ငွေကြေးကံကောင်းစေရန် ဆောင်ပါ

Astrology
ငွေကြေးကံကောင်းစေရန် ဆောင်ပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငွေကြေးကံကောင်းစေရန် ဆောင်ပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငွေကြေးကံကောင်းစေရန် ဆောင်ပါ

မိမိပိုက်ဆံအိတ်ထဲမှာ ဒီအရာတွေထဲက တစ်ခုခုကို ထည့်ထားပါ လာဘ်ပွင့်ပြီး ငွေအထူးဝင်စေပါတယ် ။

ကရဝေးရွက်

အနာအဆာကင်းတဲ့ ကရဝေးရွက်ကို ထည့်ထားပါ ။
ကရဝေးရွက်ဟာ လာဘ် အင်မတန်ကောင်းတယ်လို့ အယူရှိကြပါတယ် ။

တချို့ဆိုရင် ကရဝေးရွက်ပေါ်မှာ မိမိလိုရာရေးပြီး ဆုတောင်းကြပါတယ် ။ ပြီးရင် မီးရှိူ့ လိုက်ကြပါတယ် ။ဒီလိုဆို ဆုတောင်းပြည့်တယ်လို့ အယူရှိကြပါတယ် ။

မိမိပိုက်ဆံအိတ်နဲ့ အနေတော် ကရဝေးရွက်ကို ရွေးယူပါ ။ အနာအဆာကင်းရပါမယ် ။ ထိုကရဝေးရွက်ပေါ်မှာ ($) ဒေါ်လာသင်္ကေတလေးရေးပြီး ဆောင်ထားပါ ။ ငွေအထူးဝင်စေပါတယ် ။

ဆန် (၂၁)စေ့

ဆန်၂၁ စေ့ကို စက္ကူအိတ်လေးထဲ ထည့်ဆောင်ရင်လည်း လာဘ်ပွင့်တယ် လို့ ယုံကြည်ကြပါတယ် ။

ပင်လယ်ဆား

ပင်လယ်ဆားအနည်းငယ်ကို ပလက်စတစ်အိတ်ထဲထည့်ပြီး ပိုက်ဆံအိတ်ထဲ ထည့်ဆောင်ပါက မလိုအပ်ဘဲ ပိုက်ဆံတွေ မထွက်စေပါဘူး ။ ငွေလည်း ပိုစုမိစေပါတယ် ။

ငွေဒင်္ဂါးပြား

ငွေဒင်္ဂါးပြားကို ပိုက်ဆံအိတ်ထဲ ထည့်ဆောင်ပါက
အပိုဝင်ငွေများ စုမိခြင်း ၊ ကျန်းမာခြင်း ၊ ဝင်ငွေထွက်ငွေများ မျှတခြင်း စတဲ့ အကျိုးများ ရစေပါတယ် ။

အထူးသတိထားရမှာကတော့ ဘယ်လိုအရာတွေဘဲဆောင်ဆောင် ၊ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိတဲ့ အထိ မထားရပါဘူး ။ အမြဲတမ်း ပိုက်ဆံ အနည်းငယ်တော့ ထည့်ထားရပါမယ် ။

အထက်ပါ အရာများမှ မိမိအဆင်ပြေတာကို ဆောင်ပါ ။ အကုန်ဆောင်စရာမလိုပါဘူး ခင်ဗျာ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။