ငှားရမ်းခဲ့တဲ့ လက်ဝတ်ရတနာတွေပျက်စီးစေမှုနဲ့ တရားရင်ဆိုင်နေရတဲ့ နစ်ကီ မင်နာ့ချ်

Celebrity International News
ငှားရမ်းခဲ့တဲ့ လက်ဝတ်ရတနာတွေပျက်စီးစေမှုနဲ့ တရားရင်ဆိုင်နေရတဲ့ နစ်ကီ မင်နာ့ချ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငှားရမ်းခဲ့တဲ့ လက်ဝတ်ရတနာတွေပျက်စီးစေမှုနဲ့ တရားရင်ဆိုင်နေရတဲ့ နစ်ကီ မင်နာ့ချ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငှားရမ်းခဲ့တဲ့ လက်ဝတ်ရတနာတွေပျက်စီးစေမှုနဲ့ တရားရင်ဆိုင်နေရတဲ့ နစ်ကီ မင်နာ့ချ်

အဆိုတော် နစ်ကီ မင်နာ့ချ်ဟာ လော့စ်အိန်ဂျယ်လိစ်မြို့က လက်ဝတ်ရတနာဆိုင်ရဲ့တရားစွဲဆိုမှုကို ရင်ဆိုင်နေရပါတယ်။ နစ်ကီမင်နာ့ချ်ရဲ့စတိုင်လစ် ဘာရက်တ် အက်လန်နယ်လ်ဆန်နဲ့ ချုပ်ဆိုခဲ့တဲ့ လက်ဝတ်ရတနာအငှားသဘောတူစာချုပ်အပေါ် ချိုးဖောက်မှုနဲ့ သူ့ကို Roseark လက်ဝတ်ရတနာဆိုင်ရဲ့သူဌေးတွေက တရားစွဲဆိုခဲ့တာပါ။ နစ်ကီမစ်နာ့ချ်တို့က လက်ဝတ်ရတနာ ၆၆ မျိုးကို နောက်ကျမှ ပြန်လည်ပေးအပ်ခဲ့ပြီး နားကပ်တစ်စုံနဲ့ သစ်ရွက်ပုံလက်စွပ်တစ်ကွင်းကို ပျက်စီးလျက် ပြန်ပေးလာခဲ့တယ်လို့ လက်ဝတ်ရတနာဆိုင်ဘက်က ဆိုထားပါတယ်။

Roseark က သူဌေးတွေဟာ ငှားရမ်းထားတဲ့လက်ဝတ်ရတနာတွေကို တစ်ပတ်အတွင်း ပြန်ပေးဖို့နဲ့ ပစ္စည်းပျက်စီးဆုံးရှုံးမှုတစ်စုံတစ်ရာဖြစ်ရင် လျော်ပေးရမယ်ဆိုတဲ့ စာချုပ်ကို နယ်လ်ဆန်နဲ့ ချုပ်ဆိုခဲ့တာပါ။ ပျက်စီးသွားတဲ့လက်ဝတ်ရတနာတွေအတွက် ဒေါ်လာ ၂၆၂၃၉.၅၀ ပေးဆောင်ဖို့ ပြေစာပေးပို့ခဲ့ပေမဲ့ မပေးဆောင်ခဲ့ဘူးလို့ စွပ်ဆိုခဲ့ပြီးတော့ နစ်ကီမစ်နာချ်နဲ့ နယ်လ်ဆန်တို့ကို တရားစွဲဆိုခဲ့တာပါ။

နစ်ကီမစ်နာချ်ဘက်က သတင်းအရင်းအမြစ်ကတော့ လက်ဝတ်ရတနာကို အချိန်မှီပြန်ပေးခဲ့ပြီး ဆိုင်က လက်ဝတ်ရတနာတွေရဲ့ကျောက်ပျောက်ဆုံးတာနဲ့ပတ်သက်ပြီး မကျေမနပ်မဖြစ်မီ အချိန်အတန်အကြာ လက်ဝတ်ရတနာဆိုင်ရဲ့လက်ဝယ်မှာ ရှိနေခဲ့တယ်လို့ ဆိုထားပါတယ်။ နစ်ကီမစ်နာချ်ရဲ့ရှေ့နေ ဂျော်ဒန် ဆီဗ်က နစ်ကီဟာ ဘာအမှားမှမလုပ်ထားကြောင်းနဲ့ တရားစွဲဆိုမှုကို ပြင်းပြင်းထန်ထန်ခုခံကာကွယ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။