အမှန်တကယ်ဖိုက်တင်လေ့ကျင့်နေတဲ့ Tesla နဲ့ Twitter ပိုင်ရှင် Elon Musk

Celebrity International News
အမှန်တကယ်ဖိုက်တင်လေ့ကျင့်နေတဲ့ Tesla နဲ့ Twitter ပိုင်ရှင် Elon Musk

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမှန်တကယ်ဖိုက်တင်လေ့ကျင့်နေတဲ့ Tesla နဲ့ Twitter ပိုင်ရှင် Elon Musk ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမှန်တကယ်ဖိုက်တင်လေ့ကျင့်နေတဲ့ Tesla နဲ့ Twitter ပိုင်ရှင် Elon Musk

Twitter ပိုင်ရှင် Elon Musk နဲ့ Facebook ပိုင်ရှင် Mark Zukerberg တို့ကြားက လေလှိုင်းစကားစစ်ထိုးပွဲဟာ အမှန်တကယ်ကြိုးဝိုင်းစိန်ခေါ်ပွဲဆီကိုပြောင်းလဲလာနေသယောင်ဖြစ်လာနေပါတယ်။

Elon Musk နဲ့ Mark Zukerberg တို့ ကြိုးဝိုင်းထဲမှာ အမှန်တကယ်လက်ဝှေ့ထိုးမထိုးကိုတော့ တရားဝင်အတည်မပြုနိုင်သေးပေမယ့် Elon Musk ကတော့ ဖိုက်တင်လေ့ကျင့်မှုတွေကိုပြုလုပ်နေပြီဖြစ်ပါတယ်။

MIT သုတေသနပညာရှင်တစ်ယောက်ဖြစ်တဲ့ Lex Fridman ဟာ Elon Musk ဟာ ၎င်းနဲ့အတူ ကိုယ်ခံပညာရပ်ကိုလေ့ကျင့်နေကြောင်း Twitter ကနေတစ်ဆင့်ဖော်ပြလာပါတယ်။ အဆိုပါ Twitter Post မှာ Lex Fridman Elon Musk နဲ့ လက်တန်းလေ့ကျင့်ကြရာမှာ ၎င်းအနေနဲ့ Elon Musk ရဲ့ ခွန်အားဗလနဲ့စွမ်းရည်အပေါ်အထင်ကြီးမိကြောင်း၊ Elon Musk ရဲ့ ကိုယ်ခံပညာလေ့ကျင့်မှုဟာ အတုယူဖွယ်ရာရှိပြီး ကြိုးဝိုင်းတွင်းမှာမထိုးကြိတ်ကြပဲ ကိုယ်ခံပညာရပ်ကိုသာလေ့ကျင့်ကြမယ်ဆိုရင် ကမ္ဘာကြီးက ပိုမိုလုံခြုံသွားနိုင်ကြောင်း ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း Mark Zukerberg ဟာ ဂျူဂျစ်ဆုကိုယ်ခံပညာရပ်ကိုလေ့လာနေတာဖြစ်ပါတယ်။

ဒီလိုနည်းပညာကုမ္ပဏီစီအီးအိုနှစ်ယောက်ရဲ့ ဆိုရှယ်မီဒီယာပေါ်က စကားစစ်ထိုးမှုဟာ Twitter ကနေ အလုပ်ထုတ်ခံလိုက်ရတဲ့ဝန်ထမ်းဟောင်းတွေက Anti-Twitter app တစ်ခုကို Meta ကုမ္ပဏီနဲ့ပူးပေါင်းစမ်းသပ်နေကြတာကနေ အစပြုလာတာဖြစ်ပြီး စီအီးအိုနှစ်ယောက် အားပြိုင်မှုတွေကိုစတင်လာစေတာဖြစ်ကြောင်း အင်တာနက်သတင်းများအရ သိရပါတယ်။

Elon Musk ရဲ့ ဖခင်ဖြစ်သူ Errol Musk ဘက်ကတော့ Mark Zukerberg နဲ့ Elon Musk သာ အမှန်တကယ် လက်ဝှေ့ထိုးကြမယ်ဆိုရင် အနိုင်ရောအရှုံးမှာပါ Elon Musk ကို ဆိုးကျိုးများသာဖြစ်စေနိုင်ကြောင်း The Sun သတင်းစာနဲ့အင်တာဗျူးတစ်ခုမှာ အခုလိုပြောလာပါတယ်။

“ကိစ္စကတော့ ဒီပွဲသာတကယ်ဖြစ်သွားရင် အဲဒီပွဲမှာ Elon Musk နိုင်သွားရင် အနိုင်ကျင့်တယ်ဆိုပြီးအပြောခံရမှာပဲ၊ သူကအရပ်ရှည်ပြီးလူကောင်ကြီးတယ်လေ။ တကယ်လို့ Elon Musk ရှုံးသွားရင်လည်း အရှက်ကွဲမှာပဲ။ Elon က နိုင်ရင်လည်းသူရှုံးတယ်၊ ရှုံးသွားရင်လည်းရှုံးတာပါပဲ။”

အွန်လိုင်းပေါ်က ဆိုရှယ်မီဒီယာကြီးနှစ်ခုရဲ့ ပိုင်ရှင်နှစ်ဦးရဲ့စကားစစ်ထိုးပွဲဟာ လူစိတ်ဝင်စားမှုကိုပိုမိုရရှိစေလာနေတာကတော့အမှန်ပါပဲ။

ရေးသားသူ –Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။