လက်ဝတ်ရတနာတွေ တောက်ပြောင်သွားအောင် ဘယ်လိုသန့်ရှင်းကြမလဲ

Knowledge
လက်ဝတ်ရတနာတွေ တောက်ပြောင်သွားအောင် ဘယ်လိုသန့်ရှင်းကြမလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လက်ဝတ်ရတနာတွေ တောက်ပြောင်သွားအောင် ဘယ်လိုသန့်ရှင်းကြမလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လက်ဝတ်ရတနာတွေ တောက်ပြောင်သွားအောင် ဘယ်လိုသန့်ရှင်းကြမလဲ

ကျွန်တော်တို့ အမြဲလိုလိုဝတ်ဆင်ဖြစ်တဲ့ လက်ဝတ်ရတနာတွေက ဝတ်ပါများလာရင် ချေးဝင်တာ၊ ဖုန်ဝင်တာတွေဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ လက်ဝတ်ရတနာတွေက မဲညစ်လာပြီး တောက်ပြောင်မှုမရှိတော့ပါဘူး။ ဒါကြောင့် လက်ဝတ်ရတနာတွေ ပြန်တောက်ပြောင်လာဖို့နဲ့ တာရှည်ခံဖို့အတွက် အထူးဂရုစိုက်ပေးဖို့လိုပါတယ်။ လက်ဝတ်ရတနာတွေ တောက်ပြောက်လာဖို့ ဘယ်လိုသန့်စင်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

ရွှေလက်ဝတ်ရတနာတွေအတွက်

ရွှေလက်ဝတ်ရတနာတွေက စိုထိုင်းမှုများလာတဲ့အခါ မြန်မြန်ဆန်ဆန်ပဲ ဖုန်မှုန့်၊ အညစ်အကြေးတွေ ကပ်ညှိတတ်ပါတယ်။ ဒါကို သန့်စင်ဖို့ အကောင်းဆုံးနည်းက ဆပ်ပြာပါတဲ့ရေနွေးနွေးကို အသုံးပြုတာပါ။ ဆပ်ပြာပါတဲ့ရေနွေးနွေးထဲကို ရွှေလက်ဝတ်ရတနာတွေကို ၁၅ မိနစ်လောက် စိမ်ထားလိုက်ပြီး အဲဒီနောက် အညစ်အကြေးတွေကို သွားတိုက်တံအသုံးပြုပြီး ညင်ညင်သာသာလေး ဖယ်ရှားလိုက်ရမှာဖြစ်ပါတယ်။

ငွေထည်လက်ဝတ်ရတနာတွေအတွက်

ငွေထည်တွေက စိုထိုင်းလာရင် အနက်ရောင်ပြောင်းသွားတတ်ပါတယ်။ ငွေထည်တွေကို နက်ပြောင်သွားအောင်ပွတ်တိုက်ဖို့အတွက် သွားတိုက်ဆေးနဲ့ နူးညံ့တဲ့ချည်သားအဝတ်စတို့ကို အသုံးပြုပေးပါ။ အဲဒီနောက် ငွေထည်တွေပြောင်လက်လာဖို့ရာ သွားတိုက်ဆေးသုတ်ထားတဲ့ ငွေထည်ကို ညင်ညင်သာသာလေး အဝတ်စနဲ့သုတ်လိုက်ရမှာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။