တနင်္လာ – သားသမီး အတွက်ဘဝတစ်သက်တာ ဗေဒင်ဟောကိန်း

Astrology
တနင်္လာ – သားသမီး အတွက်ဘဝတစ်သက်တာ ဗေဒင်ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တနင်္လာ – သားသမီး အတွက်ဘဝတစ်သက်တာ ဗေဒင်ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တနင်္လာ – သားသမီး အတွက်ဘဝတစ်သက်တာ ဗေဒင်ဟောကိန်း

တနင်္လာ သားသမီးတို့သည် ကွေ့ကွေ့ကောက်ကောက် ရှိသည်များကို ဖြောင့်မှန်အောင် ဆောင်ရွက်တတ်ခြင်း၊ ပညာများကို သင်ကြား၍ အလွန်တတ်လွယ်ခြင်း၊ စိတ်ထား သဘောထား ဖြောင့်မှန်တတ်ခြင်း၊ ကိုယ်ဟန် ခပ်ပါးပါးရှိခြင်း၊ ဆံပင်သွယ်ခြင်း၊ မျက်စေ့များမှာ လှပတင့်တယ်ခြင်း၊ အရပ် မနိမ့်မမြင့် ရှိခြင်း၊ ပါးပြင်မှာ စာအမှတ်များ ပါတတ်ခြင်း ရှိမည်ဟု ဂြဟစိန္တာကျမ်း၌ လာ၏။

၄င်း-တနင်္လာ-သားသမီးများသည် မွေးဖွား၍ ၁၅ – နှစ် အတွင်းမှာ တနင်္လာ သောမဂြိုဟ် စားသော ကြောင့် သူငယ်နာ ရောဂါ ဝေဒနာ ကင်းရှင်းခြင်း၊ မိဘတို့ စိတ်ချမ်းချမ်းသာသာရှိသော ကာလ၌ မွေးဖွားရခြင်း ရှိမည်ဟု အဟောရှိ၏။

၄င်းပြင် စီးပွားဖြိုးမောက် ထိန်ထိန်တောက်မျှ စိန်ကျောက် ပတ္တမြား ဆန်စပါးနှင့်တကွ ပေါများ ကြွယ်ဝ၍ အမိအဖတို့၏ အချီးအမြှောက်ခံ၍ လောက၌ ထင်ရှားအောင် ကောင်းစားလိမ့်မည်ဟု အဟောထွက်၏။

သို့အတွက် ကျမ်းဂန်များ၌ ရောင်ဖြူကြွားကြွား စန်းဂြိုဟ်စားမူ ပယ်ရှားဥပဒ် ရှေမတ်မတ်က အဝတ်မှစ လာဘ်လာဘနှင့် ဒါသကျွန်နွား ရွှေငွေများနှင့် ရငြားမစောင့် ဦးခေါင်းဆင်ရန် ပန်းမန်တမျှ တန်ဆာရအံ့ဟု ရှေးပညာရှိ အမတ်ကြီး ဖိုးရာဇာသည် စပ်ဆိုခဲ့၏။ ထိုတနင်္လာနေ့- သားသမီးတို့သည် အသက် ၁၅ – နှစ်အတွင်း အလွန်ကောင်း၏ဟု အဟောထွက်ပေ၏။

တနင်္လာဂြိုဟ်စား အသက် ၁၅ – နှစ်ကျော်၍ အင်္ဂါဂြိုဟ်စားဖြစ်သော အသက် ၁၆ -နှစ်မှ အသက် ၂၃ – နှစ် အတွင်းမှာ ၃ – င်္ဂါ ပါပဂြိုဟ်သို့ ဂြိုဟ်စားကြုံ သဖြင့် ညံ့သည်ဟု အဟောလာ၏။

မိမိ ချစ်သူခင်သူများနှင့် တကွဲတခြားစီ နေထိုင်ရတတ်ခြင်း၊ စုတ် မိန်းမ တွေ့သော်လည်း၊ အရုပ်ဆိုး အကျည်းတန် မျက်စောင်းကလေး တမန်မန်နှင့် နေထိုင်လေ့ ရှိတတ်သော မိန်းမများနှင့် တွေ့တတ်၏။

