မြန်မာပြည်ကပရိသတ်ကြီးကို လွမ်းဆွတ်သတိရနေကြောင်း​နဲ့အတူ ကျေးဇူးတင်စကားပြောကြားလာတဲ့ မင်းသားချော”ဒေါင်း”

Celebrity Local News
မြန်မာပြည်ကပရိသတ်ကြီးကို လွမ်းဆွတ်သတိရနေကြောင်း​နဲ့အတူ ကျေးဇူးတင်စကားပြောကြားလာတဲ့ မင်းသားချော”ဒေါင်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာပြည်ကပရိသတ်ကြီးကို လွမ်းဆွတ်သတိရနေကြောင်း​နဲ့အတူ ကျေးဇူးတင်စကားပြောကြားလာတဲ့ မင်းသားချော”ဒေါင်း” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာပြည်ကပရိသတ်ကြီးကို လွမ်းဆွတ်သတိရနေကြောင်း​နဲ့အတူ ကျေးဇူးတင်စကားပြောကြားလာတဲ့ မင်းသားချော”ဒေါင်း”

မေလ(၂၅)ရက်နေ့ ည က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အနုပညာဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Nine Entertainment Awards 2023 ကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲကို မြန်မာပရိသတ်တွေသာမက ထိုင်းက အမျိုးသမီးပရိသတ်တွေပါ သည်းသည်းလှုပ်ရတဲ့ အနုပညာရှင် ဒေါင်း က တက်ရောက်ခဲ့ပါတယ်။

Nine Entertainment Awards 2023 ပွဲ မှာ မြန်မာ အနုပညာရှင်များဖြစ်ကြတဲ့ သရုပ်ဆောင်ဒေါင်း နဲ့ အလှမယ် နှင်းသွေးယုအောင်တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ ထိုင်းဇာတ်လမ်းတွဲ “ကျောက်ဖရားမှ ဧရာဝတီသို့ ” ရုပ်သံဇာတ်လမ်းတွဲဟာ Creative Team of the Year (တစ်နှစ်တာအကောင်းဆုံးဖန်တီးနိုင်မှု) နှင့် Drama of the Year (တစ်နှစ်တာအကောင်းဆုံး ဇာတ်ကားဆု) နှစ်ဆု လုံးကို ရရှိခဲ့ကာ အကြီးမားဆုံးအောင်မြင်မှုရရှိခဲ့ပါတယ်။

အဆိုပါ ဆုချီးမြှင့်ပွဲကို ဒေါင်းမှ ကိုယ်တိုင်တက်ရောက် ဆုယူခဲ့ပြီး စင်မြင့်ထက်မှာလည်း မြန်မာပရိသတ်တွေအကြောင်းကို သတိတရနဲ့ပြောသွားခဲ့သလို သူ့ရဲ့ Facebook page မှာလည်း သူ့အနေနဲ့ ဒီဇာတ်ကားကိုရိုက်ဖို့ ထိုင်းကိုထွက်လာတာဆိုရင် နှစ်နှစ်ကျော်သွားခဲ့ပြီဖြစ်ကြောင်း ၊ ချစ်ရတဲ့ ပရိသတ်တွေကိုလွမ်းကြောင်း ၊ ခုလိုဆုရတဲ့အချိန်မှာလည်း ပျော်ရွှင်မှုကို အပြည့်အဝပေးလိုကြောင်း ရေးသား ခဲ့ပါသေးတယ်။ အားလုံးကချစ်ကြတဲ့ သောကြာကြယ်လေး ” ဒေါင်း ” ရေ…Congratulations ပါ။ ဒီ့ထက်လည်းအောင်မြင်မှုတွေရရှိနိုင်ပါစေနော်။

ရေးသားသူ –Daung Facebook

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။