ကမ္ဘာ့အသေးဆုံး ပင်ဂွင်းတွေကို စောင့်ရှောက်ကာကွယ်ပေးနေတဲ့ ခွေးလေးတွေ

International News
ကမ္ဘာ့အသေးဆုံး ပင်ဂွင်းတွေကို စောင့်ရှောက်ကာကွယ်ပေးနေတဲ့ ခွေးလေးတွေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့အသေးဆုံး ပင်ဂွင်းတွေကို စောင့်ရှောက်ကာကွယ်ပေးနေတဲ့ ခွေးလေးတွေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အသေးဆုံး ပင်ဂွင်းတွေကို စောင့်ရှောက်ကာကွယ်ပေးနေတဲ့ ခွေးလေးတွေ

သြစတြေးလျနိုင်ငံရဲ့ Middle Island ဆိုတဲ့ ကျွန်းပေါ်မှာ ကမ္ဘာ့အသေးဆုံး ပင်ဂွင်းမျိုးစိတ်တွေ ကျက်စားကြတယ်။ တစ်ပေသာသာလောက်ပဲ ရှိတဲ့ ပင်ဂွန်းငှက်လေးတွေကို ကမ္ဘာပေါ်မှာ မြင်တွေ့နိုင်တဲ့ တစ်ခုတည်းသောနေရာက Middle Island ပါပဲ။
၁၉၉၁ ခုနှစ်ကစပြီး နုန်းတင်တာနဲ့ ဒီရေကြောင့် သြစတြေးလျ ကုန်းမကြီးနဲ့ Middle Island ကြား လမ်းပေါ်လာတယ်။ သိပ်မကြာခင်မှာပဲ မြေခွေးတွေက ဒီလမ်းကို ရှာတွေ့သွားပြီး ပင်ဂွင်းတွေကို ကိုက်ဖြတ်စားသောက်ကြတော့တယ်။

ဒီပြဿနာကို ဘယ်လို ရှင်းရမလဲမသိ ဖြစ်နေချိန် ဒေသခံကြက်မွေးမြူးရေးသမားတစ်ယောက်က မြေခွေးအန္တရာယ် ဖြေရှင်းဖို့ ခွေးတွေ သုံးကြည့်ပါလားလို့ အကြံပေးတယ်။
ဆွမ်ပီမက်ရှ်က ကြက် ၅၀၀၀ လောက် မွေးမြူထားသူ။ သူ့ကြက်တွေကို ကာကွယ်ဖို့ Maremma ခွေးတွေကို သူ မွေးထားတယ်။ အကောင်ထွားထွား ခွေးဖြူကြီးတွေဟာ အီတလီနိုင်ငံ ကမ်းရိုးတန်း မာရမ်မာဒေသ မျိုးစိတ်တွေပါ။

အစောပိုင်းတုန်းက Middle Island ပေါ် ခွေးတွေ ပို့ခွင့်မရှိလို့ ပိတ်ပင်ထားပေမဲ့ မတတ်သာတဲ့အဆုံး ကောင်စီဝင်တွေက ပင်ဂွင်းတွေ မျိုးမသုန်းအောင်လို့ ဆွမ်ပီမက်ရှ်ရဲ့ အကြံကို လက်ခံလိုက်ကြတယ်။

ဆွမ်ပီမက်ရှ်က အော့ဒ်ဘောဆိုတဲ့ သူ့ခွေးကြီးနဲ့ ကျွန်းပေါ်ကိုလာပြီး မြေခွေးရန်ကို ဖြေရှင်းခဲ့တယ်။ မြေခွေးနံ့ရတာနဲ့ ခွေးက ထိုးဟောင်လို့ မြေခွေးတွေ ကြောက်ကုန်ပြီး ကျွန်းပေါ်ကို အရောက်အပေါက် နည်းသွားတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ကြားကာလအတွင်း ဆွမ်ပီမက်ရှ်က Mamemma ခွေးနှစ်ကောင် သားဖောက်ခဲ့ပြီး ပင်ဂွင်းကာကွယ်ရေးစီမံကိန်းကို တိုးချဲ့ခဲ့တယ်။ ဒီစီမံကိန်းကြောင့် Middle Island ပေါ်မှာ ပင်ဂွင်းအကောင် ၁၈၀ လောက် တိုးပွားလာခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။