အကယ်၍ မိန်းမဖြစ်က ခပ်ဆိုးဆိုး ယောက်ျားများနှင့် တွေ့ရတတ်သည်။
အသက် ၁၉ – နှစ်အကျော် အသက် ၂၀ တွင် စနေဘုမ္မိဂြိုဟ် သက်ရောက်သောကြောင့် သာ၍ ညံ့သည်ဟု အဟောထွက်၏။ ၄င်းနှစ်ပုပ်များကို ရှောင်ရမည်။

အရှေ့တောင်၊ အနောက်တောင်ထောင့် အရပ်များ မသွားရ။ ခရီးသွား ဆင်ခြင်ပါ။
ကဆုန်လ၊ ဝါဆိုလများတွင် မိန်းမများနှင့် ပတ်သက်၍ မသင့်မတင့် ရှိလိမ့်မည်။
သို့အတွက် ခရီးသွားခြင်း၊ မိန်းမ ဆက်သွယ်ခြင်း ဆင်ခြင်ပါလေ။

ထို့ကြောင့် ကျမ်းဂန်များ၌ မီးနတ်မြူးစုံ လကဆုန်ဝယ် ကြေးကုန်ရွှေကျ ပျောက်ရှဥစ္စာ ရန်ရှာခိုက်စစ် တရားဖြစ်လိမ့် အပြစ်တထောင့် မိန်းမကြောင့်လည်း စိတ်မှောင့် ငြင်ငြို လဝါဆိုကို တပို့တပါး တရားသွားလိမ့် ဘေးများခိုက်ရန် ဖြစ်တတ်မှန်သည် ဧကန်မလွဲ
ဖွယ်သာတည်းဟု ရှေးပညာရှိများ ဆိုခဲ့ပေသည်။

သို့အတွက် ဤကဲ့သို့ ညံ့လှသည့်အခါအထက်က
၁ – နွေ သားသမီးတို့ ယတြာချေနည်းအတိုင်း ယတြာများစီမံ၍ နေပါလေ။
အညံ့ပျောက်၍ ကောင်းကျိုးချမ်းသာ ရောက်ပါလိမ့်မည်။
အသက် ၂၀ – ကျော် ၂၁ – နှစ်က စ၍ အညံ့သက်သာမည်။
၄င်းပြင် အသက် ၂၃ – နှစ် အကျော် ၂၄ – နှစ်က စ၍
၄ – ဟူး သောမဂြိုဟ်၊ မိတ်ဂြိုဟ်၊ နာဂရဂြိုဟ်များ ဂြိုဟ်အိပ်သောကြောင့် အသက် ၄၀ အထိ စီးပွားချမ်းသာ ရတနာ ရွှေငွေ၊ လယ်မြေ ချောင်းတာ အရာရာတို့သည် သမ္မာဒေဝ နတ်ကောင်းများ မ. စ ၍ ဣတ္ထိယ ကညာစစ်၊ ချစ်စရာကောင်းသော မိန်းကလေးများကို ရလိမ့်မည်ဟု အဟောထွက်၏။

မိန်းမများဖြစ်က လူလှ လူယဥ် ဆင်ခြင်တိုင်းထွာ ဉာဏ်ပညာနှင့် ညှာတာ သနားတတ်သော သူတော်ကောင်း ယောက်ျားများနှင့် အကြောင်းပါ
လိမ့်မည်။
အသက် ၂၅၊ ၂၇၊ ၂၉၊ ၃၃၊ ၃၅၊ ၃၇၊ – နှစ်များမှာ သောမဂြိုဟ်သို့ သက်ရောက်သော နှစ်များ ဖြစ်သောကြောင့် စုတ်ကောင်း လာဘ်ကောင်းများ တိုးပြီးလျှင် ထပ်ကာထပ်ကာ အလုပ်တိုးလိမ့်မည်ဟု အဟော ရှိ၏။

