ဘိလပ်မြေနဲ့ အုတ်မပါဘဲ ဂေဟစနစ်နဲ့ကိုက်ညီတဲ့အိမ်ကို ဆောက်ထားတဲ့ ဇနီးမောင်နှံ

International News
ဘိလပ်မြေနဲ့ အုတ်မပါဘဲ ဂေဟစနစ်နဲ့ကိုက်ညီတဲ့အိမ်ကို ဆောက်ထားတဲ့ ဇနီးမောင်နှံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘိလပ်မြေနဲ့ အုတ်မပါဘဲ ဂေဟစနစ်နဲ့ကိုက်ညီတဲ့အိမ်ကို ဆောက်ထားတဲ့ ဇနီးမောင်နှံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘိလပ်မြေနဲ့ အုတ်မပါဘဲ ဂေဟစနစ်နဲ့ကိုက်ညီတဲ့အိမ်ကို ဆောက်ထားတဲ့ဇနီးမောင်နှံ

သန့်ရှင်းပြီး စိမ်းလန်းတဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်တဲ့ လူတွေအတွက် ဂေဟစနစ်နဲ့ ကိုက်ညီတဲ့ အိမ်တွေက တဖြည်းဖြည်းနဲ့ ခေတ်ရေစီးကြောင်းတစ်ခုဖြစ်လာနေပါတယ်။ ဒီဇနီးမောင်နှံကလည်း အဆင်မြင့်မြင့်နဲ့ သက်တောင့်သက်သာရှိတဲ့ နေထိုင်မှုကို ရွေးချယ်မယ့်အစား ကျေးလက်ဒေသမှာ ဂေဟစနစ်နဲ့ကိုက်ညီတဲ့အိမ်ကို ဆောက်ပြီး နေထိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။

ရေရှည်အတွက် ဂေဟစနစ်နဲ့ကိုက်ညီတဲ့အိမ်ကို ဖန်တီးဆောက်လုပ်ခဲ့တဲ့ ဇနီးမောင်နှံက မြို့ပြအင်ဂျင်နီယာ အာရှီချ် ပန်ဒါနဲ့ သူ့ဇနီး Software Developer မက်ဟူလီကာတို့ပါ။ အုတ်မြစ်ကစပြီး အတွင်းပိုင်းအထိ အိမ်ရှိအရာအားလုံးက ဂေဟစနစ်နဲ့ ကိုက်ညီပါတယ်။ သူတို့စုံတွဲဟာ သူတို့ရဲ့အိပ်မက်အိမ်ကြီးကို ဆောက်လုပ်ဖို့အတွက် Balwada ကျောက်ခဲ၊ ကျောက်ပြား၊ Ghughra ကျောက်ခဲ၊ ထုံးတွေအပါအဝင် ဒေသတွင်းအရင်းအမြစ်တွေကို အသုံးပြုခဲ့တာပါ။

ကျောက်ခဲတွေက အိမ်ရဲ့နံရံတွေဆောက်လုပ်ဖို့အတွက်ဖြစ်ပြီး ထုံးကို မဆလာ၊ အင်္ဂတေလုပ်တာနဲ့ အမိုးအကာအောက်ခံကျောက်အတွက် အသုံးပြုတာပါ။ ဘိလပ်မြေအစား ကျောက်ပြားတွေကို လှေကားထစ်၊ အမိုးနဲ့ လသာဆောင်တွေ တည်ဆောက်ဖို့အတွက် အသုံးပြုခဲ့ပါတယ်။

ရာဇဌာန်ပြည်နယ်က ရှေးဟောင်းနန်းတော်တွေ၊ အဆောက်အဦးကြီးတွေ၊ အိမ်တွေအားလုံးက ကျောက်၊ ထုံး (သို့) ရွှံ့နဲ့ ဆောက်လုပ်ထားကြပြီး ဘိလပ်မြေ၊ စတီးတွေနဲ့ ပြုလုပ်ထားတဲ့ အမိုးတွေမရှိကြပေမဲ့ နှစ်ပေါင်းများစွာ ကြာရှည်ခံနေတာကို သူတို့ဇနီးမောင်နှံ သတိထားမိခဲ့တာပါ။ ဒါကြောင့် သူတို့က ရေရှည်ခံတဲ့အိမ်တစ်လုံးကို ဖန်တီးခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။