၁၃၈၅ခုနှစ် အင်္ဂါ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

Astrology
၁၃၈၅ခုနှစ် အင်္ဂါ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၃၈၅ခုနှစ် အင်္ဂါ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၃၈၅ခုနှစ် အင်္ဂါ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

ယခု ၁၃၈၅ခုနှစ်တွင် တစ်နှစ်ပတ်လုံး လုပ်သမျှ ကိုင်သမျှ အဆင်ပြေနေလိမ့်မည်။ အပြိုင်အဆိုင်များနှင့် အသားကျ၍ လုပ်ငန်းတူ ပြိုင်ဘက်များအပေါ် အောင်နိုင်မည်။ မိတ်ဆွေဟောင်းတို့၏ ကျေးဇူးကြောင့် မမျှော်လင့်ထားသော ဥစ္စာပစ္စည်းများ ရရှိတတ်မည်။ ကာယကံရှင် ကိုယ်တိုင် ပျင်းရိနေတတ်သည်။ ရပ်ဝေးခရီးတွေ သွားရမည်။ ခရီး သွားလာရာတွင် အထူး ဂရုစိုက်ပြီးမှ သွားပါ။ ပညာရေး ထူးချွန် ထက်မြတ်မည်။ ဘွဲ့ထူး၊ ဂုဏ်ထူးများ ရရှိမည့် နှစ်ဖြစ်သည်။ ကဆုန်လနှင့် နတ်တော်လများတွင် အကြောင်းတရား မရှိပဲ စိတ်ဆင်းရဲစရာ ကိစ္စရပ်များ ကြုံရလိမ့်မည်။

ဤ တစ်နှစ်လုံးတွင် အာမခံ မရဲပါနှင့်။ ဖခင်နှင့် ပတ်သက်၍ စိတ်ညစ်စရာ ကြုံရမည်။ အကြီးအကဲများနှင့် ပတ်သက်ပြီး အာမခံ မရဲသင့်ပါ။ ယခုနှစ်တွင် အချောင်ရသော ပိုက်ဆံ ငွေကြေး၊ တံစို့ လက်ဆောင်များကို သတိထားပြီးမှ လက်ခံပါ။ အမဲသား လုံးဝ မစားပါနှင့်။ အိုအိမ် နေရာ ပြောင်းရွေ့ခြင်း၊ အလုပ် နေရာ ပြောင်းရွေ့ခြင်းများ ကြုံတွေ့ရမည်။

လက်အောက် ငယ်သားများနှင့် ပတ်သက်၍ ကတိစကား လွန်သွားတတ်သည်။ ဆီ၊ ဆေး၊ ဆန် ရောင်းဝယ်ရေး၊ စိန်ကုန်သည် အစရှိသော စီးပွားရေး လုပ်ငန်းများမှ အကျိုးမြတ်များစွာ ရရှိတတ်သည်။ စိတ် တည်ငြိမ်မှုနည်းပြီး အပြောဆို ချွတ်ချော်ခြင်းကြောင့် လူအများ၏ ငြိုငြင်မှု ခံရတတ်သည်။

အိမ်တွင်းရေး ကိစ္စများတွင် မသိကျေးကျွန် ပြုတတ်ပြီး အများနှင့်ဆိုင်သော အကျိုးပြု လုပ်ငန်းများတွင် အချိန် ကုန်လွန်တတ်သည်။ ဘာသာရေးနှင့် ပတ်သက်သော အမှုကိစ္စများ အထူး ပြုလုပ်ရသော နှစ်ဖြစ်သည်။ ကျန်းမာရေးတွင် မျက်စိ၊ ကျီးပေါင်း ရောဂါဝေဒနာတို့ ခံစားရမည်။

ကြာသပတေး၊ တနင်္ဂနွေ သားသမီးတို့နှင့် အကျိုးပေးမည်။ အချစ်ရေးအတွက် ထူးခြားသော နှစ်ဖြစ်ပြီး ငယ်ရွယ်သူအဖို့ မင်္ဂလာသတင်း ကြားရမည်။ အပျို၊ လူပျိုများ တရားဝင် မင်္ဂလာဆောင်ရလိမ့်မည်။ အိမ်ထောင်ရေး သာယာမှုရှိပြီး ချောမွေ့သော အချစ်ရေးကို ပိုင်ဆိုင်ရမည်။ နားလည်မှု တည်ဆောက်နိုင်သော အိမ်ထောင်သုခကို ရရှိမည်။

ယတြာ – မွေးနေ့ မနက် ၉နာရီ ၁၈မိနစ် အချိန် အိမ်ဘုရားတွင် နို့ဆွမ်း ၃ပန်းကန် ဒါမှမဟုတ် အနံ့မွှေးသော ပန်းမျိုးစုံ ၉ပွင့်/ ၉ကုံး ကြိုက်ရာတစ်မျိုး ကပ်လှူပြီး လိုရာ ဆုတောင်းပါ။

တစ်ချို့သူတွေ ပြောထားတဲ့ အချိန်မှာ အဆင်မပြေလျှင် မွေးနေ့မှာ မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း ခုချိန်လဲ အဆင်မပြေလျှင် မနက် ၉နာရီတိ ဒါမှမဟုတ် နေ့လည် ၁၂နာရီ မကျော်ပဲ လှူရပါမည်။ အပတ်တိုင်း လုပ်ရပါမည်။ အပတ်တိုင်း လုပ်သွားနိုင်လျှင်တော့ ကောင်းပါသည်။ နေ့လည် ၁၂ကျော်ပြီး ကြိုက်တဲ့ချိန် စွန့်ပါ။ စားလို့လဲ စားလို့ရပါသည်။ စွန့်ပစ်ချင်လဲ စွန့်ပါ။ ကြိုက်သလို လုပ်ပါ။

မှတ်ချက်။ ။ မည်သည့် အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါသည်။ အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ စပြီး ကိုယ်သန့်စင်ပြီးသွားမှ လုပ်လို့ရပါမည်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။