ထို့ကြောင့် ကျမ်းဂန်များ၌ ဗုဒ္ဓထင်ရှား ဂြိုဟ်လျှင်စားသော် မယားကညာ ဝတ်ဖြူစွာနှင့် ပါဒစကုချေ နှစ်ခုလည်း ရမှုမှန်စွာ တောင်ကလာသည် ဂြိုဟ်လွှာမြူမျှ မယွင်းတည်းဟု ပညာရှိများ စပ်ဆိုတော်မူခဲ့လေသည်။ သို့အတွက် အသက် ၄၀ အတွင်း အလွန်ကောင်း၏။

အသက် ၄၀ – ကျော်လျှင် စနေဂြိုဟ် ပါပ၊ ဘုမ္မိဂြိုဟ်သို့ ဂြိုဟ်စားသောကြောင့် အသက် ၅၀ အထိ အတွင်းမှာ ညံ့သည်ဟု အဟောထွက်လေသည်။
တနင်္လာ သားသမီးများသည် အသက် ၄၁ – နှစ်မှ အသက် ၅၀ အထိ စနေဂြိုဟ် ဂြိုဟ်သက် ဆယ်နှစ် မှာ ဘုမ္မိကျလေ၏။

ဘုမ္မိကြီး ကျသောနှစ်မှာ ၄၇ နှစ် ဖြစ်၏။
အသက် ၄၄ – နှစ်မှာ ဘုမ္မိ နှစ်ထပ် ကျလေသည်။
ထိုနှစ်များမှာ အလွန်ဆိုးသော ညံ့သော နှစ်များဖြစ်သည်။
ယတြာအဖြစ် အိမ်၏ အရှေ့တောင်ထောင့်တွင် ကံကော်ပင် (သို့မဟုတ်) ကုက္ကိုပင်ကို ရှင်အောင်စိုက်ရပေမည်။

စနေဂြိုဟ်သည် ဆွေမျိုးဂြိုဟ်ဟု ကျမ်းဂန်မှာ ဆိုသောကြောင့် ဆွေမျိုးများနှင့် အသင့်အတင့် ရန်များဖြစ်ကြ၍ ငွေများလျော်ရတတ်သည်ဟု အဟောတွင်လေသည်။
သို့အတွက် ကျမ်းဂန်များ၌ ဆွေစမျိုးတော် သို့နှင့် သော်လျှင် ငွေလျော်စလောက် လက်ရောက်ပုတ်ခတ် ရန်ဖြစ်တတ်စွဟု ဆိုပေသည်။

သို့အတွက်ကြောင့် ဆွေမျိုးသားချင်းများနှင့် ရန်မဖြစ်ရအောင် သည်းခံရပေမည်။
ထိုစနေဂြိုဟ်အရ မိန်းမပျက်၊ မိန်းမပေါ့များနှင့် တွေ့တတ်သည်။
မိန်းမဖြစ်လျှင် လူကြီးသူကြီးတို့ ပြောစကားကို နားမထောင် အပြောခက် အဆိုခက် အတ္တနောမတိ ထင်မိထင်ရာ ပြုလုပ်တတ်သော လူရူးလူမိုက်လူဆိုးများနှင့် အိမ်ထောင်ပြု မှားတတ်သည်ဖြစ်၍ စဥ်းစားဆင်ခြင်ရပါမည်။
အသက် ၅၀ အထိ ညံ့သည်ဟု အဟောရှိ၏။

အသက် ၅၀ ကျော် ၅၂ – နှစ်မှ စ၍ ကြာသပတေး သောမဂြိုဟ်သို့ ဂြိုဟ်စားသောကြောင့်
အသက် ၆၉ – နှစ် အတွင်းအထိ များစွာ ကောင်းစားလိမ့်မည်ဟု အဟော ထွက်လေသည်။

