❝ ကမ္ဘာပေါ်က မthayမျိုးသတ္တဝါ ❞

Knowledge
❝ ကမ္ဘာပေါ်က မthayမျိုးသတ္တဝါ ❞

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ❝ ကမ္ဘာပေါ်က မthayမျိုးသတ္တဝါ ❞ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

❝ ကမ္ဘာပေါ်က မthayမျိုးသတ္တဝါ ❞

ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါတွေထဲမှာ မthayမျိုးရှိတယ်ဆိုရင် ယုံကြပါ့မလား။ ဒါပေမဲ့ မthayနိုင်တဲ့ သတ္တဝါတစ်မျိုးကတော့ တကယ်ပဲရှိလို့နေပါတယ်။ အဲဒီ မthayမျိုးသတ္တဝါဟာ Jellyfish ငါးမျိုးစိတ်တွေထဲက တစ်မျိုးဖြစ်ပြီး Immortal Jellyfish (Turritopsis dohrnii) လို့ ခေါ်ပါတယ်။

ဒီမthayမျိုးငါးဖန်ခွက်တွေဟာ အရွယ်ရောက်အသက်ကြီးလာပြီဆိုတာနဲ့ သူတို့ရဲ့ ဇီဝစက်သက်တမ်းကို ငယ်ရွယ်သွားအောင် ပြန်လုပ်ပစ်လိုက်ကြပါတယ်။ ဒီဖြစ်စဉ်ကို ဆဲလ်ခွဲခြားပြောင်းလဲပစ်ခြင်း ဖြစ်စဉ် Transdifferentiation လို့ ခေါ်ပါတယ်။

ဒီဖြစ်စဉ်မှာ သက်တမ်းရင့်လာတဲ့ဆဲလ်တွေဟာ သက်တမ်းနုဆဲလ်တွေအဖြစ် ပြန်လည်ပြောင်းလဲသွားတဲ့အတွက် Immortal Jellyfish တွေဟာ အိုမင်းလာတာမျိုးမရှိတော့ဘဲ အသက်ကြီးလာလိုက် ပြန်ငယ်သွားလိုက်နဲ့ပဲ သူတို့ရဲ့ Life cycle ဟာ လည်ပတ်နေပါတော့တယ်။

ဒီဖြစ်စဉ်ကြောင့် အဲဒီရေခူမျိုးစိတ်တွေဟာ သီအိုရီအရ မthayနိုင်ဘူးလို့ ဆိုနိုင်ပေမဲ့ လက်တွေ့မှာတော့ ရောဂါတွေ၊ ရာသီဥတုအခြေအနေတွေ၊ ငါးကြီးတွေရဲ့ ဖမ်းစားမှုတွေစတဲ့ ပြင်ပအကြောင်းအရာတွေ အများကြီးကြောင့် သူတို့သက်တမ်းဟာ ဘယ်လောက်မှမခံပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဒီမthayမျိုးဖြစ်စဉ်ဟာ တကယ်ပဲ ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတာကြောင့် သိပ္ပံပညာရှင်တွေ လေ့လာခဲ့ကြပါတယ်။ ဒါပေမဲ့ လူတွေရဲ့ ဇီဝဖြစ်စဉ်ပေါ်ကို ဘေးထွက်ဆိုးကျိုးမရှိဘဲ သက်ရောက်စေဖို့တော့ မစွမ်းနိုင်သေးပါဘူး။ ဒီမthayမျိုးဖြစ်စဉ်တစ်ခုလုံးရဲ့ အလုပ်လုပ်ပုံကိုလဲ ဂဃနဏသိရအောင် ကြိုးစားနေတုန်းပဲ ရှိပါသေးတယ်။

သိပ္ပံပညာရှင်တွေကတော့ မthayမျိုးမဖြစ်ဘူးဆိုရင်တောင် ဒီဖြစ်စဉ်ကို လေ့လာမှုတွေကနေ အသက်ကြီးလို့ဖြစ်လာတဲ့ ရောဂါတွေကို ကာကွယ်နိုင်မဲ့နည်းလမ်းတွေ၊ အသက်ကြီးလာတဲ့အခါ အရွယ်တင်စေမဲ့နည်းလမ်းတွေစတဲ့ အသက်အရွယ်နဲ့ပတ်သက်တဲ့အရာတွေကိုတော့ အထောက်အကူဖြစ်စေနိုင်အောင် လေ့လာနေဆဲပဲ ဖြစ်ပါတော့တယ်။

ရေးသားသူ –Thoughts

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။