လူမျိုးရေးခွဲခြားတဲ့ဝေဖန်မှုတွေကြောင့် James Bond မဖြစ်ချင်တော့တဲ့ Idris Elba

Celebrity International News
လူမျိုးရေးခွဲခြားတဲ့ဝေဖန်မှုတွေကြောင့် James Bond မဖြစ်ချင်တော့တဲ့ Idris Elba

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူမျိုးရေးခွဲခြားတဲ့ဝေဖန်မှုတွေကြောင့် James Bond မဖြစ်ချင်တော့တဲ့ Idris Elba ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လူမျိုးရေးခွဲခြားတဲ့ဝေဖန်မှုတွေကြောင့် James Bond မဖြစ်ချင်တော့တဲ့ Idris Elba

သရုပ်ဆောင် Idris Elba ဟာ James Bond အသစ်အဖြစ် မကြာခဏ fan-cast ပြုလုပ်ခံရပေမယ့်လည်း လူမျိုးရေးဆန်တဲ့ဝေဖန်မှုတွေကြောင့် James Bond ဇာတ်ကောင်အပေါ် စိတ်ဝင်စားမှုမရှိတော့ဘူးလို့ ဆိုပါတယ်။

James Bond ဇာတ်ကောင်အတွက် Idris Elba ကို ပရိသတ်တွေကသတ်မှတ်တဲ့အခါမှာ တချို့ဟာ Idris Elba အပေါ် လူမျိုးရေးခွဲခြားမှုဆန်တဲ့ဝေဖန်မှုတွေပြုလုပ်ခဲ့ကြသလို ၂၀၁၅ တုန်းကလည်း စာရေးဆရာ Anthony Horowitz ဟာလည်း Idris Elba သာ James Bond ဖြစ်လာမယ်ဆိုရင် လမ်းဘေးဆန်လွန်းတယ် လို့ ဝေဖန်ခဲ့ပါသေးတယ်။

Idris Elba ဟာ လူမျိုးရေးခွဲခြားမှုတွေကြောင့် James Bond အဖြစ် သရုပ်ဆောင်ဖို့ကိုစိတ်မဝင်စားတော့ကြောင်း SmartLess podcast အစီအစဥ်မှာ ပြောပြလာတာပါ။
“အထူးသဖြင့် ဒီစိတ်ကူး(Idris Elba အား James Bond အဖြစ် ရွေးချယ်ခြင်း)နဲ့ပတ်သက်ပြီး တချို့နေရာတွေကလွဲလို့ ကမ္ဘာ့နေရာပေါင်းစုံကနေ ချီးကျူးကြတာတွေရှိတယ်။ မကြိုက်ကြတဲ့လူတွေကတော့ ဒီစိတ်ကူးကို ရွံစရာကောင်းတယ်လို့ပြောကြတယ်၊ တဖြေး​ဖြေးနဲ့လူမျိုးရေးဆန်လာတယ်။ အဓိပ္ပာယ်မရှိတာတွေဖြစ်လာပြီး ကျွန်တော်ကတော့ဒီစိတ်ကူးကိုခေါက်ထားလိုက်တယ်။”

James Bond ဇာတ်ကောင်နဲ့ပတ်သက်ပြီး Idris Elba နဲ့ လိုက်ဖက်မှုမရှိဘူးဆိုပြီး ထောက်ပြဝေဖန်မှုတွေရှိပေမယ့် ဝေဖန်မှုအချို့မှာတော့ လူမျိုးရေးဆန်တဲ့ဝေဖန်မှုတွေပါဝင်နေတာကိုတွေ့ရပါတယ်။

လက်ရှိမှာ Idris Elba ဟာ Apple TV+ ရဲ့ Hijack ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီကနေ့မှာစတင်ပြသနေပြီဖြစ်ပါတယ်။Daniel Craig ရဲ့ James Bond အပြီး နောက်ထပ် James Bond အသစ်ကို ရွေးချယ်အတည်ပြုရခြင်းမရှိသေးလို James Bond အသစ်ရွေးချယ်မှုဟာလည်း ကာလတစ်ခုအထိအချိန်ယူရဖွယ်ရှိပါတယ်။

ရေးသားသူ –Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။