Punisher သရုပ်ဆောင် Ray Stevenson ရုတ်တရက်ကွယ်လွန်သွား

Celebrity International News
Punisher သရုပ်ဆောင် Ray Stevenson ရုတ်တရက်ကွယ်လွန်သွား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Punisher သရုပ်ဆောင် Ray Stevenson ရုတ်တရက်ကွယ်လွန်သွား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Punisher သရုပ်ဆောင် Ray Stevenson ရုတ်တရက်ကွယ်လွန်သွား

Marvel ရုပ်ရှင်တစ်ကားဖြစ်တဲ့ Punisher: War Zone အပါအဝင် အိန္ဒိယ Telugu Blockbuster ရုပ်ရှင် RRR, ၂၀၀၄ ထုတ် King Arthur ရုပ်ရှင်၊ MCU Marvel ရုပ်ရှင် Thor: Ragnarok နဲ့ HBO ရဲ့ Rome ဇာတ်လမ်းတွဲ တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အက်ရှင်မင်းသားကြီး Ray Stevenson ဟာ ယမန်နေ့ မေ ၂၂ ကပဲ ရုတ်တရက်ဆုံးပါးသွားပြီဖြစ်ပါတယ်။

အိုင်းရစ်ရှ်သရုပ်ဆောင် Ray Stevenson ဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၅၈ နှစ် ရှိပြီဖြစ်ပါတယ်။ ကွယ်လွန်ရခြင်းအကြောင်းအရင်းကိုတော့ Ray ရဲ့ မိသားစုဝင်တွေဘက်က တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

အီတလီနိုင်ငံအခြေစိုက် La Repubblica သတင်းစာရဲ့ သတင်းဆောင်းပါးတစ်ပုဒ်အရ Ray ဟာ အီတလီနိုင်ငံ၊ Ischia ကျွန်းမှာ ၎င်းရဲ့ရုပ်ရှင်သစ် Cassino အတွက် ရိုက်ကူးရေးပြုလုပ်နေစဥ်မှာပဲ ရုတ်တရက် Ischia ကျွန်းပေါ်က ဆေးရုံတစ်ခုကို ဆေးကုသမှုခံယူရာကနေ ဆုံးပါးသွားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

Ray Stevenson ဟာ ၂၀၀၀ ကာလတွေမှာ သရုပ်ဆောင်လောကထဲကိုစတင်ရောက်ရှိလာတာဖြစ်ပြီး ယခုနှစ်ထဲမှာထွက်ရှိမယ့် Star Wars ဇာတ်လမ်းတွဲသစ် Ahsoka မှာလည်း ပါဝင်ထားပါသေးတယ်။

ရေးသားသူ – Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။