မြန်မာကနေ မိုခါမုန်တိုင်းထွက်သွားပြီ

Local News
မြန်မာကနေ မိုခါမုန်တိုင်းထွက်သွားပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာကနေ မိုခါမုန်တိုင်းထွက်သွားပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာကနေ မိုခါမုန်တိုင်းထွက်သွားပြီ

မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကို အကုန်ဖြတ်သန်းပြီးနောက် လေဖိအားနည်းရပ်ဝန်းအနေနဲ့ တဖြည်းဖြည်းအားလျော့သွားခဲ့ပြီဖြစ်တာကြောင့် မုန်တိုင်းအန္တရာယ်မစိုးရိမ်ရတော့ဘူးလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

“မနက် ၉ နာရီခွဲတိုင်းထွာချက်အရ မိုခါမုန်တိုင်းက မုန်တိုင်းငယ်အနေနဲ့ တရုတ် – မြန်မာနယ်စပ်ကို ဖြတ်ခဲ့ပြီး အခု နေ့လယ် ၁ နာရီမှာတော့ အားလျော့ပျက်ပြယ်သွားပြီ” လို့ မိုးဇလရဲ့ ပြောရေးဆိုခွင့်ရ ဦးလှထွန်းက ဘီဘီစီကိုပြောပါတယ်။

မုန်တိုင်းဖြတ်ကျော်သွားပြီဖြစ်ပေမဲ့ မုန်တိုင်းက အကြွင်းအကျန်တိမ်တိုက်တွေကြောင့် စစ်ကိုင်း၊ မန္တလေး၊ ကချင်နဲ့ ရှမ်း ‌ဒေသတွေမှာ အမြင့်ဆုံးလေတိုက်နှုန်းအနေနဲ့ တနာရီကို မိုင် ၃၀ ခန့် တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

နောက်ဆက်တွဲအနေနဲ့ လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေလည်း ဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်သူတွေအနေနဲ့ မြေပြိုတဲ့ အန္တရာယ်ကို သတိထားဖို့လိုသေးသလို မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်နားနေသူတွေဟာလည်း ရေကြီး၊ ရေလျှံတာတွေကို သတိထားဖို့ ပြောပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။