ပါကစ္စတန်ကလေးငယ်တစ်ဦး ကျားလိင်အင်္ဂါ ၂ ခုနဲ့ စအိုမပါဘဲ မွေးဖွားလာ

International News
ပါကစ္စတန်ကလေးငယ်တစ်ဦး ကျားလိင်အင်္ဂါ ၂ ခုနဲ့ စအိုမပါဘဲ မွေးဖွားလာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပါကစ္စတန်ကလေးငယ်တစ်ဦး ကျားလိင်အင်္ဂါ ၂ ခုနဲ့ စအိုမပါဘဲ မွေးဖွားလာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပါကစ္စတန်ကလေးငယ်တစ်ဦး ကျားလိင်အင်္ဂါ ၂ ခုနဲ့ စအိုမပါဘဲ မွေးဖွားလာ

ပါကစ္စတန်ကလေးငယ်တစ်ဦးဟာ လိင်အင်္ဂါ ၂ ခုနဲ့ မွေးဖွားလာခဲ့ပြီး မွေးရာပါ စအို ပါလာခဲ့ခြင်း မရှိပါဘူး။ diphallia လို့ အမည်ရတဲ့ ဒီအခြေအနေဟာ ကလေးငယ် ၆ သန်းမှာ ၁ ဦးသာ ကြုံတွေ့နိုင်တာမျိုး ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ကျားလိင်အင်္ဂါ ၂ ခုနဲ့ မွေးဖွားလာတာမျိုးဆိုရင် ဆရာဝန်တွေက လိင်အင်္ဂါ ၁ ခုကို ခွဲစိတ်ဖယ်ရှားပေးလေ့ရှိပေမဲ့ ဒီကလေးငယ်ကတော့ လိင်အင်္ဂါ ၂ ခုလုံး အလုပ်လုပ်တဲ့အတွက် ဆရာဝန်တွေက ခွဲစိတ်ဖယ်ရှားမှု မလုပ်ခဲ့ပါဘူး။ ကလေးငယ် အစာဟောင်း စွန့်နိုင်စေဖို့အတွက် သူ့ကို စအို ဖောက်ပေးခဲ့ရပါတယ်။

ကလေးငယ် မွေးမွေးချင်းမှာပဲ ကြုံတောင့်ကြုံခဲ အခြေအနေမျိုးကို တွေ့ရှိခဲ့တာကြောင့် မိဘတွေက ကလေးငယ်ကို ပါကစ္စတန်ဆေးပညာသိပ္ပံရဲ့ ကလေးဆေးရုံ အရေးပေါ်ဌာနထံ ပို့ဆောင်ခဲ့ကြတာပါ။

ဒီလိုအခြေအနေမျိုးနဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ မွေးကင်းစအရွယ်မှာပဲ သေဆုံးသွားလေ့ရှိပေမဲ့ ပါကစ္စတန်ကလေးငယ်ကိုတော့ ဆရာဝန်တွေက အောင်မြင်စွာ အသက်ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ လူ့သမိုင်းမှာ ဒီလိုအခြေအနေမျိုးနဲ့ မွေးဖွားလာသူ ၁၀၀ ပဲ ရှိခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။