အသက် ၅၀ ကျော်၊ ၅၁ နှစ်မှ စ၍ ကြာသပတေး သောမဂြိုဟ် စားသောကြောင့်၊ မွေးနံ တနင်္လာနှင့် ကြာသပတေးဂြိုဟ်သည် ဂမ္ဘေဟူသော ဓာတ်ဂြိုဟ်၊ သောမဂြိုဟ်၊ ဂဟပတိဂြိုဟ်များ ဖြစ်သောကြောင့် အလွန်တရာပင် ကောင်းလေသည်။

ထို့ကြောင့် စီးပွားချမ်းသာ၊ ရတနာ ရွှေ ငွေ၊ ဆန်ရေစပါး၊ ပေါများကြွယ်ဝ၍ လောက၌ ဂုဏ်မညှိုးအောင် ဟိုးဟိုးတောက် ကောင်းစားလိမ့်မည်ဟု အဟောထွက်၏။
ထို့ပြင် ကုသိုလ်ကောင်းမှု၊ ဇရပ်၊ တန်ဆောင်းများ၊ လှူဒါန်းရလိမ့်မည်။
ဘိုးဘွား ဘီဘင်က လှူဒါန်းထားခဲ့သော ဇရပ်၊ တန်ဆောင်း၊ ကျောင်း၊ ဘုရားများ၊ အသစ်ထပ်မံပြုပြင် လှူဒါန်းခြင်း ပြုရမည်။ ကုသိုလ် ဟောင်းသစ် ပြုရပေလိမ့်မည်။
အထက်လူကြီးများ မ.စ သောကြောင့် ရွာသူကြီး၊ မြို့သူကြီး၊ သြဇာ အာဏာ ကြီးမားနိုင်သည်။

အခြေလေးချောင်များစွာ တိုးတက်ပွားများလိမ့်မည်။
သို့ကြောင့် ရှေးကျမ်းဂန်များ၌ ဂြိုဟ်မြတ်ဇီဝါ စားသောခါမူ ရာဇာပူဇော် ထင်ပေါ်သတင်း၊ လယ်ခင်း ချောင်းယာ မြို့ကျေးရွာနှင့် ဖြူစွာ ဝတ်စား လာဘ်များပြီးဟု ခြေလေးခုလည်း လုလုမကြာ နောက်ကလာအံ့ဟု ဟောဆိုလေသည်။

အသက် ၆၉ – နှစ် အတွင်းတွင် အသက် ၅၃၊ ၅၇၊ ၅၉ စသော အသက်များ၌ စုတ်လာဘ် အလွန်အားကြီး၍ ပိုမိုကောင်းသော နှစ်များဟု မှတ်လေ။
အသက် ၆၉ – နှစ်မှ ကျော်လျှင် ၇၀ မှ စ၍ ၈၁ နှစ်အတွင်း ရာဟု ပါပဂြိုဟ် စားသောကြောင့် အသက် ၈၁ – နှစ်အတွင်း လေနာ၊ ရင်နာ၊ ဝမ်းနာတရေး အထူးထပ်၍ ဥပဒ်ပေးမည်ဟု အဟောထွက်ပေသည်။

ထို ရာဟုဂြိုဟ်မှ ကုသိုလ်အလျောက် လွတ်လာလျှင် သောကြာ သောမဂြိုဟ် စားသောကြောင့် အသက် တစ်ရာကျော်အောင် ကောင်းစားလိမ့်မည်ဟု ဟောဆို ရပေမည်။
ဤအဟောစုများမှာ နေ့အရ ဂြိုဟ်စား ဂြိုဟ်အိပ် သဘော သက်ရောက် သဘောများ ညှပ်ကာ ဟောပြောမှု ပြုရာ ဖြစ်သောကြောင့် မူလ မဟာဘုတ်အရ အောက်တန်း၊ အထက်တန်း မိတ်ရန်မည်သို့ ရှိသည်ကို ထောက်ချင့်၍ ဟောပြောရမည် ဖြစ်ကြောင်း သတိပြုလေ။ ဤကား အမှာ။

ရေးသားသူ – ညွန့်လွင်(စက်မှုတက္ကသိုလ်)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။