အလုပ်ကို ၃ နာရီကြာ စက်ဘီးစီးသွားရတဲ့ စားပွဲထိုးအမျိုးသားက ရက်ရောပြီးကြင်နာတတ်တဲ့လူတွေကြောင့် ကားပိုင်ဆိုင်ခဲ့ရ

International News
အလုပ်ကို ၃ နာရီကြာ စက်ဘီးစီးသွားရတဲ့ စားပွဲထိုးအမျိုးသားက ရက်ရောပြီးကြင်နာတတ်တဲ့လူတွေကြောင့် ကားပိုင်ဆိုင်ခဲ့ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အလုပ်ကို ၃ နာရီကြာ စက်ဘီးစီးသွားရတဲ့ စားပွဲထိုးအမျိုးသားက ရက်ရောပြီးကြင်နာတတ်တဲ့လူတွေကြောင့် ကားပိုင်ဆိုင်ခဲ့ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အလုပ်ကို ၃ နာရီကြာ စက်ဘီးစီးသွားရတဲ့ စားပွဲထိုးအမျိုးသားက ရက်ရောပြီးကြင်နာတတ်တဲ့လူတွေကြောင့် ကားပိုင်ဆိုင်ခဲ့ရ

ဆမ်ဆန် အာဒမ်အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ သူ့အိမ်နဲ့ မိုင် ၃၀ ဝေးတဲ့ Texas Roadhouse စားသောက်ဆိုင်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်ပြီး သူ့မိသားစုကို ရှာကျွေးနေတာပါ။ သူ့ရဲ့အလုပ်ကို ၃ နာရီကြာ စက်ဘီးစီးပြီးသွားရပါတယ်။ သူ အဲ့အလုပ်မှာ လုပ်နေတာ ၁ လကြာပါပြီ။ အလုပ်မှာ ဆမ်ဆန် ပင်ပန်းနေတာကို Texas Roadhouse community ambassador ဂျိုလ်လီ လောင်နဲ့ သူ့ခင်ပွန်း အာရန်တို့ သတိပြုမိခဲ့တယ်။

ဆမ်ဆန်ကို တစ်ခုခုဖြစ်လို့လားမေးတော့မှ သူ့ရဲ့အကြောင်းကို သိခဲ့ရတာပါ။ ဂျိုလ်လီက ဆမ်ဆန်ရဲ့အကြောင်းကို ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့ပြီး GoFundMe ကမ်ပိန်းကို လုပ်ခဲ့ပါတယ်။ “အလုပ်ကို ၃ နာရီကြာ စက်ဘီးစီးသွားရတဲ့ ဒီဝန်ထမ်းလေးကို သူ့မိသားစုအတွက် ကားတစ်စီးရအောင် ကျေးဇူးပြုပြီး ကူညီပေးကြပါ။ ဒါက သူတို့ရဲ့အနာဂတ်ကို တကယ်ပြောင်းလဲပေးပါလိမ့်မယ်”လို့ GoFundMe ပေ့ချ်မှာ ရေးသားထားပါတယ်။ ဆမ်ဆန်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ စားသောက်ဆိုင်လာစားတဲ့သူတွေက သူ့အကြောင်းသိသွားကြပြီး သူ့အတွက် လှူဒါန်းပေးဖို့ လုပ်ခဲ့ကြပါတယ်။

ဂျိုလ်လီက ဆမ်ဆန်အတွက် ဒေါ်လာ ၈၀၀ တန်ကားတစ်စီးရှာတွေ့ထားတာကြောင့် ကားအာမခံနဲ့ ဂက်စ်အတွက် အပါအဝင် ရန်ပုံငွေ ဒေါ်လာ ၁၀၀၀ ရှာဖို့ လုပ်ခဲ့တာပါ။ တစ်ညတည်းနဲ့ ဒေါ်လာ ၁၀၀၀ ပြည့်သွားတဲ့အပြင် သတ်မှတ်ထားတဲ့ပမာဏထက်ပိုပြီး ဒေါ်လာ ၆၂၉၅ ရရှိခဲ့တာပါ။ ကျန်တဲ့ငွေတွေကို အလုပ်နဲ့အရမ်းမဝေးတဲ့ တိုက်ခန်းမှာ ဆမ်ဆန်တို့မိသားစု ပြောင်းနေဖို့ ကူညီရာမှာ အသုံးပြုသွားမှာပါ။ အခုဆို ဆမ်ဆန်က စက်ဘီးနဲ့ ၃ နာရီကြာခရီးကို ကားနဲ့ မိနစ် ၃၀ ပဲ အချိန်ယူရပါတော့တယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။