ကပ်ပေးပါ။မနက်အိပ်ရာထနဲ့ လေ့ကျင့်ခန်းမပြုလုပ်ခင်ကပ်ပေးပါက ပိုထိရောက်ပါတယ်။ရေနွေးနဲ့ရေချိူးခြင်းကိုလဲ ပြုလုပ်နိုင်ပါတယ်။ရေချိူးတဲ့အခါ ဆားခါးထည့်ချိူးပါ။ဆားခါးတွင်ပါသော မက်နီဆီယမ်က ကြွက်သားတွေကို ပြေလျော့စေပါတယ်။

(၃)ဗီတာမင် ဘီ၁၂ပါသောအစာများစားပါ။သင့်

အာရုံကြောတွေကို ကာကွယ်ထားသော အလွှာကို

အားကောင်းစေပြီး နာကျင်ခြင်းကိုသက်သာစေပါတယ်။

(၄)နနွင်းစားပါ။ဟင်းထဲ နနွင်းထည့်ချက်ခြင်း၊ ရေနွေးထဲနနွင်းနဲ့ပျားရည်ခပ်သောက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

(၅)လည်ပင်းလေ့ကျင့်ခန်း။ဇက်ကြောနာကျင်ခြင်းကိုသက်သာစေတဲ့အပြင် လည်ပင်းကြွက်သားများကိုသန်မာစေပါတယ်။

လည်ပင်းကိုစက်ဝိုင်းပုံလှည့်ပါ။၃ကြိမ်ပြုလုပ်ပါ။လည်ပင်းကို ဘယ်ဘက်သို့တတ်န်ုင်သမျှလှည့်ပါ။

ထို့နောက်ညာဘက်ကိုလှည့်ပါ။၃ကြိမ်စီပြုလုပ်ပါ။

လည်ပင်းကို အပေါ် အောက် ၃ကြိမ်စီ လှည့်ပါ။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။