မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ရှိ မွတ်စလင် စစ်ရှောင်စခန်းမှ ကလေးငယ်နဲ့ အမျိုးအမီး ၄၀၀ ကျော် ရေနစ်thayဆုံး၊ ကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေ

Local News
မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ရှိ မွတ်စလင် စစ်ရှောင်စခန်းမှ ကလေးငယ်နဲ့ အမျိုးအမီး ၄၀၀ ကျော် ရေနစ်thayဆုံး၊ ကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ရှိ မွတ်စလင် စစ်ရှောင်စခန်းမှ ကလေးငယ်နဲ့ အမျိုးအမီး ၄၀၀ ကျော် ရေနစ်thayဆုံး၊ ကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ရှိ မွတ်စလင် စစ်ရှောင်စခန်းမှ ကလေးငယ်နဲ့ အမျိုးအမီး ၄၀၀ ကျော် ရေနစ်thayဆုံး၊ ကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မွတ်စလင် စစ်ရှောင်စခန်းမှာ မိုခါမုန်တိုင်းကြောင့် ကလေးငယ်နဲ့ အမျိုးအမီး ၄၀၀ ကျော် ရေနစ်thayဆုံးသွားတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတစ်ဦးဖြစ်တဲ့ ဆရာသိန်းက ပြောပါတယ်။

“အတည်ပြုနိုင်တာက ၄၀၀ ကျော် ရှိနေပြီ။ ပြီးတော့ အများကြီး အိမ်တွေပြိုပြီးတော့ ကြားညှပ် thayနေတာတွေ ရှိတယ်။ ဒီဘက်မှာ လောလောဆယ်တော့ ကယ်ဆယ်ရေးတွေ လာလုပ်တဲ့သူ မရှိသေးဘူး။ ကျနော်တို့ လူအင်အား မလုံလောက်ဘူး။ အနံ့ဆိုးတွေကြားမှာ အလောင်းတွေ လိုက်ရှာနေရတာ အမျိုးသမီးတွေ ကလေးတွေ thayနေတာ အများကြီး။ ကယ်ဆယ်ရေးအတွက် အရေးပေါ် လိုအပ်နေပါတယ်။ ကူညီပေးကြပါ” ဆိုပြီး ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တွေမြို့ စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ မွတ်ဆလင်တွေကို မြန်မာအစိုးရက အကြောင်းအမျိုးမျိုးပြကာ ပိတ်လှောင်ထားပြီး ကြိုတင်ကယ်ဆယ်ခြင်း မရှိခဲ့တာကြောင့် အသက်ဆုံးရှုံးနေရတာဖြစ်တယ်လို့ Ziabul Hossain က ရေးသားထားပါတယ်။

Ziabul Hossain ရဲ့ ဖော်ပြချက်အရ စံပြစခန်းမှ ၅၀ ဦး၊ ဗေဒ ၁၁၀ ဦး၊ ဒါးပိုင် ၂၀၀ ဦး၊ ဘောဒူဖ (အောင်ပင်လယ်) ၅၀ ကျော်နဲ့ တခြား ၅၀ ဦးနီးပါးရှိနေပြီး လက်ရှိအချိန်ထိ အလောင်း ရှာမတွေ့တာတွေလည်း ရှိနေသေးတယ်လို့ ၎င်းရဲ့ လူမှုကွန်ရက် (Facebook)စာမျက်နှာမှာ ရေးသားထားပါတယ်။

သဲချောင်း၊ ဒါးပိုင် ရော်ဘာခြံနဲ့ မင်းဂံဘက်သွားတဲ့ လမ်း တံတားတွေ အကုန်လုံး ပျက်စီးနေပြီး လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်နေသလို လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးတာလည်း မရှိသေးဘူးလို့ သိရပါတယ်။

ရေးသားသူ – Shwe Phee Myay News Agency

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။