လူမှားသွားအောင် ပြောင်းလဲနိုင်ခဲ့တဲ့ ဂျပန်မိတ်ကပ်ပညာရှင်

Celebrity International News
လူမှားသွားအောင် ပြောင်းလဲနိုင်ခဲ့တဲ့ ဂျပန်မိတ်ကပ်ပညာရှင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူမှားသွားအောင် ပြောင်းလဲနိုင်ခဲ့တဲ့ ဂျပန်မိတ်ကပ်ပညာရှင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လူမှားသွားအောင် ပြောင်းလဲနိုင်ခဲ့တဲ့ ဂျပန်မိတ်ကပ်ပညာရှင်

ဂျပန်နိုင်ငံရဲ့ နာမည်ကျော် မိတ်ကပ်ပညာရှင် ဟာတင်ယန်က မိတ်ကပ်နဲ့ ဆံပင်တုတွေသုံးပြီး သူ့ကိုယ်သူ လူမှားသွားအောင် ပြောင်းလဲပြခဲ့တာပါ။ ဒီ ၂ ပုံကို ယှဉ်ကြည့်ရင် အောက်နှုတ်ခမ်း ဖောက်ထားတာကလွဲပြီး ဟာတင်ယန်လို့ မထင်ရလောက်အောင် ကွာခြားပါတယ်။ တချို့သူတွေက တခြားသူနဲ့ အစားထိုးဖော်ပြတယ်လို့ သံသယရှိတာကြောင့် ဟာတင်ယန်က သူ့ရဲ့မိတ်ကပ်လိမ်းခြယ် ပုံပြောင်းမှုကို Youtube ပေါ်မှာ ဖော်ပြခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိတဲ့ ဟာတင်ယန်ဟာ တွစ်တာပေါ်မှာ follower ၇ သိန်းနီးပါး ရှိပြီး Instagram၊ TikTok ၊ YouTube ပလက်ဖောင်းတွေပေါ်မှာ ပရိသတ်သန်းချီ ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။