လက်ခလယ်အောက်ကဒေါင်လိုက်မျဥ်းအမှတ်အသားအကြောင်း….

Astrology
လက်ခလယ်အောက်ကဒေါင်လိုက်မျဥ်းအမှတ်အသားအကြောင်း….

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လက်ခလယ်အောက်ကဒေါင်လိုက်မျဥ်းအမှတ်အသားအကြောင်း…. ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လက်ခလယ်အောက်ကဒေါင်လိုက်မျဥ်းအမှတ်အသားအကြောင်း….

ဒီလိုမျိုးအမှတ်အသားပါသူတွေအတွက်လက်ပုံဖြင့်မျှဝေပေးပါတယ်..ဘယ်ညာကြည့်ရှုစစ်ဆေးကြပါ..

လက်ခလယ်အောက်ဘေးနားကနေထွက်လာတဲ့ဒေါင်လိုက်မျဥ်းဟာ ကြာသပတေးဂြိုဟ်ခုံကို ဦးတည်ထွက်လာရင် ဒီအမှတ်အသားဟာ ကောင်းတယ်..ဘယ်လိုမျိုးကောင်းမလဲဆိုတော့…ကိုယ့်ရဲ့ရည်မှန်းချက်တွေအကောင်အထည်ဖော်နိုင်မယ်..ထူးခြားတဲ့အောင်မြင်မှုတွေကိုလက္ခဏာရှင်ကရရှိလိမ့်မယ်..နာမည်ဂုဏ်သတင်းကျော်ကြားလိမ့်မည်..ငွေကြေးအပိုင်းမှာ ထင်ထားတာထက်ပိုရရှိနိုင်တယ်…ငွေကြေးပိုင်းအားသာမှုကောင်းတယ်…

ကိုယ့်ရဲ့ဥာဏ်ပညာနဲ့ပတ်သက်ပြီးလက္ခဏာရှင်ကိုလူသိများတတ်တယ်..မိတ်ဆွေ အပေါင်းအသင်းများတတ်တယ်…ကိုယ့်ရဲ့ကြိုးစားမှုနဲ့ အောင်မြင်တိုးတက်မယ်လို့ပြပါတယ်…စသဖြင့်အကျိုးရှိနေပါတယ်..အဓိက ကတော့ နာမည်ကျော်ကြားမှုနဲ့မိတ်ဆွေအပေါင်းအသင်းကပိုအားသာစေတယ်..

လက္ခဏာကိုလေ့လာသူများနဲ့ဝါသနာရှင်များအဓိကလေ့လာနိုင်ဖို့အသေးစိတ်မျှဝေချင်ပါ..

မိတ်ဆွေတို့ကိုနားလည်စေချင်တဲ့စေတနာနဲ့ပါ..စာရှည်သွားရင်နားလည်ပေးကြပါ..

(မှတ်ချက်) ဒီလိုအမှတ်အသားမျိုးပါနေရင်တူညီနေလား..ဟုတ်လားဆိုတာကြည့်ပြီးစစ်ဆေးကြပါ
အမှတ်အသားတူမှအကျိုးရရှိမှာပါ..နောက်ပြီး အားကောင်းဖို့လဲလိုပါတယ်..
ခုနှစ်ရက်သားသမီးများနဲ့ ကျေးဇူးရှင်များ ကျန်းမာ ၍ ချမ်းသာမှုအပေါင်းနဲ့ပြီးပြည့်စုံအောင်နေထိုင်နိုင်ကြပါစေ..ကပ်ကြီး သုံး ပါးမှလဲ ကျော်လွှားနိုင်ကြပါစေ..

ရေးသားသူ –Htet Paing Oo

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။