ရဲများက ခွေးလေးနှစ်ကောင်ကိုအကြောင်းမဲ့ပစ်thetခဲ့တာကြောင့် ကမ္ဘာတစ်ဝန်းကတိချစ်သူလူထုများ ကဝေဖန်သံများ ဆူညံ့နေ

International News
ရဲများက ခွေးလေးနှစ်ကောင်ကိုအကြောင်းမဲ့ပစ်thetခဲ့တာကြောင့် ကမ္ဘာတစ်ဝန်းကတိချစ်သူလူထုများ ကဝေဖန်သံများ ဆူညံ့နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရဲများက ခွေးလေးနှစ်ကောင်ကိုအကြောင်းမဲ့ပစ်thetခဲ့တာကြောင့် ကမ္ဘာတစ်ဝန်းကတိချစ်သူလူထုများ ကဝေဖန်သံများ ဆူညံ့နေဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရဲများက ခွေးလေးနှစ်ကောင်ကိုအကြောင်းမဲ့ပစ်thetခဲ့တာကြောင့် ကမ္ဘာတစ်ဝန်းကတိချစ်သူလူထုများ ကဝေဖန်သံများ ဆူညံ့နေ

မေလ ၇ ရက်နေ့ နေ့လည်ပိုင်း လန်ဒန်မြို့ရဲ့တစ်နေရာမှာ Marshall and Millionsလို့အမည်ရတဲ့ Staffordshire bull terriers အမျိုးအစား ခွေးလေးနှစ်ကောင်ဟာ အာဏာပိုင်တွေလက်ထဲthayဆုံးခဲ့ရပါတယ်။အဲ့လိုMarshall and Millionsလို့အမည်ရတဲ့ ခွေးလေးနှစ်ကောင်thayဆုံးရတာဟာ တစ်ကမ္ဘာလုံးက တိချစ်သူတွေကြားထဲပျံ့နှံ့သွားပြီးတော့ အုတ်အော်သောင်းနင်းတွေဖြစ်ပေါ်ကာ ခွေးလေးနှစ်ကောင်အတွက် တရားမျှတမှုကိုတောင်းဆိုနေကြပါတယ်။

ဖြစ်စဉ်ကတော့ အမျိုးသမီးတစ်ဦးဟာ သူနဲ့သူ့ခွေးလေးလမ်းလျှောက်ထွက်နေရင်းနဲ့ ထိုခွေးလေးနှစ်ကောင်နှင့်တွေ့ကာ ထိုခွေးလေးနှစ်ကောင်ဟာ အမျိုးသမီးရဲ့ခွေးဖြစ်သူကို စပ်စုသလိုချည်းကပ်ခဲ့တာကို video ထဲမှာမြင်တွေ့ရပါတယ်။သို့ပေမယ့် အမျိုးသမီးဟာ Staffordshire bull terriers အမျိုးအစားခွေးလေးနှစ်ကောင်ချည်းကပ်မှုကို ကြောက်လန့်တစ်ကြားဖြစ်ပြီး အာဏာပိုင်တွေစီသို့ ဖုန်းဆက်၍တိုင်တန်းခဲ့ပါတယ်။

အဆိုပါအမျိုးသမီးတိုင်တန်းမှုကြောင့် အာဏာပိုင်တွေဟာ အခင်းဖြစ်ရာနေရာကိုရောက်ရှိလာပြီး ထိုခွေးလေးနှစ်ကောင်အားထိန်းသိမ်းဖို့ခေါ်သွားမည်ဖြစ်ကြောင်း ပိုင်ရှင်ဖြစ်သူ Louie Turnbull အားပြောဆိုခဲ့ပါတယ်။ထို့အခါ ပိုင်ရှင်ဖြစ်သူ Louie Turnbull မှ သူ၏ခွေးလေးနှစ်ကောင်ဟာ ဘာမှမလုပ်ခဲ့ကြောင်း၊ခွေးအချင်းချင်းမိတ်ဖွဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေကိုရှင်းပြပြီး အာဏာပိုင်တွေစီကိုပေးလိုက်ဖို့ကိုငြင်းဆန်ခဲ့ပါတယ်။

ထိုသို့အငြင်းအခုန်တွေဖြစ်လာတာကြောင့် Marshall and Millionsလို့အမည်ရတဲ့ Staffordshire bull terriers အမျိုးအစား ခွေးလေးနှစ်ကောင်ဟာ သူ့သခင်ကိုရန်မူတယ်ထင်ပြီး အာဏာပိုင်တွေအား ဟောင်ပြီးသူ့သခင်ကိုကာကွယ်ခဲ့တာပဲဖြစ်ပါတယ်။ထိုသို့ဟောင်နေစဉ်အတောအတွင်းမှာလဲ Marshall and Millions ဟာ သူ့သခင်ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေကြောင်း video ထဲမှာအတိုင်းသားမြင်နေရတာပဲဖြစ်ပါတယ်။သို့ပေမယ့် အာဏာပိုင်တွေဟာ သခင်ရဲ့ငြင်းဆိုမှုကိုရော Marshall and Millions တွေရဲ့ဟောင်သံတွေကိုရပ်တန့်ဖို့အတွက် သူတို့ရဲ့thayနတ်ကိုအသုံးပြုကာဖြေရှင်းခဲ့ပါတယ်။

ပထမခွေးလေးတစ်ကောင်ကို thayနတ်နဲ့အဆုံးစီရင်အပြီးမှာပဲ နောက်ခွေးလေးတစ်ကောင်အားဖမ်းချုပ်ဖို့ကြိုးပမ်းခဲ့ကြပါတယ်။နောက်ကျန်တဲ့ခွေးလေးတစ်ကောင်ဟာလည်း သူ့အဖော်ဖြစ်သူthayဆုံးသွားတာရော သူ့သခင်ကိုလည်းအာဏာပိုင်တွေကဝိုင်းဝန်းဖမ်းချုပ်ဖို့ကြိုးပမ်းနေတာကြောင့်သူဟာ ရုန်းကန်ပြီး သူ့သခင်စီကိုပြေးအသွားမှာပဲ အာဏာပိုင်တွေရဲ့ thayနတ်ပစ်ဖောက်ကာအthetခံခဲ့ရပါတယ်။

ထိုမြင်ကွင်းကိုရိုက်ထားသူလူထုမှလည်း ပစ်thetစရာမလိုကြောင်းအော်ဟစ်ပြောဆိုနေကြရင်းနဲ့ပဲ ခွေးလေးနှစ်ကောင်ဟာthayနတ်သံတွေကြားဆုံးသွားရတာကိုဝမ်းနည်းဖွယ်မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါ video ဟာ ပျံ့နှံ့သွားပြီးတော့ ကမ္ဘာတစ်ဝန်းကတိချစ်သူလူထုများက မခံမရပ်နိုင်ဖြစ်ပြီး Marshall and Millions အတွက် တရားမျှတမှုကိုကျယ်လောင်စွာတောင်းဆိုခဲ့ကြပါတယ်။

(Video)

ရေးသားသူ –Marry Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။